What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ႏုိဒယ္ ရွာပုံေတာ္ နိုဒယ် ရှာပုံတော်

(zaw+uni)Mike Eckhaus နဲ႔ Zoe Latta တုိ႔ရဲ႕ Eckhaus Latta ဖက္ရွင္ brand အတြက္ ႐ႈိးေလွ်ာက္မယ့္သူေတြကုိ သ႐ုပ္ေဆာင္ရန္ လူေရြးျခင္း ဒါ႐ုိက္တာ(casting director) ရစ္ခ်ယ္ ခ်န္ဒလာက ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလဆန္းပုိင္းက က်င္းပခဲ့တဲ့ နယူးေယာက္ ဖက္ရွင္ သီတင္းပတ္ ၂ဝ၁၈ အတြက္ လူေရြးခဲ့တဲ့ အေတြ႕အႀကံဳကုိ ျပန္ေျပာျပခဲ့တာကုိ မူရင္းေဆာင္းပါးရွင္ Carrie Battan က ေရးသားတင္ျပထားတယ္။

လူေရြးပြဲ က်င္းပတဲ့ေနရာက တရုတ္တန္းမွာ ရွိတဲ့ အေဆာက္အဦတစ္ခုရဲ႕ ေျမေအာက္ထပ္မွာ ျဖစ္ပါတယ္။ အေရြးခံဖုိ႔ လာၾကတဲ့သူေတြ ပန္းႏုေရာင္ ဆံေကသာနဲ႔ အမ်ဳိးသမီးေတြလည္း ပါတယ္။ ေက်ာျပင္တစ္ခုလုံး တက္တူးထုိးထားတဲ့ အမ်ဳိးသားေတြလည္း ပါတယ္။ ထရန္႔စ္ဂ်န္းဒါးေမာ္ဒယ္ေတြလည္း ပါတယ္။ အရပ္ ဆုိးဆုိးဝါးဝါး မျမင့္တဲ့သူေတြလည္း ပါတယ္။ plus-size ေတြလည္း ပါတယ္။ ဓာတ္ပုံေတြကုိ ၾကည့္႐ႈၿပီးတဲ့အခါ ရစ္ခ်ယ္ ခ်န္ဒလာက မ်က္ျမင္ၾကည့္႐ႈဖုိ႔ ဆင့္ေခၚထားလုိ႔ တခ်ဳိ႕ ေရာက္လာၾကတယ္။
ကုိယ္ခႏၶာက ကလန္ကလား ဆံပင္တုိနံ႔နံ႔နဲ႔ အမ်ဳိးသမီး အာဖရိကေသြးပါသူက ေမာ္ဒယ္တစ္ဦး ျဖစ္ေၾကာင္း ေဖာ္ျပထားတဲ့ သူ႔ရဲ႕ လိပ္စာကတ္ကုိ ထုတ္ေပးတယ္။
သူက ေလသံေအးေအးေလးနဲ႔ ေျပာဆုိတယ္။ ခ်န္ဒလာက ေမးလုိက္တယ္။
‘‘ရွင္က ဘယ္ကလာတာလဲ’’
ခ်န္ဒလာက အသက္ ၃ဝ ႏွစ္ ရွိၿပီ။ ပထမဆုံးကေလးကုိ ဖြားျမင္ထားတာ လပုိင္းပဲ ရွိေသးတဲ့ မိခင္အသစ္။ ရင္ဘတ္မွာ စာတန္းပါတဲ့ တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီကုိ ဝတ္ထားတယ္။
လိပ္စာကတ္ျပားေပးတဲ့ အမ်ဳိးသမီးက တုိတုိျပတ္ျပတ္ ေျဖတယ္။ ‘‘ပနားမား’’
ပနားမားႏုိင္ငံမွ ေမာ္ဒယ္အျဖစ္ ႐ႈိးပြဲေလွ်ာက္တဲ့သူ ခ်န္ဒလာ မႀကံဳဖူးေသး။ ‘‘ဟုတ္လား။ ပနားမားမွ ေမာ္ဒယ္ ဟုတ္လား။ က်မ တစ္ခါမွ မၾကားဖူးဘူး’’
လုိ႔ သူက လိပ္စာကတ္ျပားကုိ ငုံ႔ၾကည့္ရင္း ေျပာလုိက္တယ္။

