What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fashion and Mindset

(Zaw+Uni)ဒီေန႔ ဘိုရာ မိုက္မိုက္မဲမဲနဲ႔ ျပႆနာတစ္ခုကို သက္သက္မဲ့ မီးထြန္းရွာခဲ့တယ္။ အဲဒါဘာလဲဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သိျပီးၾကျပီေနမွာပါ။

Fb group ေတြထဲမွာလည္း ပ်ံ႕ေနေလာက္ျပီဆိုေတာ့ သိတဲ့သူလည္း သိျပီးသြားၾကျပီျဖစ္သလို မသိေသးတဲ့သူေတြကိုလည္း အခုဘိုရာ ကိုယ္ဥာဏ္မွီသေလာက္ တင္ျပေဆြးေႏြးမယ့္ အေၾကာင္းအရာေလးကို ဖတ္ေစခ်င္ပါတယ္..

ဘိုရာလည္း အမ်ိဳးသမီးမ်ား ေစာင့္ေရွာက္ေရးအဖြဲ႕၀င္တစ္ေယာက္ျဖစ္တဲ့အေလ်ာက္ ဒီေန႔မနက္က သာေကတက အေရွ႕ပိုင္းခရိုင္တရားရုံးမွာ ေရႊရည္၀င္းအမႈနဲ႔ ပတ္သက္ျပီး တရားခံကို ေသဒဏ္ေပးဖို႔အတြက္ လႈပ္ရွားမႈ တစ္ခု ျပဳလုပ္မယ္ဆိုေတာ့ ၉ နာရီခြဲေလာက္ အေရာက္သြားခဲ့တယ္..

အိမ္က မထြက္ခင္ စဥ္းစားတယ္.. ငါ ဘာ၀တ္သြားရင္ေကာင္းမလဲ.. ဘိုရာ ပုံမွန္အားျဖင့္ အားကစားသမားျဖစ္တဲ့အေလ်ာက္ ေဘာင္းဘီအတို sport bra ကို ေအာက္ကေနတစ္ခါထဲ ၀တ္ျပီး အေပၚကေနမွ အက်ီ္ၤလက္ရွည္ထပ္၀တ္ရင္၀တ္ မ၀တ္ရင္ အေႏြးထည္အပါးလက္ရွည္၀တ္ျပီး ေအာက္ဖက္ကိုလည္း ထဘီအရွည္ သို႔မဟုတ္ ေဘာင္းဘီအရွည္၀တ္ေလ့ရွိတယ္..

ဒါေပမယ့္ ရုတ္တရက္စဥ္းစားမိတယ္.. ပထမဦးဆုံးအၾကိ္မ္ ကိုယ္ေတြဒီအဖြဲ႕ေလးဖြဲ႕ျဖစ္သြားေအာင္ေကာ ေသဆုံးသူ မေရႊရည္၀င္းအတြက္ ေရႊတိဂုံဘုရားမွာ အမွ်ေ၀ပြဲျပဳလုပ္တဲ့ေန႔တုန္းက ထဘီေလးနဲ႔ ျမန္မာမိန္းကေလးပီပီ ၀တ္စားသြားခဲ့ျပီးျပီ..

ဒုတိယအၾကိမ္မွာက်ေတာ့ ေျမာက္ဒဂုံက တရားရုံးနားမွာ ကိုယ္ေတြ အမ်ိဳးသမီးေစာင့္ေရွာက္ေရးအဖြဲ႕ လႈပ္ရွားမႈျပဳလုပ္တုန္းကက်ေတာ့ အက်ီၤလက္တိုနဲ႕ ေဘာင္းဘီအရွည္၀တ္ျပီး လက္ကမ္းစာေစာင္ေတြ ဒီေန႕လိုပဲ ျဖတ္သြားသမွ် ကားေတြကို လိုက္လံေ၀ေပးခဲ့တယ္..

အခု တတိယအၾကိမ္မွာေတာ့ ဘိုရာ ျဖတ္ခနဲ ဘာေတြးမိလဲဆိုေတာ့ “ငါ ဒီလို ေဘာင္းဘီတိုနဲ႕ ဂ်ိဳင္းျပတ္၀တ္ျပီး လုပ္ရင္ ငါ့အဖြဲ႕၀င္သားေတြေကာ ငါ့ပတ္၀န္းက်င္ကေကာ ဘယ္လိုေတြးၾကမလဲ ဘယ္လိုျမင္ၾကမလဲေပါ့’’ စပ္စုခ်င္စိတ္နဲ႔ အရဲစြန္႔လိုက္ျပီး ၀တ္ျပီးလာလိုက္တယ္.. (ဒါေတာင္ ဘိုရာ လြယ္အိတ္ထဲမွာ ထဘီအပိုအျမဲထည့္ထားေလ့ရွိပါတယ္)

ကဲ ကိုယ့္ရဲ႕ စစ္ဆင္ေရးစပါျပီ… 
ဘိုရာ အိမ္ကေနစထြက္လာျပီး ဘတ္စ္ကားစီးဖို႕အတြက္ ကားဂိတ္ထိေကာ ကားမွတ္တိုင္ေရာက္ေတာ့ ဆင္းျပီး လမ္းေလွ်ာက္တဲ့တစ္ေလ်ွာက္ ဆက္တိုက္ကို sexual harassment အလုပ္ခံရတယ္ .. ျဖတ္သြားသမွ် ေယာက်ာၤးေလးအမ်ားစုတိုင္းက “၀တ္မေနပါနဲ႕ေတာ့ကြာ”… “လန္းတယ္ေနာ္ လွခ်က္” .. “ေဟ့ ဒီဘက္ေလးလွည့္ၾကည့္ပါအုန္း”.. စသျဖင့္ ႏႈတ္သရမ္းၾကတယ္..

