What's new
×
Warning
JUser: :_load: Unable to load user with ID: 845
PROPACK MYANMAR 2017
ZAWGYI+UNICODE ကမ္ဘာ့ထိပ်တန်း အသွက်ဖက်ရှင်လုပ်ငန်းကြီး H&M မှ မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် အ၀တ်အစားများကိုလည်း ပြသထားသည်။
PRO PAK WATER
INDUSTRY MININSTRY
lake sar
HnM
TOP 10 အ၀တ်အစားBRANDS
အသွက်ဖက်ရှင် Fast Fashion
ပြောမယုံ ကြုံမှယုံစရာ ဖြစ်ရအောင် အဆန်းနည်းပညာများ၊ ထုပ်ပိုးပစ္စည်းများ ပြသထားသည့် Propack Myanmar 2017 ကို သွာရောက်ကြည့်ရှုမည်ဆိုပါက အနည်းဆုံးအနေဖြင့် အမြင်ကျယ်မည်၊ ဗဟုသုတတိုးမည်။ လုပ်ငန်းရှင်တစ်ဦးအဖို့ မိမိလုပ်ငန်းအတွက် ယခုမလုပ်နိုင်သေးလျှင်တောင် နောက်နောင်တွင် မည်သို့ စီမံထုပ်ပိုးခြင်းဖြင့် မိမိ၏ ထုတ်ကုန် ရောင်းပန်းလှခြင်း၊ တာရှည်ခံခြင်း၊ ဈေးကောင်းရခြင်းများ အကျိုးဖြစ်ထွန်းနိုင်ပုံကို မြင်သွားမည် ဖြစ်သည်။
Myanmar Event Park နေရာသစ် တည်နေရာမှာ မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ အနီးရှိ အောင်သိဒ္ဓိလမ်းမနှင့် မင်းဓမ္မတို့ ဆုံသည့် လမ်းထောင့်တွင် ဖြစ်ပါသည်။
UNICODE
PROPACK MYANMAR 2017
=================
ကမ္ဘာ့ထိပ်တန်း အသွက်ဖက်ရှင်လုပ်ငန်းကြီး H&M မှ မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် အဝတ်အစားများကိုလည်း ပြသထားသည်။
နေရာသစ် MEP၏ ပွဲဦးထွက်ပြပွဲအဖြစ် Propack Myanmar 2017 ကို ပြသရာ စိတ်ဝင်စားစရာ အကောင်းဆုံးမှာ အရည်ဘူးဖြစ်သည်။
ပြပွဲလာသူများကို အခမဲ့လက်ဆောင်ပေးေဝရာ၌ ရေသန့်ဘူးငယ်အဖြစ် ပေးေဝသည်။ ရေကုန်အောင် သောက်ပြီးသောအခါ ဘူးကို ပြားချပ်အောင် ပြုပေးဖို့ စီမံပေးထားသည်။ ထိုသို့ပြားချပ်နေသဖြင့် အမှိုက်ပုံးထဲတွင် နေရာယူခြင်း အတော်လျော့နည်းသွားသည်။ နောက်ထပ် ထူးခြားချက်မှာ ဘူးကိုယ်ထည်ကို တစ်ဖန်ပြန်လည်သုံးစွဲ၍ ရသောပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ မြေကမ္ဘာနှင့် မိတ်ဖက်ကျသော ရေဘူးဖြစ်သည်။ တစ်ခါသုံးအဖြစ် ထုတ်လုပ်ထားသော်လည်း လွှင့်မပစ်သေးဘဲ နောက်ထပ် အကြိမ်အတော်များများ ရပြေန်ဖြည့်ပြီး ပြန်သုံး၍ရသည်။ သို့ဖြစ်ရာ ခရီးဆောင်အဖြစ် သယ်ဆောင်သွားပြီး ရေကုန်သည့်အခါ ပြားချပ်ချပ်ပြုပြီး သိမ်းဆည်းသယ်ဆောင်ရန် လွယ်ကူနေစေသည်။ အဆိုပါ ဘူးဒီဇိုင်းကို ကမ္ဘာ့အကြီးဆုံးထုပ်ပိုးလုပ်ငန်းစုကြီး ဖြစ်သည့် Tetra Pak၏ ထိုင်းနိုင်ငံဌာနခွဲမှ တင်ဆက်ထားခြင်း ဖြစ်သည်။
Propack Myanmar 2017 ကို ယနေ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက် တွင် စတင်ပြသပြီး လာမည့် စနေနေ့ စက်တင်ဘာလ ၂၃ ရက်အထိ ပြသမည်ဖြစ်သည်။ အဓိကအားဖြင့် အသေးစား ကုန်ထုတ်လုပ်ငန်းများသည် မိမိ၏ ထုတ်ကုန်ကို ထုပ်ပိုးဂုဏ်ရည်ပြည့်စွာဖြင့် ထုပ်ပိုးနိုင်စေမည့် စက်ငယ်များ၊ နည်းပညာများ၊ ထုပ်ပိုးပစ္စည်းများကို ပြသထားသည်။ ထို့အပြင် လုပ်ငန်းအပ်နှံ၍ လုပ်ကိုင်လိုပါကလည်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၏ ပြခန်းအချို့ကိုလည်း တွေ့ရသည်။ ထုပ်ပိုးရန် ပစ္စည်း၊ နည်းပညာမှအစ အကြံပေးခြင်းအဆုံး ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများ ဖြစ်သည်။ မြန်မာပြည်အတွက် ဒေသခံ ကိုယ်စားလှယ် ထားရှိလို့သည် ကုမ္ပဏီများလည်း ရှိသည်။ အကယ်၍ စီးပွားရေးကိစ္စ တွေ့ဆုံဆွေးနွေးလိုပါက ပြပွဲရုံ၏ အပေါ်ထပ်တွင် အခန်းငယ်မျာ အသင့်စီစဉ်ပေးထားသည်။
