What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Saudi Arabiaမှာကျင်းပခဲ့တဲ့ပထမဆုံးဖက်ရှင်ပွဲတော်

အာရပ်အမျိုးသမီးထုကြီးကတော့တောက်ပဝင့်ကြွားရမယ့်နေ့ရက်တွေကိုနှစ်ကာလများစွာစောင့်နေခဲ့ပြီးပြီ ဆိုပြီး စောင့်ကြည့်လေ့လာသူတစ်ယောက်က မှတ်ချက်ပေးခဲ့ပါတယ်။

New York ၊ Paris နှင့် Milan မြို့တော်တွေမှာတော့ ဖက်ရှင်ပွဲတော်တွေဟာ အိပ်မက်ဆန်တဲ့အတွေ့ကြုံတွေ ၊ စိတ်ကူးယဉ်ဖန်သားနန်းတော်တွေအပြည့်အနှက်၊ ချဲ့ကားဖန်တီးထားတဲ့စိတ်ကူးစိတ်သန်းတွေနှင့်မိုးမျှော်စင်မြင့်တွေဖြင့် ပုံဖော်တင်ဆက်လေ့ရှိတာကထူးခြားလှတဲ့အရာတစ်ခုမဟုတ်တော့ပြီ။

ဒါပေမဲ့လွန်ခဲ့သောလက Riyadh မှာကျင်းပခဲ့တဲ့ပထမဆုံးသော ပွဲဦးထွက် Arab ဖက်ရှင်ပွဲတော်မှာတော့ နောက်ခံပိတ်ကားကြီးကတွေ့နေကြ ဖက်ရှင်ပွဲတော်နှင့်ခွဲထွက်ပြီး ထူးခြားလှပါတယ်။

သဲမုန်တိုင်းတွေ၊ မိုးသက်မုန်တိုင်းတွေ၊ Yemen တစ်မြို့လုံးကို ဖြန့်ကျက်ကြဲချထားတဲ့ လက်နက်ဗုံးတွေနဲ့ မီးခိုးငွေ့တွေကြား ဘွားကနဲပေါ်ပေါက်လာခဲ့တဲ့ ဖက်ရှင်ပွဲတော်တစ်ခုဆိုလည်း မမှားပါဘူး။

ကမ္ဘာပေါ်ရှိရှေးရိုးအဆန်ဆုံးနိုင်ငံတွေ အဖြစ်တည်ရှိခြင်းတွေကို ပပြောက်သွားအောင်ယနေ့ခေတ်ရဲ့လူမှုရေးနဲ့စီးပွားရေးဟာပြောင်းလဲနိုင်ပါတယ်။

ဒါပေမဲ့လည်းရှုပ်ထွေးတင်းကျပ်လှတဲ့ ပို့ဆောင်ဆက်သွယ်ရေး တပုံကြီးနဲ့အတူ ဒီဖက်ရှင်ပွဲတော်ကြီးဟာ အစီအစဉ်တကျချောမွေ့စွာ ဖြစ်သွားခဲ့တာတော့မဟုတ်ဘူး။

Saudi Arabia မှာကျင်းပခဲ့သောပထမဆုံးတရားဝင်ဖက်ရှင်ပွဲတော်ကြီးမှာ Jeddah က Luxury Consultant တစ်ယောက်ဖြစ်တဲ့ Marriam Mossalli ပြောခဲ့တာက ဆော်ဒီအမျိုးသမီးတွေ သူတို့ဘယ်လိုဒီဇိုင်းထွင်ပြီး ဘယါလိုဝတ်ဆင်တဲ့အကြောင်းကို လှောင်ပိတ်ခံခဲ့ရတဲ့ သူတို့စိတ်ကူးတွေထဲကနေ အပြင်ကိုထုတ်ပြခွင့်ရတဲ့ အကောင်းဆုံးသောအခွင့်ရေးတစ်ခုပေါ့။

103

အာရပ်အမျိုးသမီးထုကြီးကတော့ တောက်ပဝင့်ကြွားရမယ့်နေ့ရက်တွေကို နှစ်ကာလများစွာစောင့်နေခဲ့ပြီးပြီလို့ပြောခဲ့ပါတယ်။

ငါးလအကြာမျှစီစဉ်ခဲ့ပြီး Arab Fashion Council ကတင်ဆက်ခဲ့တဲ့ Arabဖက်ရှင်ပွဲကို မူလအစီစဉ်အရ မတ်လ၂၅ရက်မှာ ကျင်းပဖို့ရည်ရွယ်ထားခဲ့ပါတယ်။ နိုင်ငံခြားသားသတင်းထောက်တွေ၊ အဝယ်တော်တွေနဲ့ မော်ဒယ်တော်တော်များများဟာ မတ်လမှာ အချိန်မှီဗီဇာမရနိုင်တာကြောင့် ပွဲကိုရက်ရွေ့ခဲ့ပါတယ်။

