မြန်မာတွင်းထွက်ရတနာအစစ်များဖြင့် ဖန်တီးချုပ်လုပ်ထားသောမင်္ဂလာဝတ်စုံများ၊ခေတ်ပေါ်ဝတ်စုံဒီဇိုင်းများပြသခဲ့သည့် Aroma fashion show 2018အကြောင်းကို ဒီဇိုင်နာကိုအောင်မြတ်သူကိုမေးမြန်းထားတာကတော့.............
-Aroma ရဲ့ fashion show2018 ပွဲကြီးမှာဘယ်လိုဝတ်စုံတွေဖန်တီးထားလဲဆိုတာပြောပြပေးပါဦး။
ကျွန်တော်တို့ aroma ရဲ့ fashion show 2018ပွဲအတွက် အဓိကကမြန်မာနိုင်ငံကထွက်ရှိတဲ့ တွင်းထွက်ကျောက်မျက်ရတနာတွေအစစ်တွေနဲ့ အကောင်းဆုံးတီထွင်ဖန်တီးထားပါတယ်။ ဒီလိုကျောက်မျက်ရတနာကို ဘာကြောင့် ဖန်တီးဖြစ်လဲဆိုရင် တွင်းထွက်ရတနာနဲ့ဝတ်စုံဖန်တီးသူတွေမရှိသေးတဲ့ အတွက်ကြောင့်နဲ့ ကျောက်မျက်ရတနာတခုချင်းဆီမှာ ဂုဏ်သတ္တိတခုစီရှိကြတာကြောင့်ပါ။ဒီဂုဏ်သတ္တိတွေက ၀တ်ဆင်သူတွေအတွက် အကျိုးသက်ရောက်မှုတွေရှိစေပါတယ်။ဘာဖြစ်လို့ထည့်ချုပ်ရလဲဆို ဥပမာကျောက်စိမ်းပေါ့ ၊ကျောက်စိမ်းဆိုဝတ် ဆင်တဲ့ သူတွေအတွက် လာဘ်လာဘတွေကောင်းစေတယ်။ ပြီးတော့ကျန်းမာရေးကောင်းစေတယ်။ မိသားစုတွင်းမှာဘဲကျောက်စိမ်းဝတ်တဲ့ အတွက်ကံကောင်းခြင်းတွေရစေတယ်ဆိုပြီး ကျောက်စိမ်းမှာဂုဏ်သတ္တိတခုရှိပြီးသားပေါ့။ဒါကြောင့်သတိုးသမီးတယောက်အနေနဲ့လဲကိုယ်မင်္ဂလာယူချိန်ကစပြီးမင်္ဂလာရှိသွားတယ်ပေါ့။ဒါကြောင့်ကျောက်မျက်ရတနာနဲ့ဖန်တီးဖြစ်ပါတယ်။ ရတနာကိုးပါးကို ထဘီသိမ်းမှာ ပုံဖော်ပြီးပြသခဲ့ပါတယ်။ပြီးတော့ တိုင်းရင်းသားဝတ်စုံဖြစ်တဲ့ ကချင်၊ရခိုင်၊ရှမ်း၊မွန် တိုင်းရင်းသား၎မျိုးရဲ့ရိုးရာ ၀တ်စုံကိုမှထဘီသိမ်းပုံစံ ချုပ်လုပ်ထားတဲ့ ၀တ်စုံတွေလဲပြသခဲ့ပါတယ်။ တပ်မတော်စစ်ဝတ်စုံ နဲ့ လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံမျိုးကိုလဲပြသခဲ့ပါတယ်။ သံစဉ်များနဲ့ သတိုးသမီးဆိုတဲ့ အဆိုတော်တွေ ကသူတို့အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့ ၀တ်စုံတွေပြသခဲ့တယ်။ နောက်အနောက်တိုင်းဝတ်စုံတွေ ကိုရင်ပြတ်တွေမ၀တ်ချင်ကျတဲ့ သတို့သမီးတွေအတွက် aroma ကထွက်တဲ့ လုံလုံခြုံခြုံနဲ့ ၀တ်လို့ရမယ့် ဂါဝန်တွေ ၀တဲ့ သူတွေဝတ်လို့ရတဲ့ ၀တ်စုံတွေပြသခဲ့ပါတယ်။ ၀တ်စုံတိုင်းကိုလဲ အနောက်ကို ချတဲ့ အမှီးအရှည်တွေကို ချတဲ့ ၀တ်စုံတွေကို လဲပြသခဲ့ပါတယ်။သရုပ်ဆောင်ပေါင်း ၂၀၀ နဲ့ ပြသတယ်။ ၀တ်စုံက အစုံ၄၀၀ ပြသခဲ့ပါတယ်။