( ရယ္စရာ ဘာတစ္ခုေတြးမိလဲဆိုေတာ့ အဲ့လို ႏႈတ္သရမ္းျခင္းခံရတာ ဘိုရာ ထဘီ၀တ္ျပီး အျပင္သြားလဲ အစခံရေလ့ရွိပါတယ္.. ေဘာင္းဘီရွည္၀တ္ျပီးသြားလဲ အစခံရေလ့ရွိတာပဲ .. စကပ္ဒူးဖုံး၀တ္ျပီး သြားလဲ အစခံရတာပဲ.. )

အဲတာနဲ႔ ကိုယ္ေတြ အဖြဲ႕သားေတြ လႈပ္ရွားမႈျပဳလုပ္မယ့္ေနရာေရာက္ေတာ့ ထင္ထားတာနဲ႔လြဲတာေလးတစ္ခုပဲရွိပါတယ္.. ဘုိရာ့အဖြဲ႕သားေတြက ဘိုရာ့ထက္ အသက္ၾကီးတဲ့သူေတြမ်ားပါတယ္. အေမအရြယ္ေတြ အဖြားအရြယ္ေတြေတာင္ပါပါတယ္.. ေျပာခ်င္တာ သူတို႔ေနခဲ့တဲ့ ေခတ္ကာလနဲ႕ ကိုယ္ေတြေနေနတဲ့ ေခတ္ကာလက ကြာပါတယ္.. သူတို႔က ထဘီကလြဲရင္ တျခား၀တ္ေလ့မရွိတဲ့သူေတြပါ.. ဒါေပမယ့္ ဘိုရာ့ကို ဘာတစ္ခြန္းမွ မေျပာပဲ ဘိုရာေရာက္လာတာနဲ႕ ၀မ္းသာအားရ ႏႈတ္ဆက္ၾကတယ္..

ဟုတ္ျပီ ကိုယ္ေတြ လုပ္ငန္းစဥ္အတိုင္းပဲ လက္ကမ္းစာေစာင္ေတြကို ျဖတ္သြားသမွ် ကားေတြကို ေ၀ၾကတယ္.. အဲ့မွာ ဇာတ္လမ္းက စေတာ့တာပဲ.. ျဖတ္သြားသမွ် ကားေပၚက ေယာက်ာ္းၾကီးငယ္မေရြးအမ်ားစု မ်က္လုံးေတြက " မုဒိန္းမႈပေပ်ာက္ေရးအတြက္လည္း ေျပာေသးတယ္.. ၀တ္ထားတာ ဘယ္လိုၾကီးလဲဟ" ဆိုတဲ့ ေလွာင္ရယ္ေနတဲ့ အေတြးမ်က္၀န္းေတြနဲ႕ လက္ကမ္းေပးတဲ့ စာေစာင္ေလးကို ယူျပီး ဘိုရာ႕ကို ၾကည့္ခဲ့ၾကတယ္..

အဲ့တာနဲ႕ ကိုယ္ေတြ အဖြဲ႕လုပ္စရာရွိ အကုန္လုပ္ျပီးေတာ့မွ ကိုယ္စီလမ္းခြဲခဲ့ၾကတယ္.. ဘိုရာ့ စစ္ဆင္ေရးလည္း ျပီးဆုံးသြားျပီေပါ့ ကိုယ္လည္း သိသင့္သေလာက္ သိသြားျပီ..

ဘိုရာ Gym ေရာက္ျပီးေတာ္ေတာ္ၾကာေတာ့ သတင္းေတြ ထြက္လာတယ္.. ဘုိရာ ၀တ္စားဆင္ယင္ပုံနဲ႕ပတ္သက္ျပီး Troll ထားတာေလးေတြေပါ့.. ဘိုရာ့လူေတြကလည္း စိတ္ပူျပီး chat box ထဲလာျပၾကတာေပါ့ ..

ေကာင္းျပီ ကိုယ္ေမႊထားတာ ကိုယ္ျပန္ရွင္းရေတာ့မယ္ေလ.. ကိုယ္လည္း ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ျပီး ေရးဖို႔စဥ္းစားထားတာၾကာပါျပီ..

ထင္တဲ့အတိုင္းပါပဲ .. ျမန္မာႏိုင္ငံကလူေတြေတာ္ေတာ္မ်ားမ်ားက ဘယ္ကိစၥမဆို သုံးသပ္ရင္ မ်က္ေတာင္တစ္ဆုံးပဲေတြးတတ္ၾကတယ္.. ဒီလုိ မုဒိန္းမႈကိစၥေတြ အေပၚမွာ နစ္နာတဲ့သူေတြ အထူးသျဖင့္ မိန္းမသားနစ္နာသူေတြ အေပၚမွာ ဘာနဲ႔ discriminate လုပ္ေလ့ရွိလဲဆိုေတာ့ “Fashion - ၀တ္စားဆင္ယင္ပုံ” ကို အဓိက ပုံခ်ေလ့ရွိတယ္..

အဲ့တာ အရမ္းရယ္စရာေကာင္းတဲ့ အျပစ္တင္ျခင္း သို႔မဟုတ္ ယူဆခ်က္ လို႔ပဲ ဘိုရာက သုံးသပ္တယ္.. ျပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၁၆ ရက္က Irrawaddy media က article ေလးတစ္ခု ဖတ္ၾကည့္ျပီး စိတ္မေကာင္းစရာ တစ္ခုက ၀န္ၾကီးဌာနကိုယ္တိုင္ကိုက မုဒိန္းမႈကိစၥေတြနဲ႔ ပတ္သက္ျပီး ျမန္မာအမ်ိဳးသမီးေတြ ၀တ္စားဆင္မႈအပိုင္းေပၚ Blaming လုပ္တာပါပဲ ..

