What's new

×

Warning

JUser: :_load: Unable to load user with ID: 845


NYFW September 2017

NYFW ဟာ လူအမ်ားတုိ႔ စိတ္၀င္တစား ျဖစ္ၾကရတဲ့ ပြဲႀကီးပြဲေကာင္းတစ္ခု ျဖစ္ပါတယ္။

(Zawgyi + Unicode)

ဘယ္လုိပြဲလဲဟင္

NYFW လုိ႔ အတုိေကာက္ေခၚေ၀ၚတဲ့ နယူးေယာက္ ဖက္ရွင္ သီတင္းပတ္ စက္တင္ဘာ ၂၀၁၇ New York Fashion Week for September 2017 ကုိ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၇ ရက္မွ ၁၃ ရက္အထိ က်င္းပပါတယ္။ မၾကာခင္ ေရာက္ရွိေတာ့မယ့္ ၂၀၁၈ ခုႏွစ္ ေႏြဦးနဲ႔ ေႏြရာသီတုိ႔အတြက္ ဖက္ရွင္ပေဒသာကုိ ဒီဇုိင္းနာေတြက ေမာ္ဒယ္ေတြရဲ႕ ကုိယ္ေပၚမွာ ၀တ္ဆင္ေပးၿပီး ေၾကာင္ေလွ်ာက္မွာ ေလွ်ာက္ျပကာ တင္ျပၾကပါတယ္။ ဒီေတာ့ လာမယ့္ႏွစ္အတြက္ ဖက္ရွင္ေတြကို ပထမဆုံးအျဖစ္ ေဗြေဆာ္ဦး ပြဲထုတ္တဲ့ပြဲႀကီး ျဖစ္ပါတယ္။

 Mansur Gavriel CAMPAIGN 2017

ဘယ္သူေတြ ပါ၀င္

Calvin Klein ကစလုိ႔ Ralph Lauren အဆုံး လူသိအမ်ားဆုံး နာမည္ႀကီးေတြ စုံလင္စြာ ပါ၀င္ၾကတယ္။ သူတို႔ အလွည့္က် ျပသၾကဖုိ႔ အခ်ိန္ဇယားေတြလည္း ေရးဆြဲသတ္မွတ္ေပးထားၿပီးသား ျဖစ္ပါတယ္။ ဥပမာ Victoria Beckham က လာမယ့္ တနဂၤေႏြ ၁၀ ရက္ စက္တင္ဘာမွာ အလွည့္က်တယ္။

မပါျဖစ္သူ

နာမည္ႀကီး brand ျဖစ္တဲ့ Tommy Hilfiger မပါျဖစ္ဘူး။ ဒီေတာ့ သူ႔ရဲ႕ ပင္တုိင္ေမာ္ဒယ္ Gigi Hadid လည္း မလာျဖစ္ေတာ့ဘူး။ ဖက္ရွင္ေလာကမွ ထြက္ခြာသြားတာေတာ့ မဟုတ္ဘူး။ လာမယ့္ စက္တင္ဘာ ၁၉ ရက္မွာ က်င္းပမယ့္ လန္ဒန္ဖက္ရွင္ပြဲက်မွ ျပန္လာၾကမယ္လုိ႔ ေၾကညာထားပါတယ္။

Kanye West ကလည္း ပါ၀င္ျပဖုိ႔ ရွိေပမဲ့ သူ႔ထုံးစံအတုိင္း အခ်ိန္ဇယားမွာ အခ်ိန္ မခ်ိတ္ေသးဘူး။ ဟုိလုိလုိ ဒီလုိုလုိ လုပ္ေကာင္းေနတုန္းပဲ ရွိေသးတယ္။ သူ ဘာတင္ဆက္မွာလဲဆုိတာကုိလည္း ႀကိဳအသိမေပးထားလုိ႔ စိတ္၀င္စားမႈေရခ်ိန္ ျမင့္မားေနတယ္။