ဒီအလုပ္ လုပ္လာတာ ႏွစ္ႏွစ္ေက်ာ္ၿပီ။ ခ်န္ဒလာနဲ႔အတူတြဲၿပီး စီးပြားဖက္အျဖစ္ ေဝါလ္တာ ပီယာ့စ္တုိ႔ မစ္လန္းဆုိတဲ့ ေအဂ်င္စီကုိ ထူေထာင္ခဲ့ၾကတယ္။ ပီယာ့စ္က အသက္ ၂၂ ႏွစ္ပဲ ရွိေသးတယ္။ သူတုိ႔အလုပ္က ဖက္ရွင္႐ိႈးေတြအတြက္ လူရွာေပးတယ္။ ေၾကာ္ျငာကမ္ပိန္းေတြအတြက္လည္း လူရွာေပးတယ္။ ကံက ကူတယ္။ သူတုိ႔ဆီ အလုပ္အပ္ၾကတဲ့ လုပ္ငန္းႀကီးေတြထဲမွာ Adidas, Gucci, Barneys, တုိ႔ ပါတယ္။ မၾကာခင္ ရက္ပုိင္းမွာ က်င္းပေတာ့မယ့္ နယူးေယာက္ ဖက္ရွင္ သီတင္းပတ္ ၂ဝ၁၈ အတြက္ Eckhaus Latta ရဲ႕ ဖက္ရွင္႐ႈိးပြဲအတြက္ လူရွာေပးဖုိ႔ အလုပ္ရထားလုိ႔ အခု လူရွာေနၾကတယ္။ ေမာ္ဒယ္အျဖစ္ လုပ္ကုိင္ေနၾကသူေတြထဲမွာ တစ္ခုဖူးမွ ေမာ္ဒယ္လည္း မလုပ္ဖူးေသး၊ ႐ႈိးပြဲလည္း မေလွ်ာက္ဖူးေသးတဲ့ ႏုိဒယ္ “nodel” ေတြကုိ ေရာထည့္ၿပီး လႊတ္ခ်င္လုိ႔ သူတုိ႔ကုိ ႏုိဒယ္ အရွာခုိင္းထားတာ ျဖစ္ပါတယ္။ ဖက္ရွင္ေလာကမွာ ႐ႈိးပြဲမွာ ေမာ္ဒယ္ မေလွ်ာက္ဖူးေသးတဲ့ အစိမ္းသက္သက္ေတြကုိ “nodel” လုိ႔ ေခၚၾကတယ္။ model မွာ m ကုိ n နဲ႔ ေျပာင္းၿပီး ႏုိဒယ္လုိ႔ ေခၚၾကတယ္။ no ဆုိတဲ့ စာလုံးကုိ no model လုိ႔ မသုံးဘဲ တစ္လုံးတည္း ေပါင္းစပ္ၿပီး “nodel” လုိ႔ ေခၚၾကတာ။
ေမာ္ဒယ္က ရွာရတာ လြယ္တယ္။ သူ႔အဆက္အသြယ္နဲ႔သူ ရွိထားၿပီးသားေတြဆုိေတာ့ ဖုန္းဆက္လုိက္ရင္ ကိစၥၿပီးတယ္။ ႏုိဒယ္က်ေတာ့ ဓာတ္ပုံေတာင္းၾကည့္၊ သေဘာက်ရင္ လူကုိ ေခၚၿပီး ၾကည့္။ ၿပီးမွ သုံးမသုံး ဆုံးျဖတ္ၾကရတယ္။ ႏုိဒယ္မွာ ေမာ္ဒယ္လုိ ဘယ္လုိလုပ္ၿပီး အဆက္အသြယ္ ရွိမလဲ။ ဒီေတာ့ ခ်န္ဒလာက အသိမိတ္ေဆြေတြ၊ ဒီဇုိင္နာေတြကုိ ကမ္းလွမ္းရတယ္။ အခုလုိ လူေခၚၿပီး ၾကည့္တာမ်ဳိးလည္း လုပ္တယ္။
လမ္းမွာ သြားရင္းလာရင္း ေတြ႕တဲ့သူကုိ ႐ိႈးေလွ်ာက္ဖုိ႔ ကမ္းလွမ္းရတာမ်ဳိးလည္း လုပ္တယ္။ အသိထဲမွာ လုပ္ခ်င္တဲ့သူ ရွိရင္လည္း ဒီကုိ ဆက္သြယ္ပါဆုိၿပီး ဖုန္းနံပါတ္ေပးၿပီး လူရွာရတယ္။
မႏွစ္တုန္းက သူ႔အသိတစ္ေယာက္ ေလွ်ာက္လမ္းမွာ ထြက္ေလွ်ာက္ခဲ့တယ္။ Eckhaus Latta ရဲ႕ ရိႈးပြဲမွာ။ ဗုိက္ဖုံးအက်ႌနဲ႔ ေလွ်ာက္ရတာ။ ဗုိက္ပူပူေနရာမွာ ၾကယ္သီးတပ္ရင္ က်ပ္ေနသလုိ ခံစားရလုိ႔ ၾကယ္စီး မတပ္ဘဲ ေလွ်ာက္တယ္။ ကုိယ္ဝန္ ဗုိက္ႀကီး ေပၚၿပီး ေလွ်ာက္လုိ႔ သတင္း ျဖစ္သြားတယ္။ ကုိယ္ဝန္ေဆာင္ေမာ္ဒယ္ ႐ိႈးေလွ်ာက္တာ အရင္က ရွိခဲ့ဖူးေပမဲ့ အခုလုိ ဗုိက္ေပၚၿပီး ေလွ်ာက္တာ ကမၻာမွာ ပထမဆုံးဆုိၿပီး သတင္းေတြ ေရးၾကတယ္။
တစ္ခါမွာေတာ့ လူမရလုိ႔ သူ႔လက္ေထာက္ကုိ ေၾကာျ္ငာကမ္ပိန္းမွာ သုံးလုိက္ရတယ္။ သူ႔အသိ ကေလးကုိ အခ်ိန္ပုိင္း လာၾကည့္ေပးတဲ့ ကေလးထိန္းကုိလည္း သုံးဖူးတယ္။