ျမန္မာမိန္းကေလးတစ္ေယာက္အေနနဲ႕ အရမ္း၀မ္းနည္းမိပါတယ္… ကိုယ္ေတြ ျမန္မာအမ်ိဳးသမီးေတြက ဒီ “ဗိုင္းေကာင္းေက်ာက္ဖိ” ဆိုတဲ့ အယူအဆကေန ရုန္းထြက္လို႔ကို မရတာ.. ေခတ္ကာလအရ လူေနမႈစရိတ္ေတြ ျမင့္တက္လာပါတယ္.. ဟိုးအရင္ေခတ္ကလို အိမ္မွာ တစ္ေယာက္က ဒိုင္ခံပိုက္ဆံရွာျပီး က်န္တဲ့သူေတြ ထိုင္စားေနလို႔ မရတဲ့ေခတ္ၾကီးပါ.. ေျပာခ်င္တာ ကိုယ္ေတြ ျမန္မာအမ်ိဳးသမီးေတြလည္း ေန႔ညမေရြး အမ်ိဳးသားေတြနဲ႔ ရင္ေဘာင္တန္းျပီး ပိုက္ဆံရွာေနရတာပါ.. ဟုတ္ျပီ ၀တ္စားဆင္ယင္ပုံနဲ႔ ခ်ိတ္ၾကည့္ရေအာင္ .. အလုပ္အမ်ိဳးအစားေပၚလည္း မူတည္ျပီး စကပ္တို ၀တ္ရတဲ့သူေတြလည္း ရွိမယ္.. ထဘီ ၀တ္ရတဲ့သူေတြလည္း ရွိမယ္.. ေသခ်ာတာတစ္ခုကေတာ့ ဘယ္သူမွ အျမဲၾကီး ထဘီ၀တ္ေနလို႔ရတဲ့ ေခတ္ၾကီး မဟုတ္ေတာ့ပါဘူး..

ဘိုရာ ကိုယ္တိုင္လည္း ထို႔အတူပါပဲ .. တစ္ေန႔ထဲက ကိုယ္ အလုပ္ သုံး ေလးမ်ိဳးျဖစ္လာတဲ့အခါဆို ကိုယ့္လြယ္အိတ္ထဲ ထဘီေကာ အက်ီ္ေကာ တစ္ဖက္ကလည္း အားကစားသမားဆိုေတာ့ sport bra ေတြ ေဘာင္းဘီ အကပ္ေတြ စုံေနတာပါပဲ.. တစ္ေနရာေရာက္ တစ္ခါလဲရတယ္ေလ.. ညဘက္အိမ္ျပန္ရင္က်ေတာ့ ထဘီ၀တ္ျပီး ျပန္ရတယ္.. (ဒါေတာင္ ကံမေကာင္းရင္ အစခံရတာပါပဲ)

တစ္ခါတစ္ေလ ကိုယ့္ဟာကိုယ္ စိတ္ေတာင္ညစ္တယ္.. ကိုယ္ေမြးဖြားလာတဲ့ ႏိုင္ငံ.. ကိုယ္ေမြးဖြားလာတဲ့ ပတ္၀န္းက်င္ၾကီးကိုက တစ္ခါတစ္ေလ အရမ္း စိတ္ပ်က္ဖို႔ မုန္းတီး ရြံရွာဖို႔ေကာင္းတယ္.. 
ဘိုရာအမွန္အတိုင္းေျပာရရင္ ကိုယ္ခံပညာ အနည္းငယ္လည္း တတ္တယ္.. ကာယဗလမယ္ျဖစ္တဲ့အေလ်ာက္ အနည္းဆုံး ေယာက်ာ္းေလးတစ္ေယာက္ကို ခုခံကာကြယ္ဖို႕က အသာေလးပါ.. ဒါေပမယ့္ ျမန္မာမိန္းကေလးမို႔လို႔ ဆိုတဲ့ culture ၾကီးက တစ္ခါတစ္ေလ ကိုယ့္ကို အလိုလိုအားယုတ္ေစတယ္..

ဘာလို႔လဲ ကိုယ္ ထဘီေလး၀တ္ျပီး အျပင္ထြက္တဲ့ေန႔ဆို “ဟယ္ ရိုးရိုးေလးနဲ႔ အရမ္းလွတယ္” .. ကိုယ္ တစ္ခါတစ္ေလ Gym သြားဖို႔ အေျခအေနအရ ေဘာင္းဘီတို ၀တ္မိျပီဆုိတာနဲ႔ ပတ္၀န္းက်င္ရဲ႕ မ်က္လုံးအေရာင္ေတြက စိမ္းသြားတယ္..

အခု မုဒိန္းမႈေတြမ်ားလာတယ္.. ေၾကညာခ်က္ ထုတ္ျပန္ခ်က္ေတြကိုက အစ.. သမီးမိ္န္းကေလးရွိတဲ့ အိမ္ေတြ .. ဘာေတြ႕ရလဲဆိုေတာ့ မိန္းကေလးေတြ ညဘက္ေနာက္မက်သင့္တာေတြ.. ဘယ္လိုေနပါထိုင္ပါစားပါ… စသျဖင့္ေပါ့..

ေယာက်ာ္းေလးေတြ မိန္းကေလးေတြအေပၚထားသင့္တဲ့ စိတ္ထား.. အျပဳအမူနဲ႔ ပတ္သက္ျပီးေတာ့က် ေ၀ဖန္သုံးသပ္တာမ်ိဳး ေၾကညာခ်က္မ်ိဳး လုံး၀ကို မေတြ႕ရပါ.. အရမ္းအရမ္း စိတ္ပ်က္ဖို႔ေကာင္းပါတယ္..

ေျပာရရင္ ဒီႏိုင္ငံရဲ႕ အဖက္ဖက္က မိဘသြန္သင္ဆုံးမမႈအပိုင္း ပညာေရးအပိုင္းေတြက အဓိက အမ်ားၾကီး စကားေျပာပါတယ္.. ဒီႏိုင္ငံက သားေယာက်ာ္းေလးမိဘေတြ လက္သုံးစကား တစ္ခု “သားေယာက်ာ္းေလးပဲကြာ ဘာျဖစ္လဲ လုပ္ပါေစ” ဆိုတဲ့ စကား… ေယာက်ာ္းေလးတစ္ေယာက္က ငယ္စဥ္ကတည္းက အဲ့လို စကားနဲ႔ ၾကီးျပင္းလာမွေတာ့ သူ႕ မသိစိတ္ထဲမွာ မိ္န္းကေလးေတြအေပၚ respect လုံး၀မရွိေတာ့ပါဘူး.. သူတို႔ စိတ္ထဲမွာ မိန္းကေလးဆိုေတာ ေယာက်ာ္းေလးထက္ နိမ့္တယ္ဆိုတဲ့ လိင္ပိုင္းဆိုင္ရာ ခြဲျခားဆက္ဆံတတ္တဲ့ စိတ္ၾကီးက ျဖစ္ေပၚေနမွာပါ..

