What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fashion နဲ့ Art တို့ရဲ့ ပေါင်းစည်းမှု အလှတရားကို ပြောပြလိုက်တဲ့ Clavin Klein

Fashion လောကကြီးရဲ့ ထူးထူးခြားခြားဖြစ်စဉ်တစ်ခုကတော့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Calvin Klein က Andy Warhol ဖောင်ဒေးရှင်းနဲ့ လေးနှစ်တာ သဘောတူညီမှုကိုတစ်ခုကို ပြုလုပ်လိုက်တဲ့ အကြောင်းရာတစ်ခုပေါ့။

Andy Warhol ဖောင်ဒေးရှင်းက ဘာတွေလုပ်သလဲဆိုတော့ Warhol ရဲ့ အနုပညာဖန်တီးမှုတွေကို Fashion Company တွေကို လိုင်စင်တွေပေးပြီး သူတို့ရဲ့ Collection တွေနဲ့ ဒီဇိုင်းတွေမှာ အသုံးပြုခွင့်ပေးတယ်။

1
၂၀၂၀ အထိ Calvin Klein ဟာ Warhol ရဲ့ အနုပညာဖန်တီးမှု အားလုံးကို အပြည့်အဝ သုံးစွဲခွင့်ရတော့မှာပါ။ Warhol ရဲ့ တစ်ခါမှ ပုံနှိပ်ထုတ်မဝေဖူးတဲ့ ဖန်တီးမှုတွေပါအပါအဝင် သုံးပြုလို့ရသမျှအကုန်လုံးကို ဒီဇိုင်းလုပ်ခွင့်ရခဲ့တာလေ။ Contemporary visual art အတွက်လိုအပ်သော ငွေကြေးထောက်ပံ့မှုတွေကို ပေးတဲ့ ဖောင်ဒေးရှင်းရဲ့ မတည်ငွေထဲကို Calvin Klein ဟာ ငွေကြေးထည့်ဝင်မှုတွေပါ ပြုလုပ်သွားမှာပါ။

3
သူ့ရဲ့ ကိုယ်ပိုင် menswear brand အတွက် Sterling Ruby ၊ Peter Saville နှင့် the Robert Mapplethorpe Estate တို့လို အနုပညာရှင်တွေနဲ့ လက်တွဲ အလုပ်လုပ်လေ့ရှိသူ အနုပညာဖန်တီးမှုတွေကို ရှုးသွပ်စွဲလမ်းလွန်းတဲ့ Calvin Klein ရဲ့ Chief Creative Officer Raf Simons ရောက်ရှိလာချိန်မှာတော့ အကျိုးတူပူးပေါင်းမှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့တာပဲ။

Gucci Fall 2018 Show ရဲ့အမိုက်စား ပုံဖော်ဖန်တီးမှု

5
CK underwear ကို မော်ဒယ်တွေနဲ့ သရုပ်ဖော်ထားတဲ့ Simons ရဲ့ ပထမဆုံး Calvin Klein campaign ကို Warhol ရဲ့ လက်ရာတွေဖြစ်တဲ့ Skull (1976) ၊ Elvis 11 Times (Studio Type) (1963) ၊ Ambulance Disaster (1963–64) and Statue of Liberty (1962) တို့ကို ပြသထားတဲ့ Warhol ဖောင်ဒေးရှင်းမှာ အပိုင်းလိုက် ဓာတ်ပုံ ရိုက်ခဲ့တယ်။ CK ရဲ့ Spring 2018 runway မှာလည်း Warhol ရဲ့ လက်ရာတွေကို ထည့်သွင်း ဒီဇိုင်းဖော်ခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ Sandra Brant နှင့် Dennis Hopper တို့ပါတဲ့ ၁၉၆၃ နှင့် ၁၉၈၂ ကြားကရိုက်ခဲ့ ဓာတ်ပုံစီးရီးတစ်ခုကို အသုံးပြုခဲ့တယ်။