Mike Eckhaus Zoe Latta01

ေမာ္ဒယ္အျဖစ္ သ႐ုပ္ေဆာင္ၾကတာမွာ တကယ္ နဲ႔ အရမ္းတကယ္ ဆုိတာတုိ႔ၾကားမွာ မ်ဥ္းေၾကာင္း တစ္ေၾကာင္း ရွိေနတယ္။ အခုဟာက တကယ္ ေလာက္ဆုိရင္ ရၿပီ။ မုိက္ အဲကပ္စ္ Mike Eckhaus နဲ႔ ဇုိး လက္တာ Zoe Latta တုိ႔က အဲဒါမ်ဳိးကုိမွ လုိခ်င္တာ။ သူတုိ႔က အသက္ ၃ဝ ႏွစ္ရွိၿပီ။ Rhode Island School of Design မွ ဘြဲ႕ရထားတဲ့သူေတြ။ အခု ဖက္ရွင္ရာသီမွာ ထြင္လုံးေတြအတြက္ ေမာ္ဒယ္မရမွာကုိ စိတ္ပူေနၾကတယ္။ ေအဂ်င္စီတစ္ခ်ဳိ႕က လူေရြးေပးတာ အဆင္မေျပဘူး။ သူတုိ႔ရဲ႕ သုခုမ မူဟန္အေပၚ နားလည္မႈေတြ လြဲေနတယ္။ တက္တူးပရပြနဲ႔ လူေတြ ေရြးေပးတယ္။