ဒီႏိုင္ငံမွာ မိန္းကေလးေတြနဲ႔ ပတ္သက္ျပီး ဘာမဟုတ္တဲ့ အယူအဆေတြ အမ်ားၾကီးရွိေသးပါတယ္ ! မိန္းကေလးတစ္ေယာက္က ညဘက္ အိမ္ျပန္တာ အရမ္းေနာက္က်တာပဲ ျဖစ္ျဖစ္ night out ထြက္မိတာပဲ ျဖစ္ျဖစ္ လုပ္မိျပီဆိုတာနဲ႔ မိန္းမပ်က္ျဖစ္သြားသလို သမုတ္တာမ်ိဳး ! ဟုတ္ျပီ သူဘာျဖစ္လို႔ အိမ္ျပန္ေနာက္က်ရသလဲ ? အလုပ္ေၾကာင့္လား တျခား အေၾကာင္းေၾကာင့္လား ? စသျဖင့္ ေနာက္ကြယ္က အေၾကာင္းရင္းကို မစဥ္းစားပဲ ခ်က္ျခင္း မိန္းကေလးတစ္ေယာက္အေပၚ "အိမ္ျပန္ေနာက္မက်သင့္ဘူး မိန္းကေလးတစ္ေယာက္အေနနဲ႔ မျဖစ္သင့္ဘူး" ဆိုတဲ့ ဟာၾကီးနဲ႔ ရိုက္ႏွက္ပလိုက္တယ္ …

မုဒိန္းမႈကိစၥမွာလဲ အလားတူပဲ တကယ္ပဲ နစ္နာသူမိန္းကေလးေတြရဲ႔ ဝတ္စားဆင္ယင္မႈေၾကာင့္လား ? အမ်ိဳးသားေတြရဲ႔ mind-set ကိုက မွားယြင္းေနတာလား ? မုဒိန္းမႈ ျပႆနာကလဲ ထဘီမဝတ္တဲ့ တျခားႏိုင္ငံေတြမွာလဲ ျဖစ္ေနၾကတာပဲေလ !!ေမးခြန္းထုတ္စရာေတြ အမ်ားၾကီးပါ …

အဓိကက ဘိုရာေထာက္ျပခ်င္တာ စိတ္ဓါတ္ကိုပါ.. အမ်ိဳးသမီးေတြ ၀တ္စားဆင္ယင္မႈေၾကာင့္ မုဒိန္းမႈမ်ားတယ္ဆိုရင္ သက္ငယ္မႈဒိန္းမႈေတြမ်ားလာတာကေကာ ?? လမ္းေဘးကေလးေတြ အႏိုင္က်င့္ခံရတာေတြေကာ ? ေယာက်ာ္းေလးအခ်င္းခ်င္း အႏိုင္က်င့္ၾကတာေတြေကာ ?? အဘြားအရြယ္ မိန္းမသားေတြေကာ အရူးေတြေကာက အစ အႏိုင္က်င့္ခံရတဲ့ အမႈေတြကေကာ ?? အဲ့တာဘာေတြလဲ ဘာေၾကာင့္ျဖစ္ေနၾကရတာလဲ..

ဟုတ္ျပီ ၀တ္စားဆင္ယင္မႈကို ကန္႔သတ္မယ္ဆို မုဒိန္းမႈေတြ နည္းသြားမယ္လို႔ ခင္ဗ်ားတို႔ ယူဆတာလား.. ဘိုရာကေတာ့ လုံးဝမထင္ပါ.. အဲ့လို ကန္႔သတ္ရင္ ဘယ္အထိ အက်ိဳးသက္ေရာက္မႈရွိသြားမလဲ ဘိုရာေတြးမိသေလာက္ကေတာ့ အဲ့လို လုပ္လိုက္မယ္ဆို ျမန္မာအမ်ိဳးသမီးေတြကို ပိုျပီး ေၾကာက္လာေအာင္ ေျခာက္ေနသလို အမ်ိဳးသားေတြကိုက်ေတာ့ ကိုယ္ေတြ အမ်ိဳးသမီးက victim ေနရာ ျဖစ္ရမယ္ဆိုတဲ့ အေတြးၾကီး ရိုက္သြင္းေပးေနသလိုပါပဲ..

ရုပ္ရွင္ ဂီတ စာေပ အဖက္ဖက္က တိုးတက္လာတာနဲ႔ အမ်ွ လူေနမႈ ပုံစံလဲ ေျပာင္းလဲလာပါတယ္ … အဲ့ဒါကို ကိုယ္ေတြ control လုပ္လို႔မရပါဘူး … ဒါေပမယ့္ ေကာင္းတဲ့ ပုံစံနဲ႔တိုးတက္ေအာင္ သြားမလား ေခတ္မီတဲ့ အျမင္ပုံစံနဲ႔ ေတြးေခၚမလား အဲ့တာ ကိုယ္ေတြ အေပၚ အမ်ားၾကီး မူတည္သြားပါျပီ …

ရဲေတြ အသုံးမက်လို႔ ႏိုင္ငံေခါင္းေဆာင္ေတြ အသုံးမက်လို႔ ကိုယ္ေတြ ေနတဲ့ေနရာ safe ျဖစ္ေအာင္ သူတို႔ မလုပ္ေပးႏိုင္ေသးခင္ (မလုပ္ေပးရင္) ကိုယ္ေတြရဲ႕ မွားယြင္းေနတဲ့ အေတြးအျမင္ အယူအဆေတြကို အရင္ေျပာင္းလဲပစ္ရမွာပါ.. မေျပာင္းလဲ သေရြ႕က ဘယ္ေလာက္ပဲ “တိုးတက္ခ်င္ပါတယ္” ဖင္ျပဲေအာင္ေအာ္ေအာ္ တိုးတက္ေျပာင္းလဲလာမွာမဟုတ္ဘူး..

