What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နာမည်ကျော်ဒီဇိုင်နာဌေးဌေးတင်(shi mi zu)၏fashion solo show ပြုလုပ်

နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သည့်ဒီဇိုင်နာဌေးဌေးတင်၏ fashion solo show ကို ရန်ကုန်မြို့၊ဒဂုံမြို့နယ်ရျိတော်ဝင်ဂါးဒင်းဟိုတယ်၌ဒီဇင်ဘာလ26ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။

 

ထိုပွဲတွင်ဒီဇိုင်နာဌေးဌေးတင်တဦးတည်းမှဖန်တီးဖော်ထုတ်ထားသည့်ဖက်ရှင် ဒီဇိုင်းဝတ်စုံများအားနာမည်ကျော်အနုပညာရှင်မော်ဒယ်များက၀တ်ဆင်ပြသခဲ့ကြပြီး မြန်မာရိုးရာထဘီသိမ်းဝတ်စုံဒီဇိုင်းများစွာကို လည်း ပြသခဲ့ပါတယ်။ ထူးထူးခြားခြားအစီအစဉ်အနေနှင့် နာမည်ျေကာ် အနုပညာရှင်မေမေနဲ့ မီးမီးလေးတို့ရဲ့ ဖက်ရှင် တု ၀တ်စုံဒီဇိုင်းများကို လဲ ၀တ်ဆင် ပြသခဲ့ရာ ဒီဇိုင်မေမြတ်ဝါဆိုနှင့် သမီးလေးကပါဝင် ပြသပေးခဲ့ပြီးနောက် သူမ၏ သင်တန်းသူ/သားများကို လည်း သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပါတယ်။

ထို့ပြင်အဆိုပါပြပွဲတွင်သူမဖန်တီးထားသည့် မြန်မာ့ရိုးရာထိုင်မသိမ်းဝတ်စုံများအားဝယ်ယူသည့်သူများနှင့် သူမဖွင့်လှစ်ထားသည့် ဖက်ရှင်ဒီဇိုင်းသင်တန်းသို့တက်ရောက်ရမည့်သူများကို မဲဖောက်ကာအထူးဈေးနှုန်းများဖြင့်ရောင်းချခဲ့ပါတယ်။

21687652 1519941818072122 399947974117490993 n

Read 1078 times
Rate this item
(0 votes)