What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ရက်လုပ်မှုဒီဇိုင်း မူပိုင်ခွင့် ဆိုင်ရာများ ဟောပြောဆွေးနွေးပွဲကို မန္တလေးမြို့တွင် ကျင်းပ

အထည်ရက်လုပ်မှုဒီဇိုင်း မူပိုင်ခွင့် ဆိုင်ရာများ ဟောပြောဆွေးနွေးပွဲကို မန္တလေးမြို့တွင် ကျင်းပ Google

ပညာရေးဝန်ကြီးဌာန ၊ သုတေသန နှင့် တီထွင် ဆန်းစစ်မှုဦးစီးဌာန မူပိုင်ခွင့်ဌာန ၊ စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဆောင်းဒါးရက်ကန်း) နှင့်

 

အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်း၍ ရိုးရာ လွန်းရာချိတ်နှင့် အထည်ရက်လုပ်မှု ဒီဇိုင်းဆိုင်ရာ မူပိုင်ခွင့် များသိရှိနားလည်စေရန်

 

ဟောပြောဆွေးနွေးပွဲ တစ်ခုကိုကျင်းပခဲ့ပါတယ်။

 

အဆိုပါဆွေးနွေးပွဲကိုတော့ မတ်လ ၃ ရက်နေ့ ၊ နံနက် ၉ နာရီခန့်က မန္တလေးခရိုင် အမပူရမြို့နယ် ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးသိပ္ပံ

 

သင်တန်းခန်းမ ၌ ကျင်းပခဲ့ပါတယ်။

 

ဆွေးနွေးပွဲကို ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံ ကျောင်းအုပ်ကြီး ဒေါ်တင့်တင့် ၊ အထည်အလိပ်လုပ်ငန်းရှင်များအသင်း (မန္တလေး)

 

ဥက္ကဌ ဦးစိုးလွင်ထွန်း ၊ မြန်မာနိုင်ငံကြိုးကြီးချိတ် လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးကျော် စသည့် ကဏ္ဍအသီးသီးမှ

 

တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။

 

ထို့နောက် ဆွေးနွေးပွဲတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ၊ မူပိုင်ခွင့် ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က

 

မူပိုင်ခွင့်သိကောင်းစရာများကိုလည်းကောင်း ၊ ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနွယ်အေး က ရိုးရာအသိပညာနှင့် ရိုးရာယဉ်ကျေးမှုဖော်ပြချက်မျာ

 

အကြောင်း သိကောင်းစရာများကိုလည်းကောင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ခိုင်လင်းက စက်မှုဒီဇိုင်းမှု မူပိုင်ခွင့် အကြောင်း

 

သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးဟောပြောကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။

 

Source : စံတော်ချိန်

 

ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

ပညာရေးဝန်ကြီးဌာန ၊ သုတေသန နှင့် တီထွင် ဆန်းစစ်မှုဦးစီးဌာန မူပိုင်ခွင့်ဌာန နှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဆောင်းဒါးရက်ကန်း) နှင့်

 


 



 


 

ဆွေးနွေးပွဲကို ဆောင်းဒါရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံ ကျောင်းအုပ်ကြီး ဒေါ်တင့်တင့် ၊ အထည်အလိပ်လုပ်ငန်းရှင်များအသင်း (မန္တလေး)

 


 



 


 


 


 

Source : စံတော်ချိန်

 


 

Myanmar Textile and Garment Directory 

Read 1045 times
Rate this item
(0 votes)
Tagged under