ျမန္မာ society ၾကီးရဲ႕အေတြးအျမင္ကိုက ေျပာင္းလဲသင့္ေနပါျပီ… Please “think outside the box” ပါ.. အယူမသီးပါနဲ႔ အရာတစ္ခုကို လြယ္လြယ္နဲ႔ ေကာက္ခ်က္မခ်ပါနဲ႔.. အေၾကာင္းအရာဆိုတာ အမ်ားၾကီးရွိပါတယ္..

ဘိုရာလဲ ကိုယ္ေနတဲ့ society ေလး ေကာင္းမြန္လာဖို႔အတြက္ေကာ ေနာက္လာမယ့္ တက္သစ္စလူငယ္ေတြ အနာဂတ္အတြက္ေကာ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အေနနဲ႔ အေျပာပဲ မဟုတ္ပဲ အလုပ္နဲ႔ပါ သက္ေသျပေနတဲ့ လူငယ္တစ္ေယာက္သာ !!

#Sharing_is_Caring

ဓာတ္ပုံမ်ားကုိ troll ထားသည့္ screen shot မ်ားႏွင့္တကြ unicode version အဆုံးတြင္ ေဖာ္ျပေပးထားပါသည္။

Victim-Blaming Culture in Myanmar For Rape Case 
ျမန္မာႏိုင္ငံတြင္ မုဒိန္းမႈႏွင့္ပတ္သက္ျပီး နစ္နာသူကိုသာ အျပစ္ဖို႔ေလ့ရွိေသာ အယူအဆတစ္ခု 

ေခါင္းစဥ္ျဖင့္ ဖဘစာမ်က္ႏွာတြင္ တင္ထားသည္ကုိ ကူးယူေဖာ္ျပထားျခင္း ျဖစ္ေၾကာင္း ၀န္ခံအပ္ပါသည္။

Unicode
ဒီနေ့ ဘိုရာ မိုက်မိုက်မဲမဲနဲ့ ပြဿနာတစ်ခုကို သက်သက်မဲ့ မီးထွန်းရှာခဲ့တယ်။ အဲဒါဘာလဲဆိုတော့ တော်တော်များများလည်း သိပြီးကြပြီနေမှာပါ။ Fb group တွေထဲမှာလည်း ပျံ့နေလောက်ပြီဆိုတော့ သိတဲ့သူလည်း သိပြီးသွားကြပြီဖြစ်သလို မသိသေးတဲ့သူတွေကိုလည်း အခုဘိုရာ ကိုယ်ဉာဏ်မှီသလောက် တင်ပြဆွေးနွေးမယ့် အကြောင်းအရာလေးကို ဖတ်စေချင်ပါတယ်..

ဘိုရာလည်း အမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အလျောက် ဒီနေ့မနက်က သာကေတက အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရွှေရည်ဝင်းအမှုနဲ့ ပတ်သက်ပြီး တရားခံကို သေဒဏ်ပေးဖို့အတွက် လှုပ်ရှားမှု တစ်ခု ပြုလုပ်မယ်ဆိုတော့ ၉ နာရီခွဲလောက် အရောက်သွားခဲ့တယ်..

အိမ်က မထွက်ခင် စဉ်းစားတယ်.. ငါ ဘာဝတ်သွားရင်ကောင်းမလဲ.. ဘိုရာ ပုံမှန်အားဖြင့် အားကစားသမားဖြစ်တဲ့အလျောက် ဘောင်းဘီအတို sport bra ကို အောက်ကနေတစ်ခါထဲ ဝတ်ပြီး အပေါ်ကနေမှ အင်္ကျီ်လက်ရှည်ထပ်ဝတ်ရင်ဝတ် မဝတ်ရင် အနွေးထည်အပါးလက်ရှည်ဝတ်ပြီး အောက်ဖက်ကိုလည်း ထဘီအရှည် သို့မဟုတ် ဘောင်းဘီအရှည်ဝတ်လေ့ရှိတယ်..

ဒါပေမယ့် ရုတ်တရက်စဉ်းစားမိတယ်.. ပထမဦးဆုံးအကြိ်မ် ကိုယ်တွေဒီအဖွဲ့လေးဖွဲ့ဖြစ်သွားအောင်ကော သေဆုံးသူ မရွှေရည်ဝင်းအတွက် ရွှေတိဂုံဘုရားမှာ အမျှဝေပွဲပြုလုပ်တဲ့နေ့တုန်းက ထဘီလေးနဲ့ မြန်မာမိန်းကလေးပီပီ ဝတ်စားသွားခဲ့ပြီးပြီ..

ဒုတိယအကြိမ်မှာကျတော့ မြောက်ဒဂုံက တရားရုံးနားမှာ ကိုယ်တွေ အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ လှုပ်ရှားမှုပြုလုပ်တုန်းကကျတော့ အင်္ကျီလက်တိုနဲ့ ဘောင်းဘီအရှည်ဝတ်ပြီး လက်ကမ်းစာစောင်တွေ ဒီနေ့လိုပဲ ဖြတ်သွားသမျှ ကားတွေကို လိုက်လံဝေပေးခဲ့တယ်..

အခု တတိယအကြိမ်မှာတော့ ဘိုရာ ဖြတ်ခနဲ ဘာတွေးမိလဲဆိုတော့ “ငါ ဒီလို ဘောင်းဘီတိုနဲ့ ဂျိုင်းပြတ်ဝတ်ပြီး လုပ်ရင် ငါ့အဖွဲ့ဝင်သားတွေကော ငါ့ပတ်ဝန်းကျင်ကကော ဘယ်လိုတွေးကြမလဲ ဘယ်လိုမြင်ကြမလဲပေါ့’’ စပ်စုချင်စိတ်နဲ့ အရဲစွန့်လိုက်ပြီး ဝတ်ပြီးလာလိုက်တယ်.. (ဒါတောင် ဘိုရာ လွယ်အိတ်ထဲမှာ ထဘီအပိုအမြဲထည့်ထားလေ့ရှိပါတယ်)

ကဲ ကိုယ့်ရဲ့ စစ်ဆင်ရေးစပါပြီ…
ဘိုရာ အိမ်ကနေစထွက်လာပြီး ဘတ်စ်ကားစီးဖို့အတွက် ကားဂိတ်ထိကော ကားမှတ်တိုင်ရောက်တော့ ဆင်းပြီး လမ်းလျှောက်တဲ့တစ်လျှောက် ဆက်တိုက်ကို sexual harassment အလုပ်ခံရတယ် .. ဖြတ်သွားသမျှ ယောင်္ကျားလေးအများစုတိုင်းက “ဝတ်မနေပါနဲ့တော့ကွာ”… “လန်းတယ်နော် လှချက်” .. “ဟေ့ ဒီဘက်လေးလှည့်ကြည့်ပါအုန်း”.. စသဖြင့် နှုတ်သရမ်းကြတယ်..