 nyfw3

ဘာေတြ  ထူးထူးျခားျခား

Mansur Gavriel က ၀တ္ဆင္ရန္အသင့္ ၀တ္စားဆင္ယင္မႈကုိ ပထမဆုံးအႀကိမ္ အျဖစ္ ျပသမယ္။ ေခတ္စားေနတဲ့ ပတ္၀န္းက်င္ ဖက္ရွင္ေတြကုိ Ulla Johnson နဲ႔ Sies Marjan တုိ႔က တင္ဆက္မယ္။ ပတ္၀န္းက်င္ဖက္ရွင္ဆုိတာက သဘာ၀ပတ္၀န္းက်င္ကုိ မထိခုိက္ေစတဲ့ အရင္းအျမစ္ေတြကေန ကုန္ၾကမ္းရယူၿပီး အ၀တ္အစား ထုတ္လုပ္ျခင္းကုိ ေယဘုယ်အားျဖင့္ ဆုိလုိပါတယ္။ ကုန္ၾကမ္းမွအစ ကုန္ေခ်ာအဆုံး၊ ျဖန္႔ခ်ိေရးအပါ၀င္ ၀တ္ဆင္သူမ်ားအထိ သဘာ၀ပတ္၀န္းက်င္ မထိခုိက္ေအာင္ စီမံထားရတဲ့ ဖက္ရွင္လုိ႔ ဆုိရပါမယ္။

 nsfw app

အက္ပ္ အခမဲ့

NYFW: The Shows အမည္ျဖင့္ အက္ပ္ စီစဥ္ေပးထားတယ္။

အုိင္ဖုန္းအတြက္ အုိင္ကၽြန္းလင့္

https://itunes.apple.com/us/app/id1257685900

အင္ထ႐ြိဳက္ စမတ္ဖုန္းေတြအတြက္ ဂူးဂဲပေလးစတိုးလင့္

https://play.google.com/store/apps/details?id=com.img.nyfw

 Heed 005

ကုန္က်စရိတ္မ်ား

ဖက္ရွင္လုပ္ငန္းတစ္ခု NYFW မွာ ၀င္ျပဖုိ႔အတြက္ ကုန္က်စရိတ္ေခါင္းစဥ္ေတြက ●က်င္းပရန္ေနရာ ခန္းမ ငွားရမ္းခက အၾကမ္းအားျဖင့္ ကန္ေဒၚလာ ၁၅,၀၀၀ ကေန ၆၀,၀၀၀ အထိ အစားစားရွိတယ္။

● ပြဲကုိ စတုိင္ထုတ္ဖုိ႔ Styling က ၁၀ ရက္ေန ၁၄ ရက္အထိ ျပင္ဆင္ေပးရေလ့ရွိၿပီး ထိပ္တန္း stylist ေတြက တစ္ေန႔ကုိ ကန္ေဒၚလာ ၈,၀၀၀ အထိယူေလ့ရွိတယ္။ သူ႔ထက္ငါ ပုိေပးၿပီး ထိပ္တန္း  stylist ေတြကုိ ရေအာင္ ငွားၾကလုိ႔ အခုလုိ ေဈးျမင့္ေနရတာ ျဖစ္ပါတယ္။ အလုအယက္ ငွားမခံရတဲ့ stylist ဆုိရင္ အၿပီးအစီး ကန္ေဒၚလာ ၁၀,၀၀၀ ဆုိရင္ ရႏုိင္ပါတယ္။

● PR က ကန္ေဒၚလာ ၅,၀၀၀ ကေန ၁၅,၀၀၀ အထိ အစားစား ရွိတယ္။

● Producer ကလည္း PR နဲ႔ ေဈး မတ္ိမ္းမယိမ္းပဲ။

● Hair and Makeup အတြက္ကေတာ့ ဖက္ရွင္ဒီဇုိင္နာက အလွကုန္ ကုမၸဏီႀကီးေတြထံမွ ေငြေၾကးရယူၿပီး အဲဒီကုမၸဏီရဲ႕ အလွကုန္ေတြကုိ သုံးစြဲေပးတယ္။

စပြန္ဆာေပးတဲ့ အလွကုန္ကုမၸဏီေတြက ဖက္ရွင္ဒီဇုိင္းနာကုိ ကန္ေဒၚလာ ၅,၀၀၀ ကေန ၁၅,၀၀၀ အထိ ေထာက္ပံ့ေပးၾကေလ့ရွိပါတယ္။

