What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2021 Cannes Film Festival အမြင်ဆန်းတဲ့ ပွဲတက်ဖက်ရှင်များ (၃)

ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် 2021 Cannes Film Festival ကို ယခုနှစ် ဇူလိုင်လ ၆ မှ ၁၇ အထိ ကျင်းပခဲ့ပါတယ်။

ကော်ဇောနီပေါ်မှာ ဘယ်လို ဖက်ရှင်တွေ ဝတ်စားဆင်ယင်ပြီး စဲလီတွေ ပွဲတက်ခဲ့ကြသလဲဆိုတာ စုဆောင်းတင်ပြပေးလိုက်ပါတယ်။

1_Beatrice_Valli.jpg

Beatrice Valli
အီတလီမှ influencer က လက်မပါတဲ့ လည်ပင်းသိုင်း ဝတ်စုံကို ဆင်မြန်းပြီး ကော်ဇောနီပေါ် လျှောက်လှမ်းခဲ့တယ်။ ရင်သားတွေအပေါ် ဘယ်တစ်စ ညာတစ်စ ချထားပြီး ခါးမှာ ပြန်ဆုံတယ်။ တစ်ထည်လုံး နေရာအနှံ့ ဘောကြယ်တွေ ကပ်ပေးထားလို့ ပြိုးပြိုးပြက်ပြက် ဖြစ်နေစေတယ်။ ဖက်ရှင်ဒီဇိုင်းနာ Beatrice Valli ရဲ့ လက်ရာဖြစ်ပြီး အောက်ပိုင်းမှာ ရေသူမအမြီးသဖွယ် ငှက်မွေးတွေကို တန်ဆာဆင်ပေးထားတယ်။

 

 

2Tina_Kunakey.jpg

Tina Kunakey
ပြင်သစ်မော်ဒယ်က ခေါင်းမြီးခြုံလုံပါတယ် ဖက်ရှင်ဒီဇိုင်းဖြင့် ပွဲတက်တဲ့အတွက် တစ်မူထူးခြားနေခဲ့ပါတယ်။ ခရမ်းပြာ ဝတ်စုံမှာ အပေါ်ပိုင်းကို အရောင်နု၊ အောက်ပိုင်းကို အရောင်ရင့်သုံးထားပြီး အရောင်နှစ်ခု ဆုံတဲ့ ခါးမှာတော့ ခေါက်တုံ့အလှချည်ထားတဲ့ အပြားကြီးကြီး ဖဲကြိုးအထုံး အနီရဲရဲ ရှိနေတယ်။ အထုံးကနေ အောက်ကို တွဲလောင်းကျနေတဲ့ အပြားစ နှစ်စက ဒူးခေါင်းတစ်ဝိုက်အထိ ရောက်နေပြီး အောက်ခံခရမ်းပြာအရင့်ပေါ်မှာ ထင်းထင်းမြင်သာနေပါတယ်။

 

 

3_Fatima_Almomen.jpg


Fatima Almomen
အင်စတာဂရမ်မှာ Followers ၂သန်း နီးပါး ရှိတဲ့ influencer က ပန်းနုစိုစို ဝတ်စုံဖြင့် ပွဲတက်ခဲ့တယ်။ ဝတ်စုံ အောက်ပိုင်းမှာ ဝတ်စုံနဲ့ အရောင်တူ ငှက်မွေးအစတွေ ထိုးထိုးထောင်ထောင် ဖြစ်နေပြီး ဘေးအခွဲက ခါးအထိ ရောက်လို့ ခြေတံအလှကို မြင်သာနေစေတယ်။ ဖက်ရှင်ဒီဇိုင်းနာ Rami Kadi ရဲ့ လက်ရာဖြစ်ပြီး ဆံပင်တိုတိုဖြင့် စတိုင်လ်ထုတ်ထားတာမှာ လည်ပင်းမှာ လည်ပင်းနဲ့အတိအကျပ်ဖြစ်နေလို့ လည်ပတ်သဖွယ် ဖြစ်နေတဲ့ စိန်စီလည်ပတ်ကို ဆင်မြန်းပြီး ပန်းနုရောင်ဝတ်စုံရဲ့ အလှကို ဖြည့်စွက်ပေးထားတယ်။