( ရယ်စရာ ဘာတစ်ခုတွေးမိလဲဆိုတော့ အဲ့လို နှုတ်သရမ်းခြင်းခံရတာ ဘိုရာ ထဘီဝတ်ပြီး အပြင်သွားလဲ အစခံရလေ့ရှိပါတယ်.. ဘောင်းဘီရှည်ဝတ်ပြီးသွားလဲ အစခံရလေ့ရှိတာပဲ .. စကပ်ဒူးဖုံးဝတ်ပြီး သွားလဲ အစခံရတာပဲ.. )

အဲတာနဲ့ ကိုယ်တွေ အဖွဲ့သားတွေ လှုပ်ရှားမှုပြုလုပ်မယ့်နေရာရောက်တော့ ထင်ထားတာနဲ့လွဲတာလေးတစ်ခုပဲရှိပါတယ်.. ဘိုရာ့အဖွဲ့သားတွေက ဘိုရာ့ထက် အသက်ကြီးတဲ့သူတွေများပါတယ်. အမေအရွယ်တွေ အဖွားအရွယ်တွေတောင်ပါပါတယ်.. ပြောချင်တာ သူတို့နေခဲ့တဲ့ ခေတ်ကာလနဲ့ ကိုယ်တွေနေနေတဲ့ ခေတ်ကာလက ကွာပါတယ်.. သူတို့က ထဘီကလွဲရင် တခြားဝတ်လေ့မရှိတဲ့သူတွေပါ.. ဒါပေမယ့် ဘိုရာ့ကို ဘာတစ်ခွန်းမှ မပြောပဲ ဘိုရာရောက်လာတာနဲ့ ဝမ်းသာအားရ နှုတ်ဆက်ကြတယ်..

ဟုတ်ပြီ ကိုယ်တွေ လုပ်ငန်းစဉ်အတိုင်းပဲ လက်ကမ်းစာစောင်တွေကို ဖြတ်သွားသမျှ ကားတွေကို ဝကြေတယ်.. အဲ့မှာ ဇာတ်လမ်းက စတော့တာပဲ.. ဖြတ်သွားသမျှ ကားပေါ်က ယောကျာ်းကြီးငယ်မရွေးအများစု မျက်လုံးတွေက “ မုဒိန်းမှုပပျောက်ရေးအတွက်လည်း ပြောသေးတယ်.. ဝတ်ထားတာ ဘယ်လိုကြီးလဲဟ” ဆိုတဲ့ လှောင်ရယ်နေတဲ့ အတွေးမျက်ဝန်းတွေနဲ့ လက်ကမ်းပေးတဲ့ စာစောင်လေးကို ယူပြီး ဘိုရာ့ကို ကြည့်ခဲ့ကြတယ်..

အဲ့တာနဲ့ ကိုယ်တွေ အဖွဲ့လုပ်စရာရှိ အကုန်လုပ်ပြီးတော့မှ ကိုယ်စီလမ်းခွဲခဲ့ကြတယ်.. ဘိုရာ့ စစ်ဆင်ရေးလည်း ပြီးဆုံးသွားပြီပေါ့ ကိုယ်လည်း သိသင့်သလောက် သိသွားပြီ..

ဘိုရာ Gym ရောက်ပြီးတော်တော်ကြာတော့ သတင်းတွေ ထွက်လာတယ်.. ဘိုရာ ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး Troll ထားတာလေးတွေပေါ့.. ဘိုရာ့လူတွေကလည်း စိတ်ပူပြီး chat box ထဲလာပြကြတာပေါ့ ..

ကောင်းပြီ ကိုယ်မွှေထားတာ ကိုယ်ပြန်ရှင်းရတော့မယ်လေ.. ကိုယ်လည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးဖို့စဉ်းစားထားတာကြာပါပြီ..

ထင်တဲ့အတိုင်းပါပဲ .. မြန်မာနိုင်ငံကလူတွေတော်တော်များများက ဘယ်ကိစ္စမဆို သုံးသပ်ရင် မျက်တောင်တစ်ဆုံးပဲတွေးတတ်ကြတယ်.. ဒီလို မုဒိန်းမှုကိစ္စတွေ အပေါ်မှာ နစ်နာတဲ့သူတွေ အထူးသဖြင့် မိန်းမသားနစ်နာသူတွေ အပေါ်မှာ ဘာနဲ့ discriminate လုပ်လေ့ရှိလဲဆိုတော့ “Fashion - ဝတ်စားဆင်ယင်ပုံ” ကို အဓိက ပုံချလေ့ရှိတယ်..

အဲ့တာ အရမ်းရယ်စရာကောင်းတဲ့ အပြစ်တင်ခြင်း သို့မဟုတ် ယူဆချက် လို့ပဲ ဘိုရာက သုံးသပ်တယ်.. ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်က Irrawaddy media က article လေးတစ်ခု ဖတ်ကြည့်ပြီး စိတ်မကောင်းစရာ တစ်ခုက ဝန်ကြီးဌာနကိုယ်တိုင်ကိုက မုဒိန်းမှုကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီးတွေ ဝတ်စားဆင်မှုအပိုင်းပေါ် Blaming လုပ်တာပါပဲ ..

မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ အရမ်းဝမ်းနည်းမိပါတယ်… ကိုယ်တွေ မြန်မာအမျိုးသမီးတွေက ဒီ “ဗိုင်းကောင်းကျောက်ဖိ” ဆိုတဲ့ အယူအဆကနေ ရုန်းထွက်လို့ကို မရတာ.. ခေတ်ကာလအရ လူနေမှုစရိတ်တွေ မြင့်တက်လာပါတယ်.. ဟိုးအရင်ခေတ်ကလို အိမ်မှာ တစ်ယောက်က ဒိုင်ခံပိုက်ဆံရှာပြီး ကျန်တဲ့သူတွေ ထိုင်စားနေလို့ မရတဲ့ခေတ်ကြီးပါ.. ပြောချင်တာ ကိုယ်တွေ မြန်မာအမျိုးသမီးတွေလည်း နေ့ညမရွေး အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ပိုက်ဆံရှာနေရတာပါ.. ဟုတ်ပြီ ဝတ်စားဆင်ယင်ပုံနဲ့ ချိတ်ကြည့်ရအောင် .. အလုပ်အမျိုးအစားပေါ်လည်း မူတည်ပြီး စကပ်တို ဝတ်ရတဲ့သူတွေလည်း ရှိမယ်.. ထဘီ ဝတ်ရတဲ့သူတွေလည်း ရှိမယ်.. သေချာတာတစ်ခုကတော့ ဘယ်သူမှ အမြဲကြီး ထဘီဝတ်နေလို့ရတဲ့ ခေတ်ကြီး မဟုတ်တော့ပါဘူး..

ဘိုရာ ကိုယ်တိုင်လည်း ထို့အတူပါပဲ .. တစ်နေ့ထဲက ကိုယ် အလုပ် သုံး လေးမျိုးဖြစ်လာတဲ့အခါဆို ကိုယ့်လွယ်အိတ်ထဲ ထဘီကော အကျီ်ကော တစ်ဖက်ကလည်း အားကစားသမားဆိုတော့ sport bra တွေ ဘောင်းဘီ အကပ်တွေ စုံနေတာပါပဲ.. တစ်နေရာရောက် တစ်ခါလဲရတယ်လေ.. ညဘက်အိမ်ပြန်ရင်ကျတော့ ထဘီဝတ်ပြီး ပြန်ရတယ်.. (ဒါတောင် ကံမကောင်းရင် အစခံရတာပါပဲ)

တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် စိတ်တောင်ညစ်တယ်.. ကိုယ်မွေးဖွားလာတဲ့ နိုင်ငံ.. ကိုယ်မွေးဖွားလာတဲ့ ပတ်ဝန်းကျင်ကြီးကိုက တစ်ခါတစ်လေ အရမ်း စိတ်ပျက်ဖို့ မုန်းတီး ရွံရှာဖို့ကောင်းတယ်..
ဘိုရာအမှန်အတိုင်းပြောရရင် ကိုယ်ခံပညာ အနည်းငယ်လည်း တတ်တယ်.. ကာယဗလမယ်ဖြစ်တဲ့အလျောက် အနည်းဆုံး ယောကျာ်းလေးတစ်ယောက်ကို ခုခံကာကွယ်ဖို့က အသာလေးပါ.. ဒါပေမယ့် မြန်မာမိန်းကလေးမို့လို့ ဆိုတဲ့ culture ကြီးက တစ်ခါတစ်လေ ကိုယ့်ကို အလိုလိုအားယုတ်စေတယ်..

ဘာလို့လဲ ကိုယ် ထဘီလေးဝတ်ပြီး အပြင်ထွက်တဲ့နေ့ဆို “ဟယ် ရိုးရိုးလေးနဲ့ အရမ်းလှတယ်” .. ကိုယ် တစ်ခါတစ်လေ Gym သွားဖို့ အခြေအနေအရ ဘောင်းဘီတို ဝတ်မိပြီဆိုတာနဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံးအရောင်တွေက စိမ်းသွားတယ်..

အခု မုဒိန်းမှုတွေများလာတယ်.. ကြေညာချက် ထုတ်ပြန်ချက်တွေကိုက အစ.. သမီးမိ်န်းကလေးရှိတဲ့ အိမ်တွေ .. ဘာတွေ့ရလဲဆိုတော့ မိန်းကလေးတွေ ညဘက်နောက်မကျသင့်တာတွေ.. ဘယ်လိုနေပါထိုင်ပါစားပါ… စသဖြင့်ပေါ့..

ယောကျာ်းလေးတွေ မိန်းကလေးတွေအပေါ်ထားသင့်တဲ့ စိတ်ထား.. အပြုအမူနဲ့ ပတ်သက်ပြီးတော့ကျ ဝေဖန်သုံးသပ်တာမျိုး ကြေညာချက်မျိုး လုံးဝကို မတွေ့ရပါ.. အရမ်းအရမ်း စိတ်ပျက်ဖို့ကောင်းပါတယ်..

ပြောရရင် ဒီနိုင်ငံရဲ့ အဖက်ဖက်က မိဘသွန်သင်ဆုံးမမှုအပိုင်း ပညာရေးအပိုင်းတွေက အဓိက အများကြီး စကားပြောပါတယ်.. ဒီနိုင်ငံက သားယောကျာ်းလေးမိဘတွေ လက်သုံးစကား တစ်ခု “သားယောကျာ်းလေးပဲကွာ ဘာဖြစ်လဲ လုပ်ပါစေ” ဆိုတဲ့ စကား… ယောကျာ်းလေးတစ်ယောက်က ငယ်စဉ်ကတည်းက အဲ့လို စကားနဲ့ ကြီးပြင်းလာမှတော့ သူ့ မသိစိတ်ထဲမှာ မိ်န်းကလေးတွေအပေါ် respect လုံးဝမရှိတော့ပါဘူး.. သူတို့ စိတ်ထဲမှာ မိန်းကလေးဆိုတော ယောကျာ်းလေးထက် နိမ့်တယ်ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတတ်တဲ့ စိတ်ကြီးက ဖြစ်ပေါ်နေမှာပါ..