● ေမာ္ဒယ္အတြက္ကုိ ေခၽြတာၾကတယ္။ မထင္မရွာ ေမာ္ဒယ္ေတြ အမ်ားအျပား ပါ၀င္ၾကတာမွာ ဒီဇုိင္းနာေတြက အခေၾကးေငြ ေပးေလ့ မရွိဘူး။ အ၀တ္အစား ပံ့ပုိးေပးတယ္။ အခုလုိ ပြဲႀကီးမွာ ပါခြင့္ရတာအတြက္ ေက်းဇူးေတာင္ တင္ရဦးမယ္လုိ႔ ေျပာရမယ့္ အေနအထားျဖစ္ေနလုိ႔ ေငြမေပးၾကဘူး။ ေပးရင္လည္း ပြဲတစ္ခုလုံးအတြက္ ပုတ္ျပတ္ ကန္ေဒၚလာ ၁၅၀ ေပးေလ့ရွိတယ္။ နာမည္နည္းနည္းရတဲ့ ဒီဇုိင္းနာေတြကေတာ့ ကန္ေဒၚလာ ၂၀၀ ကေန ၅၀၀ အထိ သဒၶါေၾကး ေပးတယ္။ ႏုိင္ငံတကာ ထိပ္တန္း ကုမၸဏီေတြကေတာ့ နာမည္ပ်က္မခံႏုိင္တာေၾကာင့္ ကန္ေဒၚလာ ၈၀၀ ကေန ၁,၀၀၀ အထိေပးတယ္။ ၁,၀၀၀ က ပုံမွန္ေဈး ျဖစ္ပါတယ္။ ၈၀၀ က ေဈးႏွိမ္ၿပီး သတ္မွတ္တဲ့ႏႈန္း ျဖစ္ပါတယ္။

NYFW Front Row How The Celebs Do Fashion Week.jl.020717

● ေမာ္ဒယ္မွာ ေခၽြတာေပမဲ့ ေရွ႕ဆုံးတန္းထုိင္ခုံမွာ လာထုိင္ေပးဖုိ႔ celebrity ကုိ ငွားတာကုိေတာ့ ေခၽြတာလုိ႔ မရဘူး။ ေရပန္းစားရင္ စားသလုိ၊ သတင္းဓာတ္ပုံေတြထဲ ပါေအာင္ လုပ္တာ ေတာ္ရင္ေတာင္သလုိ ေပးရတာမုိ႔ ကန္ေဒၚလာ တစ္သိန္းအထိ ေပးရတယ္။ နာမည္သိပ္မႀကီး ေရပန္းသိပ္မစား ကန္ေဒၚလာ တစ္ေသာင္းခြဲေလာက္နဲ႔ ေက်နပ္ၾကတယ္။ နာမည္သိပ္မရေသးတဲ့သူေတြက်ေတာ့ အ၀တ္အစား၊ တည္းခုိစရိတ္၊ ေလယာဥ္ခရီးစရိတ္ ေပးၿပီး ပြဲတက္ခုိင္းၾကေလ့ရွိတယ္။ ေျခၾကြခရယ္လုိ႔ သီးျခား မေပးဘူး။

● Livestreaming ကေတာ့ ပြဲခန္းမ ငွားရမ္းတာမွာတစ္ပါတည္း ပါၿပီးသား။ တျခားေနရာမွာ ျဖစ္ပ်က္တာေတြကုိ Livestreaming လႊင့္တင္ခ်င္ရင္ ႐ုိက္ကူးေရးနဲ႔ ထုတ္လႊင့္ခေတြ သပ္သပ္ထပ္ေပးရတယ္။ ကန္ေဒၚလာ ႏွစ္ေသာင္းကေန ငါးေသာင္းအထိ ကုန္က်တယ္။ Livestreaming လႊင့္ခ ကန္ေဒၚလာ ၁၂,၀၀၀ ပါၿပီးသား ျဖစ္ပါတယ္။

