What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ Fashion Show တစ်ခုဖြစ်တဲ့ Myanmar International Fashion Week

မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ Fashion Show တစ်ခုဖြစ်တဲ့ Myanmar International Fashion Week 2017 ပွဲကြီးကိုတော့ Star Event Production က ဦးဆောင်ပြီး ဒီဇင်ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ ရန်ကုန်မြို့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံက ဒီဇိုင်နာတွေသာ မကဘဲ နိုင်ငံခြားက ဒီဇိုင်နာတွေပါ ပါဝင်ပြသကြမှာ ဖြစ်ပါတယ်။ “ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် Fashion ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Fashion Show ဖြစ်ဖို့  Myanmar Int'l Fashion Week ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ တစ်ကယ့် Int'l Fashion Show အဖြစ် ပြသသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဒီဇိုင်နာများစွာရဲ့ ထူးခြားစွာတင်ဆက်ပြသမှုတွေကိုလည်း မြင်တွေ့ရမှာပါ ” လို့ Star Event Production က ကိုဂျွန်လွင်က ပြောပါတယ်။

Myanmar International Fashion Week 2017 မှာဆိုရင် Stars & Models Int'l က မွေးထုတ်ထားတဲ့ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ အောင်ရဲလင်း၊ အောင်မင်းခန့်၊ ထက်အောင်ရှိုင်း၊ သီဟ၊ စည်သူဝင်း၊ နက္ခတ်၊ ကောင်းစစ်သွေး၊ ကျော်ကိုကိုဝေ၊ မိုးဟေကို၊ အေးမြတ်သူ၊ သန္တာဗိုလ်၊ အွန်ဆိုင်း၊ နန်းခေးမား၊ ယွန်းမှီမှီကျော်၊ အမရာညိမ်း၊ မေမြတ်နိုး၊ မေဘရဏီသော်၊ မေဇူးမောင်၊ ခင်ရတနာသိန်းမြင့်၊ ချွန်းချွန်း၊ သျှားထွဋ်အိန္ဒြာ၊ ရွှေအိမ်စည်၊ လီလီကျော်ခိုင်၊ စင်ဒီမြတ် တို့အပါအ၀င် Stars & Models Int'l ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့က Model အယောက် ၁၀၀ တို့က ပါဝင်ပြသကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Chaw Chaw Silk&Luxury Fashion၊ ရွှေလွန်းလိပ်ပြာ၊ ရွှေဇာခြည်ပါတိတ်၊ Theia Fashion by May Theint၊ FGM by Mogok Pauk Pauk၊ Alvaasae by May Myat War So(Happy Heart)၊ မိုးထိနန်းတော် by Sandy Linn Naing (Touched by Heart)၊ Nay Channel by Khit Minn၊ Designer Shartra၊ Unique၊ Ladies'Heart Fashion by Mya Pwint Phyu၊ Htay Htay Tin (SHI MI ZU)၊ Designer dVIS(BKK) တို့ရဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ အတူ မိတ်ကပ်ပညာရှင်တွေဖြစ်တဲ့ ခင်စန်းဝင်း၊ မေဦးမောင်(တော်ဝင်သူ)၊ လင်းလင်း (Make Up Artist)၊ မခိုင်မချို Hello၊ မိတ်ကပ် အောင်လေး (Stars & Models Int'l Agency) တို့ကပါ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါတယ်။

Myanmar International Fashion Week 2017 ဖြစ်မြောက်လာစေဖို့ အတွက်ကိုတော့ Hearty Heart၊ ပတ်ကားစိန်ရွှေရတနာဆိုင်၊ Sunkit၊ Idea Digital Printing၊ Outdoor Network၊ Nok Air၊ Media Storm၊ လင်းလင်း(Florist)၊ ဓာတ်ပုံနဲ့ ဗီဒီယို မင်းခန့်ကျော်(AMS)၊ ဓာတ်ပုံ ပိုင်စိုးသူတို့က အဓိကပံ့ပိုး ပေးထားကြတာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲကို သွားရောက်ကြည့်ရှုလိုတဲ့ ပရိသတ်တွေအနေနဲ့ VIP လက်မှတ်တွေကို Facebook Page တွေဖြစ်တဲ့ Star Event Production၊ Stars & Models Int'l Yangon၊ Myanmar Int'l Fashion Week by John Lwin စတဲ့ Page တွေကို Like လုပ်ပေးခြင်းဖြင့် လည်းကောင်း၊ မိမိတို့ရဲ့ Facebook Profile တွေကို ပြောင်းလဲပေးခြင်းဖြင့် လည်းကောင်း ပွဲစီစဉ်ကျင်းပတဲ့အချိန်၊ ကျင်းပတဲ့နေရာတွေမှာ အလွယ်တကူ ထုတ်ယူပြီး အခမဲ့ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။  

Read 1607 times
Rate this item
(0 votes)