အဲကပ္စ္ က သူဝတ္ေနက်စတုိင္လ္ျဖစ္တဲ့ လည္ပင္းတစ္ဝက္အထိ ေကာ္လာလည္ေထာင္ လည္ပင္းအပိတ္ပါတဲ့ လက္ရွည္ဆြယ္တာအက်ႌကုိ ဂ်င္းျပာနဲ႔ တြဲဘက္ၿပီး ဝတ္ထားတယ္။ သူက ေရႊေရာင္ေဖ်ာ့မွာ အျဖဴေတြလည္း ပါေနတဲ့ ဆံေကသာရွင္ သက္လတ္ပုိင္း အမ်ဳိးသမီးတစ္ဦးရဲ႕ ဓာတ္ပုံကုိ ေကာက္ယူၿပီး ၾကည့္႐ႈတယ္။ အမ်ဳိးသမီးရဲ႕ မ်က္လုံးေတြက ျပဴထြက္ေနတာကုိ ၾကည့္ၿပီး လန္႔သြားပုံရတယ္။ ‘‘ႏုိး ႏုိး သူ႔ကုိ ၾကည့္ရတာ မ်က္ျပဴးတဲ့ ငါးနဲ႔ တူေနတယ္’’
ခ်န္ဒလာက ေနာက္တစ္ပုံ ထပ္ျပတယ္။ အမ်ဳိးသမီးက အေတာ္လွတယ္။ ‘‘လွတယ္’’ လုိ႔ ခ်န္ဒလာက ေျပာလုိက္တယ္။ မ်က္ႏွာက လွတယ္။ ဆံပင္ထူထူ အညိဳေရာင္ကုိ အလယ္မွာ ခြဲထားတာက ၾကည့္ရဆုိးေနတယ္။
အက္ကပ္စ္က ‘‘ေခါင္းကုိ ကတုံးတုံးမွ ျဖစ္မယ္’’ လုိ႔ အရႊန္းေဖာက္တယ္။
ခ်န္ဒလာရဲ႕ ဖုန္းက အသံပိတ္ထားလုိ႔ တုန္ခါၿပီး သတင္းဝင္လာေၾကာင္း အသိေပးတယ္။ အဲဒီအခ်ိန္မွာပဲ စႀကႍဘက္မွ လူလာေနသံ ၾကားရတယ္။ ‘‘မီေသးတယ္ မဟုတ္လား’’ လုိ႔ ဝင္လာတဲ့သူက လွမ္းေအာ္ၿပီး ေမးတယ္။ ေလယူေလသိမ္းက ျပင္သစ္ေလသံ ျပည့္ဝေနတယ္။
‘‘သတ္မွတ္ခ်ိန္ကေတာ့ လြန္ေနၿပီ။ ဒါေပမဲ့ ရွင့္ကုိ က်မတုိ႔ ၾကည့္ေပးပါမယ္’’
ႏႈတ္ခမ္းေထာ္ေထာ္ အမ်ဳိးသမီးက ဘုရားသခင္ကုိ ေက်းဇူးေတာ္ တင္လုိက္တယ္။
‘‘Thanks God’’
ဝတ္ထားတဲ့ ဂ်က္ကက္ကုိ ခၽြတ္လုိက္တယ္။ ကသာကေမ်ာ လာခဲ့ပုံရတယ္။ အေမာတေကာ ျဖစ္ေနတာ အသက္႐ွဴတာ မမွန္ေသးဘူး။ သူက ေလအရွဴရပ္ၿပီး ေျပာလုိက္တယ္။ ‘‘က်မအေၾကာင္း ရွင္တုိ႔ သိထားၿပီးသားလား မသိဘူး’’
အဲကပ္စ္ က ‘‘ ဘာ အေၾကာင္းလဲ’’
‘‘က်မက ထရန္႔ဂ်န္းဒါး’’
‘‘ဟုတ္လား’’
‘‘လူေရြးပြဲကုိ လြတ္သြားၿပီ မွတ္တာ။ ရွင္brand ကုိ က်မ အရမ္းႀကိဳက္တယ္’’
သူ႔ကုိ မေရြးျဖစ္ဘူး။ ျပန္လႊတ္လုိက္ၾကတယ္။
အဲကပ္စ္ က ‘‘သူ႔ပုံစံံကုိ ႀကိဳက္တယ္။ ဒါေပမဲ့ မ်က္ႏွာက sexy ျဖစ္လြန္းအား ႀကီးေနတယ္’’ လုိ႔ မွတ္ခ်က္ျပဳတယ္။
လက္တာက အရပ္ျမင့္တယ္။ ေရႊေရာင္ေဖ်ာ့ဆံေကသာနဲ႔ ပါးေလးေတြ နီျမန္းျမန္း။ သူက နံရံကပ္ဘုတ္ျပားမွာ အေရြးခံမယ့္သူေတြရဲ႕ ဓာတ္ပုံေတြကုိ ပင္ထုိ္းၿပီး ေနရာခ်တယ္။ ပုံေတြကုိ လုိက္ၾကည့္တယ္။ ‘‘အျဖဴေတြ မ်ားေနသလားလုိ႔’’ သူက မွတ္ခ်က္ျပဳတယ္။ ခ်န္ဒလာက ပုံေတြကုိ လုိက္ၾကည့္တယ္။ ေအာက္ဖက္နားမွာ လူမည္း အမ်ဳိးသား သုံးေယာက္။ အက်ႌမပါ ကုိယ္ဗလာနဲ႔။ ‘‘အမည္းေတြလည္း ပါပါတယ္’’ လုိ႔ သူက ေျပာလုိက္တယ္။
အဲကပ္စ္ က ‘‘က်ေနာ္ ၾကည့္ရတာေတာ့ မညီမွ်သလုိ ျဖစ္ေနတယ္’’ လုိ႔ ေျပာတယ္။
လက္တာက ‘‘ ေမာ္ဒယ္ဆန္လြန္းေနတယ္။ ႏုိဒယ္ မဆန္ဘူး’’ လုိ႔ ေျပာတယ္။
အဲကပ္စ္ က ‘‘အျပင္ထြက္ရွာမွ ရလိမ့္မယ္။ က်ေနာ္တုိ႔က စတူဒီယုိထဲ ထုိင္ၿပီး ရွာေနၾကတယ္။ အသိေတြထဲမွာလည္း ေခၚသုံးစရာ လူသစ္က မရွိေတာ့ဘူး။ လူကုန္ေနၿပီ’’
သုခုမအႀကံေပး အသက္ ၇ဝ ရွိၿပီျဖစ္တဲ့ သီယာ ဝက္စ္ထရက္ကုိ ျပန္ေခၚသုံးရင္ ေကာင္းမလား သူတုိ႔ တုိင္ပင္ၾကတယ္။ ဖြားဖြား သီယာကုိ အရင္ကလည္း ေခၚသုံးဖူးထားေတာ့ ႏုိဒယ္ေတာ့ မစစ္ေတာ့ဘူး။
လစ္တာက ဓာတ္ပုံေတြ ရွိေနတဲ့ ဘုတ္ျပားမွာ လုိက္ၾကည့္ေနျပန္တယ္။ သူက စိတ္ပ်က္တဲ့ ေလသံနဲ႔ ေျပာတယ္။ ‘‘ဒီမိန္းကေလးေတြက အေတာ္ေခ်ာ အေတာ္လွေတြ ျဖစ္ေနတယ္။ ရြက္ၾကမ္းေရက်ဳိ လုိခ်င္တာ’’
ခ်န္ဒလာက ဓာတ္ပုံတစ္ခုကုိ ထုိးၫႊန္ျပၿပီး ေျပာလုိက္တယ္။ ‘‘ဒီတစ္ေယာက္ မဆုိးလွဘူး’’
လက္တာက ျငင္းတယ္။ ‘‘ခပ္ေတာင့္ေတာင့္၊ ေယာက်္ားဆန္ဆန္ေျဖာင့္ေျဖာင့္ေတာင့္ေတာင့္မ်ဳိး လုိခ်င္တာ’’
ခ်န္ဒလာက ‘‘အဲဒီလုိမ်ဳိးကေတာ့ ေယာက္်ားေလးကေန အမ်ဳိးသမီး ျဖစ္သြားတဲ့ ထရန္႔စ္ေတြထဲက ေရြးမွ ျဖစ္မယ္။ ကုိယ္ခႏၶာက က်ားဆန္ဆန္ ေတာင့္ၿပီးသားေလ’’
အဲကပ္စ္ က ခ်န္ဒလာ ေပးလုိက္တဲ့ အႀကံကုိ သေဘာတူတယ္။ သူက ဓာတ္ပုံေတြကုိ အဲဒီအခ်က္နဲ႔ ျပန္ဆန္းစစ္ၿပီး ၾကည့္တယ္။ ပုံတစ္ပုံကုိ သူက ထုိးၫႊန္းျပတယ္။ ‘‘အဲ့တစ္ေယာက္ မဆုိးဘူး။ ေတာင့္တယ္’’
ခ်န္ဒလာက ေထာက္ခံလုိက္တယ္။ ‘‘သူက ေတာ္တယ္။ သူက ထရန္႔စ္’’
အဲကပ္စ္ က ‘‘ေကာင္းတယ္။ သူက က်မအေၾကာင္း သိလားလုိ႔ အဆန္းလုပ္ၿပီး မေျပာဘူး’’
အဲဒီ အမ်ဳိးသမီးကုိ သူတုိ႔ ႏုိဒယ္အျဖစ္ တညီညႊတ္တည္း ေရြးခ်ယ္လုိက္ၾကတယ္။