● စုစုေပါင္း ကုန္က်စရိတ္ဟာ celebrity ပြဲတက္ခ မပါ သာမန္အားျဖင့္ ကန္ေဒၚလာ ႏွစ္သိန္း၀န္းက်င္ ရွိပါတယ္။ Marc Jacobs, Burberry နဲ႔ Chanel တုိ႔လုိ နာမည္ႀကီး brand ေတြကေတာ ကန္ေဒၚလာ တစ္သန္း၀န္းက်င္ သုံးစြဲၾကတယ္။ ကုမၸဏီရဲ႕ ဖက္ရွင္ေတြ ျပသတဲ့ ေၾကာင္ေလွ်ာက္ ျပသခ်ိန္နာရီပုိင္းအရ တြက္ၾကည့္ရင္ တစ္စကၠန္႔ကုိ ကန္ေဒၚလာ ၁,၇၅၀ က်သင့္ပါသတဲ့။

NYFW September 2017

=====================

ဘယ်လိုပွဲလဲဟင်

NYFW လို့ အတိုကောက်ခေါ်ဝါ်တဲ့ နယူးယောက် ဖက်ရှင် သီတင်းပတ် စက်တင်ဘာ ၂၀၁၇ New York Fashion Week for September 2017 ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပပါတယ်။ မကြာခင် ရောက်ရှိတော့မယ့် ၂၀၁၈ ခုနှစ် နွေဦးနဲ့ နွေရာသီတို့အတွက် ဖက်ရှင်ပဒေသာကို ဒီဇိုင်းနာတွေက မော်ဒယ်တွေရဲ့ ကိုယ်ပေါ်မှာ ဝတ်ဆင်ပေးပြီး ကြောင်လျှောက်မှာ လျှောက်ပြကာ တင်ပြကြပါတယ်။ ဒီတော့ လာမယ့်နှစ်အတွက် ဖက်ရှင်တွေကို ပထမဆုံးအဖြစ် ဗွေဆော်ဦး ပွဲထုတ်တဲ့ပွဲကြီး ဖြစ်ပါတယ်။

ဘယ်သူတွေ ပါဝင်

Calvin Klein ကစလို့ Ralph Lauren အဆုံး လူသိအများဆုံး နာမည်ကြီးတွေ စုံလင်စွာ ပါဝင်ကြတယ်။ သူတို့ အလှည့်ကျ ပြသကြဖို့ အချိန်ဇယားတွေလည်း ရေးဆွဲသတ်မှတ်ပေးထားပြီးသား ဖြစ်ပါတယ်။ ဥပမာ Victoria Beckham က လာမယ့် တနင်္ဂေနွ ၁၀ ရက် စက်တင်ဘာမှာ အလှည့်ကျတယ်။

မပါဖြစ်သူ

နာမည်ကြီး brand ဖြစ်တဲ့ Tommy Hilfiger မပါဖြစ်ဘူး။ ဒီတော့ သူ့ရဲ့ ပင်တိုင်မော်ဒယ် Gigi Hadid လည်း မလာဖြစ်တော့ဘူး။ ဖက်ရှင်လောကမှ ထွက်ခွာသွားတာတော့ မဟုတ်ဘူး။ လာမယ့် စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပမယ့် လန်ဒန်ဖက်ရှင်ပွဲကျမှ ပြန်လာကြမယ်လို့ ကြေညာထားပါတယ်။

Kanye West ကလည်း ပါဝင်ပြဖို့ ရှိပေမဲ့ သူ့ထုံးစံအတိုင်း အချိန်ဇယားမှာ အချိန် မချိတ်သေးဘူး။ ဟိုလိုလို ဒီလိုလို လုပ်ကောင်းနေတုန်းပဲ ရှိသေးတယ်။ သူ ဘာတင်ဆက်မှာလဲဆိုတာကိုလည်း ကြိုအသိမပေးထားလို့ စိတ်ဝင်စားမှုရေချိန် မြင့်မားနေတယ်။

