What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2017 Victoria s Secret Fashion Show ရဲ႕ ထူးျခားခ်က္မ်ား

ZAW+UNI အမ်ဳိးသမီး အတြင္းခံေတြကို ထုတ္လုပ္ေရာင္းခ်တဲ့ Victoria Secret က တစ္ႏွစ္တစ္ခါ က်င္းပတဲ့ပြဲကုိ

ထူးထူးျခားျခားအျဖစ္ တ႐ုတ္ႏုိင္ငံ ရွန္ဟုိင္းမွာ က်င္းပခဲ့ပါတယ္။ တ႐ုတ္ႏုိင္ငံမွာ Victoria Secret ပြဲကုိ ပထမဆုံးအႀကိမ္ က်င္းပဖူးတာ ျဖစ္ပါတယ္။

Victoria’s Secret ရဲ႕ မိခင္ကုမၸဏီက L Brand ျဖစ္ပါတယ္။

အထင္ကရ ေမာ္ဒယ္ေတြ ျဖစ္တဲ့ Katy Perry နဲ႔ Gigi Hadid တုိ႔ ျပည္၀င္ခြင့္ ဗီဇာ မရၾကဘူး။ ႐ုရွားမွ ေမာ္ဒယ္ သုံးဦး Julia Belyakova, Kate Grigorieva နဲ႔ Irina Sharipova တုိ႔လည္း ဗီဇာ မရၾကဘူး။ ယူကရိန္းမွ ေမာ္ဒယ္ Dasha Khlystun လည္း ဗီဇာ မရဘူး။ ပြဲအေၾကာင္း သတင္းယူၿပီး ၀က္ဘ္မွာ တင္ျပၾကမယ့္ ဘေလာ့ဂါေတြလည္း ဗီဇာ မရၾကဘူး။ Victoria Secret ရဲ႕ သတင္းထုတ္ျပန္ခ်က္ကုိလည္း တာ၀န္ရွိသူေတြက အတည္ျပဳ ခြင့္ျပဳခ်က္ မေပးတာေၾကာင့္ မထုတ္ျပန္ရဘူး။

ေငြကုိ ေရလုိသုံးတဲ့ Victoria Secret ရဲ႕ တစ္ႏွစ္တစ္ခါ က်င္းပတဲ့ပြဲကုိ ကိန္း၊ လန္ဒန္၊ နယူးေယာက္၊ ေလာ့စ္အိန္ဂ်ယ္လိစ္၊ မီယာမီတုိ႔မွာ တစ္လွည့္စီ က်င္းပခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က ပဲရစ္မွာ က်င္းပခဲ့ပါတယ္။ ပြဲရဲ႕ ထူးျခားခ်က္တစ္ခုကေတာ့ ကန္ေဒၚလာ သန္းခ်ီတန္တဲ့ ဘရာတစ္ခုကုိ တင္ဆက္တာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္အတြက္ အေမရိကန္ေဒၚလာ ၂ သန္း တန္တဲ့ ရွန္ပိန္ညမ်ား ဖန္တစီဘရာ Champagne Nights Fantasy Bra ကုိ တင္ဆက္ခဲ့ပါတယ္။

ဘရာအေၾကာင္း အေသးစိတ္ ဖတ္႐ႈရန္ႏွင့္ ဓာတ္ပုံၾကည့္ရန္ လင့္

http://www.textiledirectory.com.mm/articles/item/489-2017-victoria%E2%80%99s-secret-fantasy-bra.html

ပြဲမွာ ပါ၀င္တဲ့ supermodel ေတြဟာ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ ဂဏန္း ၆ လုံး ရရွိၾကတယ္။ ပြဲတစ္ခုလုံးရဲ႕ အသုံးစရိတ္ဟာ ကန္ေဒၚလာ ၂၇ သန္း၀န္းက်င္ ရွိမယ္လုိ႔ ခန္႔မွန္းပါတယ္။ ပုံမွန္အားျဖင့္ အကုန္အက်မ်ားတဲ့ ဖက္ရွင္ပြဲတစ္ပြဲရဲ႕ အသုံးစရိတ္ထက္ အဆ ၁၀၀ ေလာက္ ရွိပါတယ္။