 

 

 4_Lenina.jpg


Lenina
ဇူလိုင်လ ၉ ရက် ကော်ဇော်နီပေါ် ရောက်လာတဲ့ သူ့ရဲ့ ဖက်ရှင်ကို ခြေဆုံးခေါင်းဆုံး ကြည့်ကြရတယ်။ လှိုင်းတွေ ပေါ်အောင် ဖြီးထားတဲ့ ရွှေရောင်ဆံပင်ကို အတော်မြင့်မြင့်အထိ ထောင်ပေးထားတယ်။ ရေသူမကိုယ်ထည် ရွှေအကြေးခွံလို ဖြစ်နေတဲ့ ရွှေရောင်အဆင်း ဝတ်စုံပေါ်မှာ ရွှေရောင် ချိန်းကြိုး ကြီးကြီးမားမားကြီးကို ဆင်မြန်းထားတယ်။ ရွှေချိန်းကြိးအကြီးစားကြီးက ရွှေရောင်ဖိတ်ဖိတ်တောက်နေတဲ့ ဝတ်စုံပေါ်ကနေ ကြမ်းပြင်ပေါ် ပုံကျနေတဲ့အထိ ရှည်လျားတယ်။ ပုံကျနေတဲ့အပိုင်းမှာ ကွင်းတွေက အလုံးပိုတုပ်တယ်။

 

5_Taylor_Hill.jpg

 

Taylor Hill
အနက်ရောင် ဇာပွင့် ဝတ်စုံက လည်ပင်းအထိရောက်တယ်။ ရှေ့ဖက်မှာ အပြည့်ကာထားပြီး ကျောဖက်မှာတော့ ဟောင်းလောင်းဖောက်ပေးထားတယ်။ ဘယ်ခြမ်းနဲ့ညာခြမ်းအကြား ကြိုးလုံးအနက်ကို ကက်ကြေးပုံ သီပေးထားတယ်။

 

6_Marion_Cotillard.jpg

 


Marion Cotillard
ရိုးရိုးနဲ့ယဉ်ယဉ် ဖက်ရှင်ဝတ်စုံ အရောင်းရင့်မှိုင်းမှိုင်းဟာ Chanel ဖက်ရှင်တိုက် လက်ရာဖြစ်ပါတယ်။ ရှေ့ကွဲဖြစ်ပြီး ကြယ်သီးတွေနဲ့ ရင်းကြားစေ့ပေးထားတာ လည်ပင်းအောက်မှာ စတင်ပြီး ခါးမှာ အဆုံးသတ်တယ်။ ရင်ဘတ် အိတ်ကပ် ဘယ်တစ်ခု ညာတစ်ခု ပါတယ်။ စကပ်အောက်နားက ကြမ်းပြင်ပေါ် ပုံကျမနေဘဲ မထိတထိ အနေအထားမှာ အဆုံးသတ်ထားတယ်။ လက်ရှည်ဖြစ်ပြီး ပခုံးစွန်းမှ ပွပေးထားတယ်။

 

7_Koukla_Lapidus.jpg

 

Koukla Lapidus
ဖက်ရှင်တိုက် Dior ရဲ့ ဖက်ရှင်ဒီဇိုင်း ဖြစ်ပြီး ရွှေရောင်လွှမ်းတယ်။ အပေါ်ခြမ်းက အကြည်သားလုံးလုံးလျားလျား ဖြစ်နေလို့ လက်ရှည်ဆိုတာ သတိမမူမိစေဘူး။ ရင်သားတွေ နေရာမှာ ရွှေရေးကနုတ်ပန်း ရေးဆွဲပေးထားတယ်။ စကပ်မှာတော့ ရွှေဆံချည်တွေကို ထူထူထဲထဲ အထပ်လိုက် ဆံမြိတ်ချ လှပါပေ့ လုပ်ထားတယ်။ မေးစေ့နဲ့ တစ်တန်းတည်းလောက်အထိ ရှည်လျားတဲ့ တွဲလောင်းချ နားကပ်တွေ ဆင်မြန်းထားတယ်။

Read 698 times
Rate this item
(0 votes)