What's new

×

Warning

JUser: :_load: Unable to load user with ID: 845


The Pirelli Calendar 2019

Pirelli Calendar ဟာ ကျော်ကြားတဲ့ ပြက္ခဒိန်တစ်ခု ဖြစ်ပြီး ၁၉၆၃ ခုနှစ်မှစ၍ နှစ်စဉ် ထုတ်ဝေခဲ့ပါတယ်။ ရောင်းဖို့ မဟုတ်ဘဲ

ကုမ္ပဏီမှ မိမိရဲ့ ဖောက်သည်တွေကို လက်ဆောင်ပေးဖို့ ထုတ်တဲ့ ပြက္ခဒိန် ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်အတွက် ထုတ်ဝေပြီးတဲ့အခါမှာ ရေနံဈေးနှုန်း ထိုးထက်တဲ့အကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားပျက်တဲ့ကာလတစ်လျှောက် ထုတ်ဝေမှု ရပ်နားထားခဲ့တယ်။ ၁၉၈၄ ခုနှစ်ကျမှ နှစ်စဉ်ပုံမှန် ပြန်ထုတ်ဝေခဲ့တာ တွေ့ရတယ်။

ပြက္ခဒိန်ကို နာမည်ကြီး ဓာတ်ပုံဆရာတွေ၊ နာမည်ကြီး မော်ဒယ်တွေ သုံးပြီး ဓာတ်ပုံအနုလက်ရာမြောက်အောင် ဖန်တီးတာကြောင့် စံတစ်ခု ရှိနေစေတယ်။

pirelli

Pirelli တာယာ
***********
ပြက္ခဒိန် ထုတ်ဝေတဲ့ Pirelli ဟာ နိုင်ငံတကာ တာယာလုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့်မှာ နံပါတ်(၅) ဖြစ်ပါတယ်။ နံပါတ်တစ်ကနေ လေးအထိ အစဉ်လိုက်ပြောရရင် Bridgestone, Michelin, Continental နဲ့ Goodyear တို့ ရှိနေပါတယ်။ Pirelli က ကား မော်တော်ဆိုင်ကယ်နဲ့ စက်ဘီး တာယာတွေကို အဓိကထားပြီး ထုတ်လုပ်ပါတယ်။ အီတလီနိုင်ငံ မီလန်မြို့မှာ ရုံးချုပ် ထားရှိပါတယ်။

 

Pirelli Calendar 2019
************
လာမယ့် ၂၀၁၉ ခုနှစ်အတွက် ပြက္ခဒိန်ဓာတ်ပုံ ၁၂ ပုံကို Gigi Hadid, Julia Garner, Laetitia Casta နဲ့ Misty Copeland တို့ကို သုံးစွဲပြီး ဖန်တီးနေပါတယ်။ အမေရိကန်နိုင်ငံ မီယာမီနဲ့ နယူးယောက်တို့မှာ ဧပြီလမှာ ၁၀ ရက် အချိန်ယူပြီး ရိုက်ခဲ့ပါတယ်။ ဓာတ်ပုံဆရာက Albert Watson ဖြစ်ပါတယ်။

gigi hadid alexander wang

gigi hadid alexander wang

gigi hadid alexander wang12

gigi hadid alexander wang71

 

Gigi Hadid
**********
ဖက်ရှင်၊ အနုပညာနဲ့ ဓာတ်ပုံ နယ်ပယ်သုံးခု ပါဝင်ပေါင်းစပ်ပြီး ဖန်တီးတဲ့ ပြက္ခဒိန် ဖြစ်ပါတယ်။ ယခုနှစ်မှာ ပါဝင်ခဲ့တဲ့ Gigi Hadid အနေဖြင့် အစစအရာရာ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦး အဖြစ် သရုပ်ဆောင်ရပါတယ်။ အောင်မြင်မှုတွေရနေပေမဲ့ သူ့မှာ မတ်စောက်တဲ့ ၀မ်းနည်းခြင်း ရှိနေတယ်။ သူ ခိုလှုံရာ နယူးယောက်တိုက်ခန်းမှာ သူ ယုံကြည်စိတ်ချရတဲ့ အမျိုးသားတစ်ဦးနဲ့ အတူ နေထိုင်တယ်။ အဲဒီ အမျိုးသားအဖြစ် နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Alexander Wang က သရုပ်ဆောင်ပါတယ်။

 

julia garner astrid eika 19696

julia garner astrid eika

julia garner astrid eika23

 

Julia Garner
***********
Julia Garner က ဓာတ်ပုံဆရာမ တစ်ဦးအဖြစ် သရုပ်ဆောင်ရတယ်။ သူရိုက်ဖြစ်ထားတာတွေက အပင်ငယ်တွေရဲ့ ပုံတွေ ဖြစ်ပါတယ်။ သူရိုက်ချင်တာ လူပုံတွေ ဖြစ်ပါတယ်။ သူဓာတ်ပုံရိုက်ဖို့ မော်ဒယ် လုပ်ပေးသူအဖြစ် Astrid Eika က စိတ်ရှည်ရှည်ဖြင့် အသုံးတော်ခံတယ်။

 

 laetitia casta sergei polunin 15100

laetitia casta sergei polunin 16770

laetitia casta sergei polunin

Laetitia Casta
***********
Laetitia Casta က ပန်းချီဆရာမတစ်ဦးအဖြစ် သရုပ်ဆောင်ပါတယ်။ သူ့ရဲ့ နေ့ရက်တွေကို မြို့လယ်တိုက်ခန်းတစ်ခုမှာ အချိန်ကုန်လွန်စေတယ်။ အနားမှာ ချစ်သူ အမျိုးသားတစ်ဦး ရှိနေပြီး အဲဒီအမျိုးသားအဖြစ် Sergei Polunin က သရုပ်ဆောင် ပေးထားပါတယ်။

 

 

misty copeland calvin roya

misty copeland calvin

Misty Copeland
**************
Misty Copeland က ကချေသည်တစ်ဦးအဖြစ် သရုပ်ဆောင်တယ်။ အနီးအနားမှာ ရှိနေတဲ့ ခုနှစ်လွှာ အဖော်အချွတ် ကပွဲရုံမှာ ကပြဖြေဖျော်တယ်။ သူ့ရဲ့ ချစ်သူ အမျိုးသားအဖြစ် Calvin Royal III က သရုပ်ဆောင်ပေးထားတယ်။

Read 1161 times
Rate this item
(0 votes)