Unicode

နိုဒယ် ရှာပုံတော်
==========

Mike Eckhaus နဲ့ Zoe Latta တို့ရဲ့ Eckhaus Latta ဖက်ရှင် brand အတွက် ရှိုးလျှောက်မယ့်သူတွေကို သရုပ်ဆောင်ရန် လူရွေးခြင်း ဒါရိုက်တာ(casting director) ရစ်ချယ် ချန်ဒလာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ကျင်းပခဲ့တဲ့ နယူးယောက် ဖက်ရှင် သီတင်းပတ် ၂ဝ၁၈ အတွက် လူရွေးခဲ့တဲ့ အတွေ့အကြုံကို ပြန်ပြောပြခဲ့တာကို မူရင်းဆောင်းပါးရှင် Carrie Battan က ရေးသားတင်ပြထားတယ်။

လူရွေးပွဲ ကျင်းပတဲ့နေရာက တရုတ်တန်းမှာ ရှိတဲ့ အဆောက်အဦတစ်ခုရဲ့ မြေအောက်ထပ်မှာ ဖြစ်ပါတယ်။ အရွေးခံဖို့ လာကြတဲ့သူတွေ ပန်းနုရောင် ဆံကေသာနဲ့ အမျိုးသမီးတွေလည်း ပါတယ်။ ကျောပြင်တစ်ခုလုံး တက်တူးထိုးထားတဲ့ အမျိုးသားတွေလည်း ပါတယ်။ ထရန့်စ်ဂျန်းဒါးမော်ဒယ်တွေလည်း ပါတယ်။ အရပ် ဆိုးဆိုးဝါးဝါး မမြင့်တဲ့သူတွေလည်း ပါတယ်။ plus-size တွေလည်း ပါတယ်။ ဓာတ်ပုံတွေကို ကြည့်ရှုပြီးတဲ့အခါ ရစ်ချယ် ချန်ဒလာက မျက်မြင်ကြည့်ရှုဖို့ ဆင့်ခေါ်ထားလို့ တချို့ ရောက်လာကြတယ်။
ကိုယ်ခန္ဓာက ကလန်ကလား ဆံပင်တိုနံ့နံ့နဲ့ အမျိုးသမီး အာဖရိကသွေးပါသူက မော်ဒယ်တစ်ဦး ဖြစ်ကြောင်း ဖော်ပြထားတဲ့ သူ့ရဲ့ လိပ်စာကတ်ကို ထုတ်ပေးတယ်။
သူက လေသံအေးအေးလေးနဲ့ ပြောဆိုတယ်။ ချန်ဒလာက မေးလိုက်တယ်။
‘‘ရှင်က ဘယ်ကလာတာလဲ’’
ချန်ဒလာက အသက် ၃ဝ နှစ် ရှိပြီ။ ပထမဆုံးကလေးကို ဖွားမြင်ထားတာ လပိုင်းပဲ ရှိသေးတဲ့ မိခင်အသစ်။ ရင်ဘတ်မှာ စာတန်းပါတဲ့ တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားတယ်။
လိပ်စာကတ်ပြားပေးတဲ့ အမျိုးသမီးက တိုတိုပြတ်ပြတ် ဖြေတယ်။ ‘‘ပနားမား’’
ပနားမားနိုင်ငံမှ မော်ဒယ်အဖြစ် ရှိုးပွဲလျှောက်တဲ့သူ ချန်ဒလာ မကြုံဖူးသေး။ ‘‘ဟုတ်လား။ ပနားမားမှ မော်ဒယ် ဟုတ်လား။ ကျမ တစ်ခါမှ မကြားဖူးဘူး’’
လို့ သူက လိပ်စာကတ်ပြားကို ငုံ့ကြည့်ရင်း ပြောလိုက်တယ်။