ဒီနိုင်ငံမှာ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ဘာမဟုတ်တဲ့ အယူအဆတွေ အများကြီးရှိသေးပါတယ် ! မိန်းကလေးတစ်ယောက်က ညဘက် အိမ်ပြန်တာ အရမ်းနောက်ကျတာပဲ ဖြစ်ဖြစ် night out ထွက်မိတာပဲ ဖြစ်ဖြစ် လုပ်မိပြီဆိုတာနဲ့ မိန်းမပျက်ဖြစ်သွားသလို သမုတ်တာမျိုး ! ဟုတ်ပြီ သူဘာဖြစ်လို့ အိမ်ပြန်နောက်ကျရသလဲ ? အလုပ်ကြောင့်လား တခြား အကြောင်းကြောင့်လား ? စသဖြင့် နောက်ကွယ်က အကြောင်းရင်းကို မစဉ်းစားပဲ ချက်ခြင်း မိန်းကလေးတစ်ယောက်အပေါ် “အိမ်ပြန်နောက်မကျသင့်ဘူး မိန်းကလေးတစ်ယောက်အနေနဲ့ မဖြစ်သင့်ဘူး” ဆိုတဲ့ ဟာကြီးနဲ့ ရိုက်နှက်ပလိုက်တယ် …

မုဒိန်းမှုကိစ္စမှာလဲ အလားတူပဲ တကယ်ပဲ နစ်နာသူမိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့်လား ? အမျိုးသားတွေရဲ့ mind-set ကိုက မှားယွင်းနေတာလား ? မုဒိန်းမှု ပြဿနာကလဲ ထဘီမဝတ်တဲ့ တခြားနိုင်ငံတွေမှာလဲ ဖြစ်နကြေတာပဲလေ !!မေးခွန်းထုတ်စရာတွေ အများကြီးပါ …

အဓိကက ဘိုရာထောက်ပြချင်တာ စိတ်ဓာတ်ကိုပါ.. အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုကြောင့် မုဒိန်းမှုများတယ်ဆိုရင် သက်ငယ်မှုဒိန်းမှုတွေများလာတာကကော ?? လမ်းဘေးကလေးတွေ အနိုင်ကျင့်ခံရတာတွေကော ? ယောကျာ်းလေးအချင်းချင်း အနိုင်ကျင့်ကြတာတွေကော ?? အဘွားအရွယ် မိန်းမသားတွေကော အရူးတွေကောက အစ အနိုင်ကျင့်ခံရတဲ့ အမှုတွေကကော ?? အဲ့တာဘာတွေလဲ ဘာကြောင့်ဖြစ်နကြေရတာလဲ..

ဟုတ်ပြီ ဝတ်စားဆင်ယင်မှုကို ကန့်သတ်မယ်ဆို မုဒိန်းမှုတွေ နည်းသွားမယ်လို့ ခင်ဗျားတို့ ယူဆတာလား.. ဘိုရာကတော့ လုံးဝမထင်ပါ.. အဲ့လို ကန့်သတ်ရင် ဘယ်အထိ အကျိုးသက်ရောက်မှုရှိသွားမလဲ ဘိုရာတွေးမိသလောက်ကတော့ အဲ့လို လုပ်လိုက်မယ်ဆို မြန်မာအမျိုးသမီးတွေကို ပိုပြီး ကြောက်လာအောင် ခြောက်နေသလို အမျိုးသားတွေကိုကျတော့ ကိုယ်တွေ အမျိုးသမီးက victim နေရာ ဖြစ်ရမယ်ဆိုတဲ့ အတွေးကြီး ရိုက်သွင်းပေးနေသလိုပါပဲ..

ရုပ်ရှင် ဂီတ စာပေ အဖက်ဖက်က တိုးတက်လာတာနဲ့ အမျှ လူနေမှု ပုံစံလဲ ပြောင်းလဲလာပါတယ် … အဲ့ဒါကို ကိုယ်တွေ control လုပ်လို့မရပါဘူး … ဒါပေမယ့် ကောင်းတဲ့ ပုံစံနဲ့တိုးတက်အောင် သွားမလား ခေတ်မီတဲ့ အမြင်ပုံစံနဲ့ တွေးခေါ်မလား အဲ့တာ ကိုယ်တွေ အပေါ် အများကြီး မူတည်သွားပါပြီ …

ရဲတွေ အသုံးမကျလို့ နိုင်ငံခေါင်းဆောင်တွေ အသုံးမကျလို့ ကိုယ်တွေ နေတဲ့နေရာ safe ဖြစ်အောင် သူတို့ မလုပ်ပေးနိုင်သေးခင် (မလုပ်ပေးရင်) ကိုယ်တွေရဲ့ မှားယွင်းနေတဲ့ အတွေးအမြင် အယူအဆတွေကို အရင်ပြောင်းလဲပစ်ရမှာပါ.. မပြောင်းလဲ သရွေ့က ဘယ်လောက်ပဲ “တိုးတက်ချင်ပါတယ်” ဖင်ပြဲအောင်အော်အော် တိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူး..

မြန်မာ society ကြီးရဲ့အတွေးအမြင်ကိုက ပြောင်းလဲသင့်နေပါပြီ… Please “think outside the box” ပါ.. အယူမသီးပါနဲ့ အရာတစ်ခုကို လွယ်လွယ်နဲ့ ကောက်ချက်မချပါနဲ့.. အကြောင်းအရာဆိုတာ အများကြီးရှိပါတယ်..

ဘိုရာလဲ ကိုယ်နေတဲ့ society လေး ကောင်းမွန်လာဖို့အတွက်ကော နောက်လာမယ့် တက်သစ်စလူငယ်တွေ အနာဂတ်အတွက်ကော အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အပြောပဲ မဟုတ်ပဲ အလုပ်နဲ့ပါ သက်သပြေနေတဲ့ လူငယ်တစ်ယောက်သာ !!

#Sharing_is_Caring


Victim-Blaming Culture in Myanmar For Rape Case
မြန်မာနိုင်ငံတွင် မုဒိန်းမှုနှင့်ပတ်သက်ပြီး နစ်နာသူကိုသာ အပြစ်ဖို့လေ့ရှိသော အယူအဆတစ်ခု

ခေါင်းစဉ်ဖြင့် ဖဘစာမျက်နှာတွင် တင်ထားသည်ကို ကူးယူဖော်ပြထားခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်။

 

bora

 

bora 4

bora 1

bora6

bora 3

bora 5

bora 7

 

Read 1812 times
Rate this item
(0 votes)