-ကျောက်တွေနဲ့ ၀တ်စုံတွေဖန်တီးတဲ့ အခါအခက်အခဲတွေရှိရင်ပြောပြပေးပါဦး။
အခက်အခဲကတော့ ရှိတယ်။ ကျောက်တွေကို အပ်ထိုးလို့ရတဲ့ အေပါက်ဖြစ်အောင်အပ်ပေါက်ရာ ဖောက်ရတာပေါ။အဲ့ အတွက် ချုပ်တဲ့အခါမှာလက်ဝင်ပါတယ်။ ပျက်သွားတဲ့ကျောက်တွေလဲ အများကြီးရှိတယ်။ အဲ့ထဲအကောင်းဆုံးဖြစ်မယ့်ကျောက်ကိုရွေးပြီးတော့မှ အင်္ကျီပေါ်မှာဖန်တီးရတယ်။အဲ့မှာမှကျောက် ကလဲအရောင်ကွဲသွားတော့ အရောင်တူတာတွေစုပြီး လုပ်ရတယ်။ အဲ့ အတွက် အလေအလွင့်တွေလဲရှိတယ်။
-ဒီနှစ်သီတင်းကျွတ်မှာ ဘယ်လိုရောင်လေးက သတို့သားသတို့သမီးလေးတွေ အတွက်ဘယ်လိုအရောင် ကခေတ်စားမလဲ။
ကျွန်တော်တို့ကတော့ champagne gold (ရွှေအနုရောင်)အရောင်လေးကတော့ ဒီနှစ်တွက် ခေတ်စားမယ့်အရောင်လေးလို့ ကျွန်တော်တို့ကထင်ပါတယ်။
-ကျောက်မျက်ရတနာတွေနဲ့ ၀တ်စုံတွေဖန်တီးလိုက်တဲ့ အခါမှာဒီကျောက်မျက်တွေမြန်မာပြည်မှာ ခေတ်စားသွားမယ်ထင်လား။
ကျွန်တော်တို့ကအရင်နှစ်ကတော့ ရွှေထဘီသိမ်းဆိုပြီး ရွှေသားအစစ်တွေနဲ့ ဖန်တီးခဲ့ပြီးပြီး ဒီနှစ်ဘာတွေနဲ့ဖန်တီးမလဲစဉ်းစားတော့ကျောက်တွေနဲ့ ဖန်တီးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ခဲ့တယ်။ပွဲပီးတဲ့ နောက်မှာ သတို့သမီးလေးတွေက အဲ့ ၀တ်စုံလေးတွေကို ကြိုက်ပီး ၀တ်ကြတယ်။ အဲ့ အတွက်လဲ သတို့သမီးလေးတွေကျောက်ထဘီသိမ်းလေးတွေ ကို ကြိုက်ကြပြီး ၀တ်ဆင်ကြမယ်တဲ့ ခေတ်စားမယ်ထင်တယ်။ မြန်မာတွင်းထွက်ကျောက်မျက်ရတနာတွေကမြန်မာပြည်မှာသာမက ကမ္ဘာပေါ်မှာပါခေတ်စားလာမှာပါ။
-ဒီဇိုင်နာတယောက်အနေနဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဖက်ရှင်အပေါ်မှာဘယ်လိုမြင်မိလဲ။
ဒီဇိုင်းတွေဆန်းသစ်နေရတာပေါ့။ဒီနှစ်မှာပြခဲ့တဲ့ ၀တ်စုံတွေကိုတော့ အရမ်းလဲအားရတယ်။ အရမ်းလဲကျေနပ်မိပါတယ်။ တနှစ်နဲ့ တနှစ်မတူအောင်လဲပြောင်းလဲနေပါတယ်။ ဖက်ရှင်ကတော့ မြဲတမ်းတိုးတက်နေပါတယ်။ ဖက်ရှင်ရေစီးကြောင်း ဆိုတာကတော တကျော့ပြီးသွားဒရင် နောက်တကျော့ပြန်လာပါတယ်။
Aroma studio လိပ်စာလေးပြောပေးပါဦး။
အမှတ်28 သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်။09 861 1521