ဒီအလုပ် လုပ်လာတာ နှစ်နှစ်ကျော်ပြီ။ ချန်ဒလာနဲ့အတူတွဲပြီး စီးပွားဖက်အဖြစ် ဝေါလ်တာ ပီယာ့စ်တို့ မစ်လန်းဆိုတဲ့ အေဂျင်စီကို ထူထောင်ခဲ့ကြတယ်။ ပီယာ့စ်က အသက် ၂၂ နှစ်ပဲ ရှိသေးတယ်။ သူတို့အလုပ်က ဖက်ရှင်ရှိုးတွေအတွက် လူရှာပေးတယ်။ ကြော်ငြာကမ်ပိန်းတွေအတွက်လည်း လူရှာပေးတယ်။ ကံက ကူတယ်။ သူတို့ဆီ အလုပ်အပ်ကြတဲ့ လုပ်ငန်းကြီးတွေထဲမှာ Adidas, Gucci, Barneys, တို့ ပါတယ်။ မကြာခင် ရက်ပိုင်းမှာ ကျင်းပတော့မယ့် နယူးယောက် ဖက်ရှင် သီတင်းပတ် ၂ဝ၁၈ အတွက် Eckhaus Latta ရဲ့ ဖက်ရှင်ရှိုးပွဲအတွက် လူရှာပေးဖို့ အလုပ်ရထားလို့ အခု လူရှာနကြေတယ်။ မော်ဒယ်အဖြစ် လုပ်ကိုင်နကြေသူတွေထဲမှာ တစ်ခုဖူးမှ မော်ဒယ်လည်း မလုပ်ဖူးသေး၊ ရှိုးပွဲလည်း မလျှောက်ဖူးသေးတဲ့ နိုဒယ် “nodel” တွေကို ရောထည့်ပြီး လွှတ်ချင်လို့ သူတို့ကို နိုဒယ် အရှာခိုင်းထားတာ ဖြစ်ပါတယ်။ ဖက်ရှင်လောကမှာ ရှိုးပွဲမှာ မော်ဒယ် မလျှောက်ဖူးသေးတဲ့ အစိမ်းသက်သက်တွေကို “nodel” လို့ ခေါ်ကြတယ်။ model မှာ m ကို n နဲ့ ပြောင်းပြီး နိုဒယ်လို့ ခေါ်ကြတယ်။ no ဆိုတဲ့ စာလုံးကို no model လို့ မသုံးဘဲ တစ်လုံးတည်း ပေါင်းစပ်ပြီး “nodel” လို့ ခေါ်ကြတာ။
မော်ဒယ်က ရှာရတာ လွယ်တယ်။ သူ့အဆက်အသွယ်နဲ့သူ ရှိထားပြီးသားတွေဆိုတော့ ဖုန်းဆက်လိုက်ရင် ကိစ္စပြီးတယ်။ နိုဒယ်ကျတော့ ဓာတ်ပုံတောင်းကြည့်၊ သဘောကျရင် လူကို ခေါ်ပြီး ကြည့်။ ပြီးမှ သုံးမသုံး ဆုံးဖြတ်ကြရတယ်။ နိုဒယ်မှာ မော်ဒယ်လို ဘယ်လိုလုပ်ပြီး အဆက်အသွယ် ရှိမလဲ။ ဒီတော့ ချန်ဒလာက အသိမိတ်ဆွေတွေ၊ ဒီဇိုင်နာတွေကို ကမ်းလှမ်းရတယ်။ အခုလို လူခေါ်ပြီး ကြည့်တာမျိုးလည်း လုပ်တယ်။
လမ်းမှာ သွားရင်းလာရင်း တွေ့တဲ့သူကို ရှိုးလျှောက်ဖို့ ကမ်းလှမ်းရတာမျိုးလည်း လုပ်တယ်။ အသိထဲမှာ လုပ်ချင်တဲ့သူ ရှိရင်လည်း ဒီကို ဆက်သွယ်ပါဆိုပြီး ဖုန်းနံပါတ်ပေးပြီး လူရှာရတယ်။
မနှစ်တုန်းက သူ့အသိတစ်ယောက် လျှောက်လမ်းမှာ ထွက်လျှောက်ခဲ့တယ်။ Eckhaus Latta ရဲ့ ရှိုးပွဲမှာ။ ဗိုက်ဖုံးအင်္ကျီနဲ့ လျှောက်ရတာ။ ဗိုက်ပူပူနေရာမှာ ကြယ်သီးတပ်ရင် ကျပ်နေသလို ခံစားရလို့ ကြယ်စီး မတပ်ဘဲ လျှောက်တယ်။ ကိုယ်ဝန် ဗိုက်ကြီး ပေါ်ပြီး လျှောက်လို့ သတင်း ဖြစ်သွားတယ်။ ကိုယ်ဝန်ဆောင်မော်ဒယ် ရှိုးလျှောက်တာ အရင်က ရှိခဲ့ဖူးပေမဲ့ အခုလို ဗိုက်ပေါ်ပြီး လျှောက်တာ ကမ္ဘာမှာ ပထမဆုံးဆိုပြီး သတင်းတွေ ရေးကြတယ်။
တစ်ခါမှာတော့ လူမရလို့ သူ့လက်ထောက်ကို ကြော်ငါကမ်ပိန်းမှာ သုံးလိုက်ရတယ်။ သူ့အသိ ကလေးကို အချိန်ပိုင်း လာကြည့်ပေးတဲ့ ကလေးထိန်းကိုလည်း သုံးဖူးတယ်။