ပြဲလက္မွတ္ေတြ အင္တာနက္ကေန ေရာင္းခ်ေပးတဲ့ Taobao က လက္မွတ္တစ္ေစာင္ကုိ RMB90,000 (USD13,700) နဲ႔ ေဈးဖြင့္ၿပီး ေရာင္းခ်ခဲ့ပါတယ္။ ပုံမွန္အားျဖင့္ ပြဲကုိ ဖိတ္ၾကားထားသူေတြသာ တက္ေရာက္ၾကရပါတယ္။ အဲဒီလုိ ဖိတ္ၾကားတာကုိ ယခုလုိ ျပန္ေရာင္းခ်တာျဖစ္ၿပီး စုစုေပါင္း ၆ ေစာင္သာ ရွိတယ္လုိ႔ Taobao က ေၾကညာခဲ့ပါတယ္။

ယခုလုိ တ႐ုတ္ျပည္မွာ ပြဲက်င္းပဖုိ႔ ေရြးခ်ယ္ခဲ့တာဟာ တ႐ုတ္ေဈးကြက္ကို ေျခကုပ္ရယူဖုိ႔ ႀကိဳးပမ္းမႈလုိ႔ သုံးသပ္ၾကပါတယ္။ China National Textile Industry Council မွ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ၂၀၁၆ ခုႏွစ္အတြင္း တ႐ုတ္ႏုိင္ငံ အမ်ဳိးသမီး အတြင္းခံ ေဈးကြက္မွာ ေရာင္းအားက တ႐ုတ္ႏုိင္ငံသုံးေငြ RMB ၁၀၀ ဘီလ်ံအထိ ေရာက္ရွိခဲ့တယ္။

Victoria’s Secret Fashion Showကုိ ၁၉၉၅ ခုႏွစ္မွာ စတင္ခဲ့ၿပီး ႏွစ္စဥ္က်င္းပေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွာ တ႐ုတ္ေမာ္ဒယ္ေလးဦး ပါ၀င္ခဲ့ပါတယ္။ ၂၁၀၃ ခုႏွစ္ကတည္းက ပါ၀င္တဲ့ တ႐ုတ္ေမာ္ဒယ္ Ming Xi ဟာ ေလွ်ာက္လွမ္းေပၚမွာ ေျခေခ်ာ္လဲခဲ့ပါတယ္။ Ming Xi ဟာ စတင္လဲက်ခ်ိန္ကေန ျပန္ထၿပီး ျပန္လမ္းေလွ်ာက္တဲ့အထိ ရယ္ရယ္ေမာေမာျဖင့္ ၿပံဳးရႊင္ေနခဲ့တာေၾကာင့္ ပရိသတ္ရဲ႕ ၾသဘာေပးတာကုိ ခံယူရရွိတဲ့အျပင္ သူနဲ႔အတူ ေလွ်ာက္ၾကတဲ့ ေမာ္ဒယ္ေတြထံမွလည္း အားေပးတဲ့ ၾသသာသံကုိ ရရွိခဲ့ပါတယ္။

Ming Xi victoria secret fashion show 2017 fall 02Ming Xi victoria secret fashion show 2017 fall 03Ming Xi victoria secret fashion show 2017 fall 04Ming Xi victoria secret fashion show 2017 fall 05Ming Xi victoria secret fashion show 2017 fall 06Ming Xi victoria secret fashion show 2017 fall 01Ming Xi victoria secret fashion show 2017 fall 08Ming Xi victoria secret fashion show 2017 fall 07Ming Xi victoria secret fashion show 2017 fall 11

 

2017 Victoria s Secret Fashion Show ရဲ့ ထူးခြားချက်များ

အမျိုးသမီး အတွင်းခံတွေကို ထုတ်လုပ်ရောင်းချတဲ့ Victoria Secret က တစ်နှစ်တစ်ခါ ကျင်းပတဲ့ပွဲကို ထူးထူးခြားခြားအဖြစ် တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ Victoria Secret ပွဲကို ပထမဆုံးအကြိမ် ကျင်းပဖူးတာ ဖြစ်ပါတယ်။
Victoria’s Secret ရဲ့ မိခင်ကုမ္ပဏီက L Brand ဖြစ်ပါတယ်။

အထင်ကရ မော်ဒယ်တွေ ဖြစ်တဲ့ Katy Perry နဲ့ Gigi Hadid တို့ ပြည်ဝင်ခွင့် ဗီဇာ မရကြဘူး။ ရုရှားမှ မော်ဒယ် သုံးဦး Julia Belyakova, Kate Grigorieva နဲ့ Irina Sharipova တို့လည်း ဗီဇာ မရကြဘူး။ ယူကရိန်းမှ မော်ဒယ် Dasha Khlystun လည်း ဗီဇာ မရဘူး။ ပွဲအကြောင်း သတင်းယူပြီး ဝက်ဘ်မှာ တင်ပြကြမယ့် ဘလော့ဂါတွေလည်း ဗီဇာ မရကြဘူး။ Victoria Secret ရဲ့ သတင်းထုတ်ပြန်ချက်ကိုလည်း တာဝန်ရှိသူတွေက အတည်ပြု ခွင့်ပြုချက် မပေးတာကြောင့် မထုတ်ပြန်ရဘူး။