ဘာတွေ ထူးထူးခြားခြား

Mansur Gavriel က ဝတ်ဆင်ရန်အသင့် ဝတ်စားဆင်ယင်မှုကို ပထမဆုံးအကြိမ် အဖြစ် ပြသမယ်။ ခေတ်စားနေတဲ့ ပတ်ဝန်းကျင် ဖက်ရှင်တွေကို Ulla Johnson နဲ့ Sies Marjan တို့က တင်ဆက်မယ်။ ပတ်ဝန်းကျင်ဖက်ရှင်ဆိုတာက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အရင်းအမြစ်တွေကနေ ကုန်ကြမ်းရယူပြီး အဝတ်အစား ထုတ်လုပ်ခြင်းကို ယေဘုယျအားဖြင့် ဆိုလိုပါတယ်။ ကုန်ကြမ်းမှအစ ကုန်ချောအဆုံး၊ ဖြန့်ချိရေးအပါဝင် ဝတ်ဆင်သူများအထိ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် စီမံထားရတဲ့ ဖက်ရှင်လို့ ဆိုရပါမယ်။

အက်ပ် အခမဲ့

NYFW: The Shows အမည်ဖြင့် အက်ပ် စီစဉ်ပေးထားတယ်။

အိုင်ဖုန်းအတွက် အိုင်ကျွန်းလင့်

https://itunes.apple.com/us/app/id1257685900

အင်ထရွိုက် စမတ်ဖုန်းတွေအတွက် ဂူးဂဲပလေးစတိုးလင့်

https://play.google.com/store/apps/details?id=com.img.nyfw

ကုန်ကျစရိတ်များ

ဖက်ရှင်လုပ်ငန်းတစ်ခု NYFW မှာ ဝင်ပြဖို့အတွက် ကုန်ကျစရိတ်ခေါင်းစဉ်တွေက ကျင်းပရန်နေရာ ခန်းမ ငှါးရမ်းခက အကြမ်းအားဖြင့် ကန်ဒေါ်လာ ၁၅,ဝဝဝ ကနေ ၆၀,ဝဝဝ အထိ အစားစားရှိတယ်။

ပွဲကို စတိုင်ထုတ်ဖို့ Styling က ၁၀ ရက်နေ ၁၄ ရက်အထိ ပြင်ဆင်ပေးရလေ့ရှိပြီး ထိပ်တန်း stylist တွေက တစ်နေ့ကို ကန်ဒေါ်လာ ၈,ဝဝဝ အထိယူလေ့ရှိတယ်။ သူ့ထက်ငါ ပိုပေးပြီး ထိပ်တန်း stylist တွေကို ရအောင် ငှါးကြလို့ အခုလို ဈေးမြင့်နေရတာ ဖြစ်ပါတယ်။ အလုအယက် ငှါးမခံရတဲ့ stylist ဆိုရင် အပြီးအစီး ကန်ဒေါ်လာ ၁၀,ဝဝဝ ဆိုရင် ရနိုင်ပါတယ်။

PR က ကန်ဒေါ်လာ ၅,ဝဝဝ ကနေ ၁၅,ဝဝဝ အထိ အစားစား ရှိတယ်။

Producer ကလည်း PR နဲ့ ဈေး မတိ်မ်းမယိမ်းပဲ။

Hair and Makeup အတွက်ကတော့ ဖက်ရှင်ဒီဇိုင်နာက အလှကုန် ကုမ္ပဏီကြီးတွေထံမှ ငွေကြေးရယူပြီး အဲဒီကုမ္ပဏီရဲ့ အလှကုန်တွေကို သုံးစွဲပေးတယ်။

စပွန်ဆာပေးတဲ့ အလှကုန်ကုမ္ပဏီတွေက ဖက်ရှင်ဒီဇိုင်းနာကို ကန်ဒေါ်လာ ၅,ဝဝဝ ကနေ ၁၅,ဝဝဝ အထိ ထောက်ပံ့ပေးကြလေ့ရှိပါတယ်။