Mike Eckhaus Zoe Latta01

 

မော်ဒယ်အဖြစ် သရုပ်ဆောင်ကြတာမှာ တကယ် နဲ့ အရမ်းတကယ် ဆိုတာတို့ကြားမှာ မျဉ်းကြောင်း တစ်ကြောင်း ရှိနေတယ်။ အခုဟာက တကယ် လောက်ဆိုရင် ရပြီ။ မိုက် အဲကပ်စ် Mike Eckhaus နဲ့ ဇိုး လက်တာ Zoe Latta တို့က အဲဒါမျိုးကိုမှ လိုချင်တာ။ သူတို့က အသက် ၃ဝ နှစ်ရှိပြီ။ Rhode Island School of Design မှ ဘွဲ့ရထားတဲ့သူတွေ။ အခု ဖက်ရှင်ရာသီမှာ ထွင်လုံးတွေအတွက် မော်ဒယ်မရမှာကို စိတ်ပူနကြေတယ်။ အေဂျင်စီတစ်ချို့က လူရွေးပေးတာ အဆင်မပြေဘူး။ သူတို့ရဲ့ သုခုမ မူဟန်အပေါ် နားလည်မှုတွေ လွဲနေတယ်။ တက်တူးပရပွနဲ့ လူတွေ ရွေးပေးတယ်။