ငွေကို ရေလိုသုံးတဲ့ Victoria Secret ရဲ့ တစ်နှစ်တစ်ခါ ကျင်းပတဲ့ပွဲကို ကိန်း၊ လန်ဒန်၊ နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်၊ မီယာမီတို့မှာ တစ်လှည့်စီ ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ပဲရစ်မှာ ကျင်းပခဲ့ပါတယ်။ ပွဲရဲ့ ထူးခြားချက်တစ်ခုကတော့ ကန်ဒေါ်လာ သန်းချီတန်တဲ့ ဘရာတစ်ခုကို တင်ဆက်တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၂ သန်း တန်တဲ့ ရှန်ပိန်ညများ ဖန်တစီဘရာ Champagne Nights Fantasy Bra ကို တင်ဆက်ခဲ့ပါတယ်။

ဘရာအကြောင်း အသေးစိတ် ဖတ်ရှုရန်နှင့် ဓာတ်ပုံကြည့်ရန် လင့်

http://www.textiledirectory.com.mm/articles/item/489-2017-victoria%E2%80%99s-secret-fantasy-bra.html

ပွဲမှာ ပါဝင်တဲ့ supermodel တွေဟာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ဂဏန်း ၆ လုံး ရရှိကြတယ်။ ပွဲတစ်ခုလုံးရဲ့ အသုံးစရိတ်ဟာ ကန်ဒေါ်လာ ၂၇ သန်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ပုံမှန်အားဖြင့် အကုန်အကျများတဲ့ ဖက်ရှင်ပွဲတစ်ပွဲရဲ့ အသုံးစရိတ်ထက် အဆ ၁၀၀ လောက် ရှိပါတယ်။

ပွဲလက်မှတ်တွေ အင်တာနက်ကနေ ရောင်းချပေးတဲ့ Taobao က လက်မှတ်တစ်စောင်ကို RMB90,000 (USD13,700) နဲ့ ဈေးဖွင့်ပြီး ရောင်းချခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပွဲကို ဖိတ်ကြားထားသူတွေသာ တက်ရောက်ကြရပါတယ်။ အဲဒီလို ဖိတ်ကြားတာကို ယခုလို ပြန်ရောင်းချတာဖြစ်ပြီး စုစုပေါင်း ၆ စောင်သာ ရှိတယ်လို့ Taobao က ကြေညာခဲ့ပါတယ်။

ယခုလို တရုတ်ပြည်မှာ ပွဲကျင်းပဖို့ ရွေးချယ်ခဲ့တာဟာ တရုတ်ဈေးကွက်ကို ခြေကုပ်ရယူဖို့ ကြိုးပမ်းမှုလို့ သုံးသပ်ကြပါတယ်။ China National Textile Industry Council မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံ အမျိုးသမီး အတွင်းခံ ဈေးကွက်မှာ ရောင်းအားက တရုတ်နိုင်ငံသုံးငွေ RMB ၁၀၀ ဘီလျံအထိ ရောက်ရှိခဲ့တယ်။

Victoria’s Secret Fashion Showကို ၁၉၉၅ ခုနှစ်မှာ စတင်ခဲ့ပြီး နှစ်စဉ်ကျင်းပပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ တရုတ်မော်ဒယ်လေးဦး ပါဝင်ခဲ့ပါတယ်။ ၂၁၀၃ ခုနှစ်ကတည်းက ပါဝင်တဲ့ တရုတ်မော်ဒယ် Ming Xi ဟာ လျှောက်လှမ်းပေါ်မှာ ခြေချော်လဲခဲ့ပါတယ်။ Ming Xi ဟာ စတင်လဲကျချိန်ကနေ ပြန်ထပြီး ပြန်လမ်းလျှောက်တဲ့အထိ ရယ်ရယ်မောမောဖြင့် ပြုံးရွှင်နေခဲ့တာကြောင့် ပရိသတ်ရဲ့ သြဘာပေးတာကို ခံယူရရှိတဲ့အပြင် သူနဲ့အတူ လျှောက်ကြတဲ့ မော်ဒယ်တွေထံမှလည်း အားပေးတဲ့ သြသာသံကို ရရှိခဲ့ပါတယ်။

Read 1176 times
Rate this item
(0 votes)