မော်ဒယ်အတွက်ကို ချွေတာကြတယ်။ မထင်မရှာ မော်ဒယ်တွေ အများအပြား ပါဝင်ကြတာမှာ ဒီဇိုင်းနာတွေက အခကြေးငွေ ပေးလေ့ မရှိဘူး။ အဝတ်အစား ပံ့ပိုးပေးတယ်။ အခုလို ပွဲကြီးမှာ ပါခွင့်ရတာအတွက် ကျေးဇူးတောင် တင်ရဦးမယ်လို့ ပြောရမယ့် အနေအထားဖြစ်နေလို့ ငွေမပေးကြဘူး။ ပေးရင်လည်း ပွဲတစ်ခုလုံးအတွက် ပုတ်ပြတ် ကန်ဒေါ်လာ ၁၅၀ ပေးလေ့ရှိတယ်။ နာမည်နည်းနည်းရတဲ့ ဒီဇိုင်းနာတွေကတော့ ကန်ဒေါ်လာ ၂၀၀ ကနေ ၅၀၀ အထိ သဒ္ဓာကြေး ပေးတယ်။ နိုင်ငံတကာ ထိပ်တန်း ကုမ္ပဏီတွေကတော့ နာမည်ပျက်မခံနိုင်တာကြောင့် ကန်ဒေါ်လာ ၈၀၀ ကနေ ၁,ဝဝဝ အထိပေးတယ်။ ၁,ဝဝဝ က ပုံမှန်ဈေး ဖြစ်ပါတယ်။ ၈၀၀ က ဈေးနှိမ်ပြီး သတ်မှတ်တဲ့နှုန်း ဖြစ်ပါတယ်။

မော်ဒယ်မှာ ချွေတာပေမဲ့ ရှေ့ဆုံးတန်းထိုင်ခုံမှာ လာထိုင်ပေးဖို့ celebrity ကို ငှါးတာကိုတော့ ချွေတာလို့ မရဘူး။ ရေပန်းစားရင် စားသလို၊ သတင်းဓာတ်ပုံတွေထဲ ပါအောင် လုပ်တာ တော်ရင်တောင်သလို ပေးရတာမို့ ကန်ဒေါ်လာ တစ်သိန်းအထိ ပေးရတယ်။ နာမည်သိပ်မကြီး ရေပန်းသိပ်မစား ကန်ဒေါ်လာ တစ်သောင်းခွဲလောက်နဲ့ ကျေနပ်ကြတယ်။ နာမည်သိပ်မရသေးတဲ့သူတွေကျတော့ အဝတ်အစား၊ တည်းခိုစရိတ်၊ လေယာဉ်ခရီးစရိတ် ပေးပြီး ပွဲတက်ခိုင်းကြလေ့ရှိတယ်။ ခြကြွေခရယ်လို့ သီးခြား မပေးဘူး။

Livestreaming ကတော့ ပွဲခန်းမ ငှါးရမ်းတာမှာတစ်ပါတည်း ပါပြီးသား။ တခြားနေရာမှာ ဖြစ်ပျက်တာတွေကို Livestreaming လွှင့်တင်ချင်ရင် ရိုက်ကူးရေးနဲ့ ထုတ်လွှင့်ခတွေ သပ်သပ်ထပ်ပေးရတယ်။ ကန်ဒေါ်လာ နှစ်သောင်းကနေ ငါးသောင်းအထိ ကုန်ကျတယ်။ Livestreaming လွှင့်ခ ကန်ဒေါ်လာ ၁၂,ဝဝဝ ပါပြီးသား ဖြစ်ပါတယ်။

စုစုပေါင်း ကုန်ကျစရိတ်ဟာ celebrity ပွဲတက်ခ မပါ သာမန်အားဖြင့် ကန်ဒေါ်လာ နှစ်သိန်းဝန်းကျင် ရှိပါတယ်။ Marc Jacobs, Burberry နဲ့ Chanel တို့လို နာမည်ကြီး brand တွေကတော ကန်ဒေါ်လာ တစ်သန်းဝန်းကျင် သုံးစွဲကြတယ်။ ကုမ္ပဏီရဲ့ ဖက်ရှင်တွေ ပြသတဲ့ ကြောင်လျှောက် ပြသချိန်နာရီပိုင်းအရ တွက်ကြည့်ရင် တစ်စက္ကန့်ကို ကန်ဒေါ်လာ ၁,၇၅၀ ကျသင့်ပါသတဲ့။

Read 1112 times
Rate this item
(0 votes)