What's new

×

Warning

JUser: :_load: Unable to load user with ID: 844


Myanmar Textile and Garment Exhibition

Fabric Exhibition Myanmar Fabric Exhibition Myanmar Fabric Google

ပဉ္ဓမအကြိမ်မြောက်မြန်မာ့အပြည်ပြည်ဆိုင်ရာချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာစက်ပစ္စည်းပြပွဲကြီး

 

ကိုရန်ကုန်မြို့ တွင်ဇွန်လ(၂၄)ရက်မှ(၂၇)ရက်အတွင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂၀၁၆-ခုနှစ်ပဉ္ဓမအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲကြီး (MTG-2016) ကိုဇွန်လ(၂၄)ရက်မှ(၂၇)ရက်အတွင်းကျင်းပရန်စီစဉ်ထားပါသည်။

Myanmar Event Park (MEP)တွင် ပြုလုပ်မည့်ထိုပြပွဲကြီးတွင်(၁၆)နိုင်ငံမှပြပွဲပြသသူ(၁၆၀)ဦးတို့ကစုစည်းပြီးပြခန်းပေါင်း(၃၂၀)ကို ၎င်းတို့ ၏နောက်ဆုံးပေါ် ထုတ်ကုန်များနှင့်နည်းပညာများ ကိုပြသသွားမည်ဖြစ်ရာကမ္ဘာအနှံ့မှချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာကုမ္ပဏီများ   အတွက်အရေးပါသည့်ကုန်သွယ်မှုပြုရာစင်မြင့်တစ်ခုအဖြစ်နောက်တစ်ကြိမ်အကျိုးပြုဦးမည်ဖြစ်ပါသည်။

ယခုကဲ့သို့ ပဉ္စမအကြိမ်မြောက်ပြပွဲစီမံတင်ပြမှုတွင် ထိုသို့ ကြီးကျယ်ခန်းနားသောပြပွဲကိုစီစဉ်သူမှာ Yorkers Trade & Marketing ServiceCo.,Ltdနှင့်မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA)တို့ကပူးပေါင်းစည်း ရုံးဆောင် ရွက်ခြင်းဖြစ်ပြီးပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ကတရားဝင်ပံ့ပိုးကူညီထားပါသည်။

ဤပြပွဲကြီးတွင်ချည်မျှင်နှင့်အထည်အလိပ်ငန်းနာမည်ကျော်အမှတ်တံဆိပ်များဖြင့်ရပ်တည်နေသည့်နိုင်ငံများနှင့်နေရာ များဖြစ်သာ များဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ စင်္ကာပူ၊ဆွစ်ဇာလန်၊ထိုင်ဝမ်၊ထိုင်း၊ယူအက်(စ်)အေနှင့် ဗီယက်နမ်နိုင်ငံတို့မှတပြိုင်နက်ပါဝင်ပြသသွားမည် ဖြစ်ပါသည်။

၎င်းတို့အနက် ကိုရီးယားနိုင်ငံ မှကိုရီးယားနိုင်ငံပြခန်းဖြင့်တီထွင်ဖန်တီးထားသည့်ထုတ်ကုန်များ အမျိုးမျိုးကိုစုံစုံလင်လင် တည်ခင်းပြသသွားမည်ဖြစ်ရာ ကုန်သွယ်မှုမှတ်တန်းများ ကိုသိသိသာသာစံချိန်ချိုးနိုင်မည်ဟုမျှော်လင့်မိပါသည်။

ထို့အပြင်နိုင်ငံတကာ ထိပ်တန်းစက်မှု အသင်းကြီးတော်တော်များများကလည်းဤပြပွဲကြီးကိုထိထိရောက်ရောက်ဝိုင်းဝန်းပံ့ပိုးသွားကြမည်ဖြစ်သည်။

၎င်းတို့ အနက်ထိုင်ဝမ်စက်ပစ္စည်းလုပ်ငန်းအသင်း(TAMI)၊ထိုင်ဝမ်အပ်ချုပ်စက်အသင်း(TSMA)၊ကိုရီးယားစက်ချုပ်အသင်း (KOSMIA)နှင့်ချည်ထည်ပြည်ပပို့ ကုန်မြှင့်တင်ရေးကောင်စီ(TEXPROCIL) တို့ ပါဝင်ကြပါသည်။

 

Read 3255 times
Rate this item
(1 Vote)