ပြပွဲ့တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်းအမျိုးမျိုးတို့၏ အသင်းများ ပြခန်းများလည်း ပါဝင်သည်။ အစိုးရပိုင်းအနဖြေင့် စက်မှုဝန်ကြီးဌာနှ ပြခန်းတွဲကြီးတစ်ခုဖြင့် ပြသထားသည်။ ပုဂ္ဂလိကကဏ္ဍနှင့်ပူးတွဲလုပ်ကို်င်သော ထုတ်ကုန်များကို ခင်းကျင်းပြသထားရာ ဘိလပ်မြေ၊ မှန်စားပွဲအလှ စသည်တို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ အသေးစားလုပ်ငန်းများ၏ ထုတ်ကုန်များကိုလည်း ပြသထားသည်။ အနယ်နယ်အရပ်ရပ်မှ အသေးစားလုပ်ငန်းများ၏ ထုတ်ကုန်များ ရောင်းချလိုလျှင် ဖြစ်စေ၊ ဝယ်ယူပြီး ဖြန့်ဖြူးရောင်းချလိုလျှင်ဖြစ်စေ ဆုံမှတ်အဖြစ်
အင်ကျူဗေးရှင်းစင်တာ (incubation center) ကို အမှတ်(၅)၊ သလ္လာဝတီလမ်း၊ ၇ မိုင်၊ မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့ ဖုန်း ဝ၁ ၆၅၅၇၀၆ ကို ဆက်သွယ်နိုင်ပါကြောင်းကို အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက် စေတနာရှေ့ထားပြီး ဖော်ပြအသိပေးအပ်ပါသည်။ ပါရမီလမ်းနှင့် ပြည်လမ်း လမ်းဆုံ၊ ယခင်က အေဒီလမ်းဆုံဟု ခေါ်သည့်လမ်းဆုံအလွန်တွင် တည်ရှိပါသည်။ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဖွင့်လှစ်ထားသော စင်တာ ဖြစ်ပါသည်။ လက်ထောက်ညွှန်ကြားရေးမှူး ဝ၉၂၆၂၀၆၉၃၇၉ သို့ဖြစ်စေ၊ ဌာနမှူး ဝ၉၄၂၃၇၂၁၅၉၀ သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရသည်။ အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက် နိုင်ငံတစ်လွှားရှိ ဈေးကွက်များသို့ မိမိထုတ်ကုန် ရောက်ရှိရန် လမ်းပေါက်တစ်ခုဟု ရှုမြင်သုံးသပ်မိပါသည်။
ကမ္ဘာ့ထိပ်တန်း အသွက်ဖက်ရှင်လုပ်ငန်းကြီး H&M မှ မြန်မာနိုင်ငံတွင် ချုပ်လုပ်သည့် အဝတ်အစားများကိုလည်း ပြသထားသည်။
ကမ္ဘာ့ထိပ်တန်း Brand (၁၀) ခု အကြောင်း ဖတ်ရှုရန် လင့်ခ်
TOP 10 အ၀တ္အစားBRANDS
အသွက်ဖက်ရှင်ဆိုတာ ဘာလဲ ဖတ်ရှုရန်လင့်ခ်
အသြက္ဖက္ရွင္ Fast Fashion
ပြောမယုံ ကြုံမှယုံစရာ ဖြစ်ရအောင် အဆန်းနည်းပညာများ၊ ထုပ်ပိုးပစ္စည်းများ ပြသထားသည့် Propack Myanmar 2017 ကို သွာရောက်ကြည့်ရှုမည်ဆိုပါက အနည်းဆုံးအနဖြေင့် အမြင်ကျယ်မည်၊ ဗဟုသုတတိုးမည်။ လုပ်ငန်းရှင်တစ်ဦးအဖို့ မိမိလုပ်ငန်းအတွက် ယခုမလုပ်နိုင်သေးလျှင်တောင် နောက်နောင်တွင် မည်သို့ စီမံထုပ်ပိုးခြင်းဖြင့် မိမိ၏ ထုတ်ကုန် ရောင်းပန်းလှခြင်း၊ တာရှည်ခံခြင်း၊ ဈေးကောင်းရခြင်းများ အကျို်းဖြစ်ထွန်းနိုင်ပုံကို မြင်သွားမည် ဖြစ်သည်။
Myanmar Event Park နေရာသစ် တည်နေရာမှာ
မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ အနီးရှိ
အောင်သိတ်ဒိလမ်းမ
နှင့် မင်းဓမ္မတို့ ဆုံသည့် လမ်းထောင့်တွင် ဖြစ်ပါသည်။
Read 1092 times
Rate this item
(0 votes)