6
“ Warhol ရဲ့ ပါရမီကတော့ နှစ်လိုဖွယ်ကောင်းလှတဲ့ Campbell’s Soup ဆိုတဲ့ ပန်းချီလက်ရာတွေထက် ပိုပြီးတော့ နက်နဲလှပါတယ်” လို့ Simons ဟာ သတင်းတစ်ခုမှာ ပြောခဲ့ပါတယ်။ “သူဟာ အမေရိကန်တွေရဲ့အတွေအကြုံ တွေနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ ဖမ်းယူနိုင်ခဲ့တယ်။ တစ်ခါတစ်ရံမှာ စည်းမျဉ်းတွေကို သွေဖယ်ထားတဲ့ အတွေ့အကြုံအဆိုးတွေ တောင်ပါသေးတယ်။ Warhol ရဲ့ အနုပညာတွေဟာ ကိုယ်တွေ နေရာတကာမှာ ရှာတွေ့နိုင်ပါတယ်ဆိုတာထက်တောင် အမှန်တရားတွေကို ပိုပြီး ပြောပြတယ်လေ။”

7
ဒီတစ်ခေါက်ရဲ့တွေ့ဆုံမှုဟာ Andy Warhol ဖောင်ဒေးရှင်းနဲ့ ပထမဆုံး ကျိုးတူပူးပေါင်းမှုတော့ မဟုတ်ပါ။ Simons ဟာ Christian Dior ရဲ့ womenswear မှာ ဖန်တီးမှု ဒါရိုက်တာဖြစ်ခဲ့စဉ်တုန်းကလည်း သူ ဟာ Dior’s Fall 2013 ready-to-wear collection အတွက် Warhol ရဲ့ ပုံကောက်ကြောင်းတွေကို မူပိုင်ခွင့် လိုင်စင်ကို ရယူနိုင်ခဲ့တယ်။ အဲဒီတုန်းက Style.com ရဲ့ ဝေဖန်ရေးဆရာ Tim Blanks က Dior လျှောက်လမ်းပေါ်က မတူထူးခြားစွာ ပုံဖော်ထားသော ဖိနပ်များနဲ့ ပန်းပွင့် အဆင်တန်ဆာများကို “ (အနည်းဆုံတော့ Warhol ပရိတ်သတ် တွေအတွက်) အတွေးနယ်ချဲ့ မှုတွေများစွာပါဝင်တဲ့ ချည်ထိုးဒီဇိုင်း အပိုင်းအစများ” ရယ်လို့ ဖော်ပြခဲ့ပါတယ်။ Dior နဲ့ ပူးပေါင်းလက်တွဲမှုတွေ လုပ်ခဲ့တဲ့အချိန်တုန်းက Warhol ဟာ Uniqlo နှင့် Comme des Garçons တို့နဲ့လည်း လက်တွဲခဲ့ပါသေးတယ်။

8
ယနေ့ခေတ် ဖက်ရှင်ကမ္ဘာကြီးရဲ့ အမှန်တရားတစ်ခုက ဘာလဲဆိုတော့ ဟိုးအရင်တုန်းကထက် ဖက်ရှင်နဲ့ အနုပညာကို ပိုပြီး ပေါင်းစပ် ရောယှက် ဖန်တီးလာကြတယ်။ 2018 ရှိုးတွေမှာတော့ တခြားအနုပညာလက်ရာတွေကို မမှီငြမ်းထားဘဲ ဒီဇိုင်းနာတွေဟာ သူတို့ကိုယ်တိုင် အနုပညာရှင်တစ်ယောက်လို ပုံဖော်၍တစ်မျိုး သူတို့နဲ့ ပူးတွဲလုပ်တဲ့ တခြားအနုပညာရှင်များရဲ့ ဖန်တီးမှုများ၊ ဆက်တင်ဒီဇိုင်းများ ဒါမှဟုတ် ထူးထူးခြားခြား ပြုလုပ်ထားသော လက်ရာများကို ဖော်ပြ၍ တစ်ဖုံ တင်ပြမှု အမျိုးမျိုးပါဝင်သော Collection တစ်ခုကို တွေ့မြင်စေရမှာပါ။

4

 

Source:moda

Read 1100 times
Rate this item
(1 Vote)