What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပန်းကန်ပြားပျံ ဖက်ရှင်ရှိုး

(Unicode)ဂျာမန် ဖက်ရှင် ဒီဇိုင်နာ Philipp Plein က နယူးယောက် ဖက်ရှင်သီတင်းပတ် ၂၉ဝ၈ ဖေဖော်ဝါရီ ပွဲတော်မှာ

catwalk လျှောက်တာကို ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့ ဘောစတွန် ရေတပ်ကွင်းကျယ်ထဲမှာ ကြီးကြီးကျယ်ကျယ် ကျင်းပတယ်။

ပန်းကန်ပြားပျံ ဖက်ရှင်ရှိုး(zawgyi version) link

ကွင်းထဲမှ နှင်းအတုတွေ ဖွေးဖွေးဖြူနေတယ်။ နောက်ထပ် နှင်းအတုတွေလည်း တဖွဲဖွဲ ကျပေးနေတယ်။ ပွဲစချိန်က တစ်နာရီ နောက်ကျသွားတယ်။ ၁၈ မီတာ ( ပေ၆ဝ) ကန့်လန့်ဖြတ်အချင်းရှိတဲ့ ပန်းကန်ပြားပျံ အာကာသယာဉ်ကြီး ကွင်းထဲ ဆင်းလာတယ်။ ကွင်းထဲမှာ ကြီးမားလှတဲ့ စက်ရုပ်ကြီးက စောင့်ကြိုနေတယ်။ သူ့ကိုယ်ထည်ပေါ်မှာ Philipp Plein ဆိုတဲ့ စာတန်းတွေ ပြည့်နေတယ်။ 

အာကာသထဲကို လျှပ်စစ်ကား Tesla model 3 လွှတ်တင်တာ အဆန်းတကြယ် ဖြစ်နေချိန်၊ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် တစ်သင်းတည်း ဖွဲ့ပြီး ဝင်ပြိုင်ကြတဲ့ ဆောင်းရာသီအိုလံပစ် ကျင်းပနေချိန် အဲဒီနှစ်ခုအကြောင်း သတင်းတွေထဲ ပလူပျံနေတုန်းမှာ Philipp Plein က အဲဒီနှစ်မျိုးကို ပေါင်းစပ်ပြီး အခုလို ကြီးကြီးကျယ်ကျယ် ကျင်းပလိုက်တယ်။
လေဆာမီးရောင်တန်းတွေ ကစားပေးနေချိန် ပန်းကန်ပြားပျံရဲ့ ကုန်းဘောင်တံခါး ပွင့်ကျလာတယ်။ အထဲမှ မိန်းမသားတစ်ဦး ဆင်းလာတယ်။ မီးမောင်းတွေက နောက်ကနေ ထိုးထားတဲ့အပြင် ခေါင်းကိုလည်း စကီးအားကစား ဦးထုပ်မာဆောင်းထားလို့ ဘယ်သူမှန်း ရုတ်တရက် မသိကြရဘူး။

 

pp2
သိလိုက်ကြတဲ့အချိန်မှာတော့ မိန်းမသားဟာ ရုရှားမော်ဒယ် အသက် ၃၂ နှစ် အရွယ်ရှိ မိခင်တစ်ဦးဖြစ်တဲ့ Irina Shayk ဖြစ်နေတယ်။ သူ့ကိုယ်လုံးကိုယ်ထည်ဟာ ဖက်ရှင်ထည်တွေ ဝတ်ဆင်ဖို့ အလွန်သင့်တော်တာမို့ အိမ်တွင်း အဝတ်လှန်းစင် clotheshorse လို့် တင်စား ပြောဆိုကြတယ်။ ရှေ့ကကြည့်ကြည့် နောက်ကကြည့်ကြည့် ကိုယ်လုံးကိုယ်ထည် အပိုအလိုမရှိတဲ့ မော်ဒယ်ကိုယ်လုံးကိုယ်ထည်မျိုး ဖြစ်ပါတယ်။

 

pp0

 

pp4
လည်ပင်းမှ ခြေထောက်အဆုံးအထိ တစ်ထည်တည်းဖြစ်တဲ့ အသားကပ်ဝတ်စုံ ကိုယ်ကျပ်အဝတ်အစားကို ဆင်မြန်းထားလို့ ကိုယ်ခန္ဓာ အချိုးအစားကို အတိအကျ မြင်တွေ့ကြရတယ်။ ရင်ဘတ်မှာ ထောင်လိုက် I love you Philipp Plein. လို့ စာတန်း ထိုးထားတယ်။
မျက်လုံးပြာပြာ အလှရှင်ရဲ့ ဆံကေသာတွေက ပခုံးပေါ် ဝဲကျနေတယ်။ အသင့်စောင့်နေတဲ့ စက်ရုပ်ကြီးက သူ့ဆီကို ရောက်လာပြီး လက်ချင်းချိတ်လိုက်ကြတယ်။ သူတို့ အတူလက်တွဲပြီး catwalk တစ်ပတ် လျှောက်ကြတယ်။

pp01

 

နောက်တော့ မော်ဒယ်တွေ ယာဉ်ပျံကြီးထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လျှောက်ကြတယ်။
ပန်းကန်ပြားပျံကြီးထဲမှ ထွက်လျှောက်ကြတဲ့ မော်ဒယ်တွေရဲ့ ဦးဆောင်သူ Irina Shayk ဟာ ပွဲအပြီး နှုတ်ဆက်ချိန်မှာ Philipp Plein နဲ့အတူ ပရိသတ်ကို လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။

PP1

Shayk ဟာ အထက်တန်းကျောင်း ပြီးတဲ့အခါ beauty school တစ်ခုမှာ အစ်မနဲ့အတူ တက်ရောက်နေစဉ် မော်ဒယ်အေဂျင်စီတစ်ခုမှ တာဝန်ခံတစ်ဦးက သူ့ရဲ့ အလှကို မျက်စိကျပြီး အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ခိုင်းတာ အနိုင်ရတယ်။ နောက်တော့ ရေကူးဝတ်စုံတွေအတွက် မော်ဒယ် ဖြစ်လာခဲ့တယ်။ မော်ဒယ် ကန်ထရိုက်တွေ ရရှိခဲ့တယ်။ ဥရောပဖက်ရှင်ရှိုးတွေမှာ အထူးသဖြင့် စပိန်မှာ နေရာရရှိခဲ့တယ်။ ၂ဝ၁ဝ ဝန်းကျင်လောက်မှာ ရေကူးဝတ်စုံ မော်ဒယ်ကနေ high fashion မော်ဒယ်အဖြစ်ကို ကူးပြောင်းခဲ့တယ်။
relationship တွေကတော့ ပေါ်တူဂီ ဘောသမား Cristiano Ronaldo နဲ့ ၅ နှစ် တွဲခဲ့ဖူးတယ်။ ၂ဝ၁၅ ဇန်နဝါရီမှာ အဆုံးသတ်ခဲ့တယ်။ အဲဒီနှစ်မှာပဲ သရုပ်ဆောင် Bradley Cooper နဲ့ စတွဲဖြစ်တယ်။ ၂ဝ၁၇ ခုနှစ် မတ်လမှာ နယူးယောက်မှာရှိတဲ့ Shayk ရဲ့ အိမ်ခန်းကို Cooper ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် (၂ဝ၁၇ ခုနှစ်) မတ်လမှာ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။

Read 976 times
Rate this item
(0 votes)