အဲကပ်စ် က သူဝတ်နေကျစတိုင်လ်ဖြစ်တဲ့ လည်ပင်းတစ်ဝက်အထိ ကော်လာလည်ထောင် လည်ပင်းအပိတ်ပါတဲ့ လက်ရှည်ဆွယ်တာအင်္ကျီကို ဂျင်းပြာနဲ့ တွဲဘက်ပြီး ဝတ်ထားတယ်။ သူက ရွှေရောင်ဖျော့မှာ အဖြူတွေလည်း ပါနေတဲ့ ဆံကေသာရှင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးရဲ့ ဓာတ်ပုံကို ကောက်ယူပြီး ကြည့်ရှုတယ်။ အမျိုးသမီးရဲ့ မျက်လုံးတွေက ပြူထွက်နေတာကို ကြည့်ပြီး လန့်သွားပုံရတယ်။ ‘‘နိုး နိုး သူ့ကို ကြည့်ရတာ မျက်ပြူးတဲ့ ငါးနဲ့ တူနေတယ်’’
ချန်ဒလာက နောက်တစ်ပုံ ထပ်ပြတယ်။ အမျိုးသမီးက အတော်လှတယ်။ ‘‘လှတယ်’’ လို့ ချန်ဒလာက ပြောလိုက်တယ်။ မျက်နှာက လှတယ်။ ဆံပင်ထူထူ အညိုရောင်ကို အလယ်မှာ ခွဲထားတာက ကြည့်ရဆိုးနေတယ်။
အက်ကပ်စ်က ‘‘ခေါင်းကို ကတုံးတုံးမှ ဖြစ်မယ်’’ လို့ အရွှန်းဖောက်တယ်။
ချန်ဒလာရဲ့ ဖုန်းက အသံပိတ်ထားလို့ တုန်ခါပြီး သတင်းဝင်လာကြောင်း အသိပေးတယ်။ အဲဒီအချိန်မှာပဲ စင်္ကြံဘက်မှ လူလာနေသံ ကြားရတယ်။ ‘‘မီသေးတယ် မဟုတ်လား’’ လို့ ဝင်လာတဲ့သူက လှမ်းအော်ပြီး မေးတယ်။ လေယူလေသိမ်းက ပြင်သစ်လေသံ ပြည့်ဝနေတယ်။
‘‘သတ်မှတ်ချိန်ကတော့ လွန်နပြေီ။ ဒါပေမဲ့ ရှင့်ကို ကျမတို့ ကြည့်ပေးပါမယ်’’
နှုတ်ခမ်းထော်ထော် အမျိုးသမီးက ဘုရားသခင်ကို ကျေးဇူးတော် တင်လိုက်တယ်။
‘‘Thanks God’’
ဝတ်ထားတဲ့ ဂျက်ကက်ကို ချွတ်လိုက်တယ်။ ကသာကမျော လာခဲ့ပုံရတယ်။ အမောတကော ဖြစ်နေတာ အသက်ရှူတာ မမှန်သေးဘူး။ သူက လေအရှူရပ်ပြီး ပြောလိုက်တယ်။ ‘‘ကျမအကြောင်း ရှင်တို့ သိထားပြီးသားလား မသိဘူး’’
အဲကပ်စ် က ‘‘ ဘာ အကြောင်းလဲ’’
‘‘ကျမက ထရန့်ဂျန်းဒါး’’
‘‘ဟုတ်လား’’
‘‘လူရွေးပွဲကို လွတ်သွားပြီ မှတ်တာ။ ရှင်brand ကို ကျမ အရမ်းကြိုက်တယ်’’
သူ့ကို မရွေးဖြစ်ဘူး။ ပြန်လွှတ်လိုက်ကြတယ်။
အဲကပ်စ် က ‘‘သူ့ပုံစံကို ကြိုက်တယ်။ ဒါပေမဲ့ မျက်နှာက sexy ဖြစ်လွန်းအား ကြီးနေတယ်’’ လို့ မှတ်ချက်ပြုတယ်။
လက်တာက အရပ်မြင့်တယ်။ ရွှေရောင်ဖျော့ဆံကေသာနဲ့ ပါးလေးတွေ နီမြန်းမြန်း။ သူက နံရံကပ်ဘုတ်ပြားမှာ အရွေးခံမယ့်သူတွေရဲ့ ဓာတ်ပုံတွေကို ပင်ထို်းပြီး နေရာချတယ်။ ပုံတွေကို လိုက်ကြည့်တယ်။ ‘‘အဖြူတွေ များနေသလားလို့’’ သူက မှတ်ချက်ပြုတယ်။ ချန်ဒလာက ပုံတွေကို လိုက်ကြည့်တယ်။ အောက်ဖက်နားမှာ လူမည်း အမျိုးသား သုံးယောက်။ အင်္ကျီမပါ ကိုယ်ဗလာနဲ့။ ‘‘အမည်းတွေလည်း ပါပါတယ်’’ လို့ သူက ပြောလိုက်တယ်။
အဲကပ်စ် က ‘‘ကျနော် ကြည့်ရတာတော့ မညီမျှသလို ဖြစ်နေတယ်’’ လို့ ပြောတယ်။
လက်တာက ‘‘ မော်ဒယ်ဆန်လွန်းနေတယ်။ နိုဒယ် မဆန်ဘူး’’ လို့ ပြောတယ်။
အဲကပ်စ် က ‘‘အပြင်ထွက်ရှာမှ ရလိမ့်မယ်။ ကျနော်တို့က စတူဒီယိုထဲ ထိုင်ပြီး ရှာနကြေတယ်။ အသိတွေထဲမှာလည်း ခေါ်သုံးစရာ လူသစ်က မရှိတော့ဘူး။ လူကုန်နပြေီ’’
သုခုမအကြံပေး အသက် ၇ဝ ရှိပြီဖြစ်တဲ့ သီယာ ဝက်စ်ထရက်ကို ပြန်ခေါ်သုံးရင် ကောင်းမလား သူတို့ တိုင်ပင်ကြတယ်။ ဖွားဖွား သီယာကို အရင်ကလည်း ခေါ်သုံးဖူးထားတော့ နိုဒယ်တော့ မစစ်တော့ဘူး။
လစ်တာက ဓာတ်ပုံတွေ ရှိနေတဲ့ ဘုတ်ပြားမှာ လိုက်ကြည့်နပြေန်တယ်။ သူက စိတ်ပျက်တဲ့ လေသံနဲ့ ပြောတယ်။ ‘‘ဒီမိန်းကလေးတွေက အတော်ချော အတော်လှတွေ ဖြစ်နေတယ်။ ရွက်ကြမ်းရေကျို လိုချင်တာ’’
ချန်ဒလာက ဓာတ်ပုံတစ်ခုကို ထိုးညွှန်ပြပြီး ပြောလိုက်တယ်။ ‘‘ဒီတစ်ယောက် မဆိုးလှဘူး’’
လက်တာက ငြင်းတယ်။ ‘‘ခပ်တောင့်တောင့်၊ ယောကျာ်းဆန်ဆန်ဖြောင့်ဖြောင့်တောင့်တောင့်မျိုး လိုချင်တာ’’
ချန်ဒလာက ‘‘အဲဒီလိုမျိုးကတော့ ယောက်ျားလေးကနေ အမျိုးသမီး ဖြစ်သွားတဲ့ ထရန့်စ်တွေထဲက ရွေးမှ ဖြစ်မယ်။ ကိုယ်ခန္ဓာက ကျားဆန်ဆန် တောင့်ပြီးသားလေ’’
အဲကပ်စ် က ချန်ဒလာ ပေးလိုက်တဲ့ အကြံကို သဘောတူတယ်။ သူက ဓာတ်ပုံတွေကို အဲဒီအချက်နဲ့ ပြန်ဆန်းစစ်ပြီး ကြည့်တယ်။ ပုံတစ်ပုံကို သူက ထိုးညွှန်းပြတယ်။ ‘‘အဲ့တစ်ယောက် မဆိုးဘူး။ တောင့်တယ်’’
ချန်ဒလာက ထောက်ခံလိုက်တယ်။ ‘‘သူက တော်တယ်။ သူက ထရန့်စ်’’
အဲကပ်စ် က ‘‘ကောင်းတယ်။ သူက ကျမအကြောင်း သိလားလို့ အဆန်းလုပ်ပြီး မပြောဘူး’’
အဲဒီ အမျိုးသမီးကို သူတို့ နိုဒယ်အဖြစ် တညီညွှတ်တည်း ရွေးချယ်လိုက်ကြတယ်။

Read 1060 times
Rate this item
(0 votes)