What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်ကုန်စည်ပြပွဲ

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ဗီယက်နမ်ကုန်စည်ပြပွဲကို

ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဗီယက်နမ်စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ဆိုရှယ်လစ်သမ္မတဗီယက်နမ်နိုင်ငံသံရုံးမှ ဆောင်ရွက်ပေးပြီး ဗီယက်နမ်ကုန်သွယ်မှု မြှင့်တင်ရေးအေဂျင်စီ (VIETNAM) – MOIT ဗီယက်နမ်တို့မှ ဦးစီး၍ ပြုလုပ်ကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံမှ ပြသခဲ့သော ကုန်စည်ပြပွဲများအနက် အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ပွဲတော်ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ပြပွဲတွင် ပြခန်းပေါင်း ၁၂၀ ခင်းကျင်းပြသ ထားမှာဖြစ်ပါတယ်။

ဗီယက်နမ်ရှိ အကြီးမားဆုံး ကုမဏီကြီးများအပါအ၀င် ပြပွဲတွင် ပါဝင်တင်ဆက်ပြသသော လုပ်ငန်းရှင်ကြီးပေါင်း ၆၀ ကျော်နှင့် တွေ့ဆုံခွင့်ရရှိမည်ဖြစ်ပါတယ်။

ဗီယက်နမ်ကုန်စည်ပြပွဲသည် စီးပွားရေးအတူလက်တွဲ၍ လုပ်ကိုင်နိုင်မည့် အစုစပ်ဝင်များနှင့်လည်း တွေ့ရှိနိုင်မည့် ပွဲတော်ကြီးဖြစ်ပြီး မဟာဗျူဟာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစုစပ်လုပ်ငန်းများ ဖွဲ့စည်းထူထောင်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကြီး ဖြစ်ပါတယ်။

ပြပွဲတွင် ပါဝင်ပြသမည့် ပစ္စည်းများမှာ အ၀တ်အထည်များ၊ စားသောက်ကုန်နှင့် အဖျော်ယမကာများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read 1176 times
Rate this item
(1 Vote)