သတ်မှတ်ရက်ထက်သုံးပတ်နောက်ဆုံးပြီးမှာတော့ ထိပ်တန်းဒီဇိုင်နာတွေဖြစ်တဲ့ Jean Paul Gaultier နှင့် Roberto Cavalli တို့အပါအဝင် ကမ္ဘာတစ်ဝန်းက နာမည်ကြီးတွေ အချိန်ပေးခဲ့တဲ့ ဖက်ရှင်ပြပွဲ၁၆ပွဲကို ကျင်းပခဲ့ပါတယ်။

78

Saudi Arabia ရဲ့အိမ်ရှေ့မင်းသား Mohammad Bin Salman ဟာ Harvard ကနေ Hollywood အထိ United States မှာလည်ပတ်လေ့လာခဲ့ပြီး 60 Minutes မှာအင်တာဗျူးတစ်ခုဖြေခဲ့ပါတယ်။ အမျိုးသမီးတွေဟာ အများပြည်သူရှေ့မှာ သူတို့ဝတ်ဆင်ရမယ့် အဆင်အယင်တွေကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိရမှာဖြစ်ပြီး တဆက်တည်းမှာပဲ သင့်တင့်လျောက်ပတ် သိက္ခာရှိရမှာဖြစ်ပြီး လေးစားမှုလည်းရှိရမှာလို့ အိမ်ရှေ့မင်းသားက ပြောခဲ့ပါတယ်။

နိုင်ငံရဲ့တိုးတက်စဖက်ရှင်လောကဟာ အဓိကအရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ်သို့ ရောက်ရှိလာပါပြီ။ လွန်ခဲ့သောနှစ်များစွာကတည်းက Saudi Arabia မှာ ဖက်ရှင်ဒီဇိုင်နာတွေရှိသော်လည်း Brand တော်တော်များများဟာ ကုန်ကြမ်းပစ္စည်းများ၊ စတူဒီယိုအလုပ်သမားများ၊ သူတို့ရဲ့လုပ်ငန်းကို ချဲ့ထွင်နိုင်မယ့် ထုတ်လုပ်မှု Facilityများ ရှာဖွေခြင်းများနှင့် အထူးသဖြင့် သူတို့ရဲ့ရောင်းကုန်များကို နိုင်ငံခြားမှာပြသဖို့ ရွေးချယ်ခံရခြင်း စသည်တို့နဲ့ ရုန်းကန်နေခဲ့ရပါတယ်။

Saudi Arabia ရဲ့အနာဂတ်အတွက် အိမ်ရှေ့မင်းသားရဲ့ ၂ဝ၃ဝ အထိစီမံကိန်း အသေးစိတ်အစီအစဉ်ဟာ အသေးစားနဲ့အလတ်စား လုပ်ငန်းများကို ထောက်ပံ့ပေးဖို့ဖြစ်ပါတယ်။အထူးသဖြင့် ဖက်ရှင်လုပ်ငန်းအပါအဝင် အမျိုးသမီးတွေ ကိုယ်ပိုင်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းတွေအပေါ်မှာပေါ့။

လူမှုရေးအပြောင်းအလဲဟာ အနက်ရောင်ရိုးရာ Abaya ဝတ်ရုံတွေကိုရှောင်ရှားပြီး ပိုပြီးအရောင်စုံပြီး အကွက်အဆင် ဒီဇိုင်းဆန်းတဲ့ဝတ်ရုံတွေပိုင်ဆိုင်တဲ့ ဆော်ဒီမြို့တော်တွေက အမျိုးသမီးအရေအတွက်ကို ပိုပြီးတိုးပွားလာစေပါတယ်။

မသိမသာပြောင်းလဲလာတဲ့ အဝတ်စားဆင်ယင်တွေရဲ့ အရောင်တောက်ပမှုတွေကို လက်ရောက်မြောက်စွာပုံဖော်ထားသော ချည်ထိုးလက်များနှင့် ပန်းပွင့်စီးကွင်းတွေပြည့်နှက်နေတဲ့ဝတ်ရုံတွေကနေတဆင့် ပွဲတော်လာဧည့်သည်များဟာ တိုးတိတ်စွာပုံဖော်ခဲ့ပါတယ်။

1211

ထိုဝတ်စုံတွေကို Gucci Sneakerတွေ ၊ Christian Louboutin ရဲ့ခုံမြင့်ဖိနပ်တွေ ၊ Chanel တံဆိပ်ဌက်မွှေးလက်ကိုင်အိတ်တွေနှင့် Gobstoppers သကြားလုံးအရွယ်ရှိတဲ့ စိန်နားကပ်အကြီးတွေဖြင့် တန်ဆာဆင်ထားပါတယ်လို့ပြောခဲ့ပါတယ်။

 

Source:Moda

Read 917 times
Rate this item
(1 Vote)