What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နားမကြား Miss Deaf Asia Deshna Jain

အိန္ဒိယမှ အသက် ၂၀ ရှိသူ မိန်းကလေး Deshna Jain က ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ နားမကြား အလှမယ်

Miss Deaf International ကို ၀င်ပြိုင်ခဲ့ပါတာမှာ တတိယနေရာ ရရှိခဲ့ပါတယ်။ အဲဒါကြောင့် ဖက်ရှင်မယ်အဖြစ် လုပ်ကိုင်ဖို့ လမ်းပွင့်သွားတယ်။ သူက အီတလီမှာ ကျင်းပတဲ့ ကမ္ဘာ့အဆင့် ဖက်ရှင်ရှိုးတွေမှာ ပါဝင်ခွင့် ရဖို့် မျှော်လင့်ထားတယ်။

သူက အခုနှစ် ၂၀၁၈ မှာ Miss India (Deaf) 2018 သရဖူကို ရထားတဲ့သူလည်း ဖြစ်ပါတယ်။ Miss Asia (Deaf) သရဖူကိုလည်း ရခဲ့တယ်။ ထိုင်ဝမ် တိုင်ပေမှာ ကျင်းပခဲ့တဲ့ Miss International (Deaf) မှာတော့ တတိယနေရာ ရခဲ့တာ ဖြစ်ပါတယ်။

 

Deshna Jain2

သူက နားမကြာတဲ့သူဖြစ်လို့ အခုလို ဆုတွေ ဆွတ်ခူးပေမဲ့ လျစ်လျူပြုတာ ခံရတယ်။ သူ့ကို မေးမြန်းဖို့က အခက်အခဲ ရှိနေတယ်။ ဒါပေမဲ့ PTI သတင်းဌာနက စကားပြန်ငှားပြီး အင်တာဗျူးခဲ့တယ်။
“ကျွန်မ စိတ်တွေ အရမ်းလှုပ်ရှားခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၀ မှ လာပြိုင်ကြတယ်။ သူတို့က ကျွန်မထက် ပိုလှကြတယ်လို့ ထင်တယ်။ ၀တ်စားထားတာတွေကလည်း ကျွန်မထက် သာတယ်။ ဉာဏ်ရည်ကလည်း ပိုကောင်းကြတယ်။ ဒါပေမဲ့ ကံကောင်းတယ်။ အကဲဖြတ် ဒိုင်လူကြီးတွေက ကျွန်မကို နှစ်သက်ကြတယ်။ ကျွန်မကို Miss Deaf Asia အဖြစ် ရွေးချယ်ပေးလိုက်ကြတယ်’

သူက ဆက်ပြောတယ်။ “ကျွန်မ အဲဒီလို ပြိုင်ပွဲမျိုးတွေမှာ ပါချင်တယ်။ ကျွန်မရဲ့ မိသားစုနဲ့ တိုင်းပြည် ဂုဏ်ယူစရာ ဖြစ်အောင် လုပ်ချင်တယ်’


၂၀၀၉ ခုနှစ်နောက်ပိုင်း အခုတစ်ကြိမ်ကျမှ အိန္ဒိယမှ အလှမယ်က အခုလို ဆုမျိုး ဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက အသက် ၂၀ နှစ် ရှိသူဖြစ်လို့ ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဖြစ်ခဲ့ပါတယ်။ သူ့မိသားစုက Madhya Pradesh ရှိတဲ့ မြို့ငယ်ကလေး Tikamgarh မှာ နေထိုင်ကြပါတယ်။

နားမကြားတဲ့သူ ဖြစ်နေတာကြောင့် အခုလို ဆုတွေ ဆွတ်ခူးပေမဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေ ၀င်ပြိုင်ဖို့အတွက် စပွန်ဆာ ပေးမယ့်သူ မရှိဘူး။ မိသားစုကပဲ အကုန်အကျခံပြီး ထောက်ပံ့ပေးခဲ့ရတယ်။ တိုင်ဝမ်မှာ ၀င်ပြိုင်တာအတွက် ရူပီ ၅ သိန်းကျော် ကုန်ကျခဲ့တယ်။

Source PTI

Read 917 times
Rate this item
(0 votes)