What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇင်ဘာလအတွင်းသုံးရက်တိုင်ကျင်းပမယ့် Myanmar Int’l Fashion Week 2017

ဒီဇင်ဘာလအတွင်းသုံးရက်တိုင်ကျင်းပမယ့် Myanmar Int’l Fashion Week 2017 facebook

ထိပ်တန်းမော်ဒယ်များနှင့်အနုပညာရှင်များပါဝင်ပြသမည့် Myanmar Int’l Fashion Week 2017ကို ဒီဇင်ဘာလအတွင်းသုံးရက်တိုင်ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။

Star Event Production မှစီစဉ်ကျင်းပမည့်အဆိုပါဖက်ရှင်ရှိုးတွင်ထိပ်တန်းဒီဇိုင်နာများ၊ဖက်ရှင်အမှတ်တံဆိပ်များမှနောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းများမိတ်ကပ်နှင့်လက်ဝတ်ရတနာများအားလည်းပါဝင်ပြသသွားမှာဖြစ်ကြောင်းသိရပါတယ်။

“နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Myanmar Int’l fashion week ရဲ့ငါးကြိမ်မြောက်ဖက်ရှင်ရှိုးကို ဒီဇင်ဘာလမျာကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမှာဖြစ်ပါတယ်။ အခုနှစ်မှာကျင်းပမယ့်ဖက်ရှင်ရှိုးမှာပြည်တွင်းပြည်ပကထိပ်တန်းဒီဇိုင်နာတွေရဲ့ဖက်ရှင်ဒီဇိုင်းတွေနာမညြီ့းအမှတ်တံဆိပ်တွေရဲ့နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းတွေကိုထိပ်တန်းမော်ဒယ်တွေနဲ့ အနုပညာရှင်တွေကပါဝ်ပြသပေးကြမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဖက်ရှင်ရှိုးမှာပါဝင်ပြသလိုတဲ့ဖက်ရှင်ဒီဇိုင်နာတွေကိုလည်းဖိတ်ခေါ်ထားပါတယ်။ဟု star event production မှကိုဂျွန်လွင်ကပြောပါတယ်။

Myanmar Int’l Fashion Week 2017ကိုဒီဇင်ဘာလ၈ရက်မှ၁၀ရက်အထိသုံးရက်တိုင်ပြုလုပ်မည်ဖြစ်ကာနေံလိုက်အပိုင်းများခွဲကာတင်ဆက်မည်ဖြစ်ကြောင်းသိပါတယ်။ အဆိုပါ ဖက်ရှင်ရှိုးကိုတော့ junction square outdoor area တွင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ 

21271135 826099100887145 2853309245892848623 n

source :daily eleven

Read 1779 times
Rate this item
(0 votes)