What's new

×

Warning

JUser: :_load: Unable to load user with ID: 845


THE REDRESS DESIGN AWARD 2018 FINALISTS

ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်အလွန်မှာ Redress Design Award 2018 အကြောင်း မိတ်ဆက်ပေးပြီး Vote လုပ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။
အခု မေလလယ်မှာ THE REDRESS DESIGN AWARD 2018 FINALISTS စာရင်းကို ထုတ်ပြန်ကြေညာပေးလိုက်ပါတယ်။ အများဆန္ဒဖြင့် vote လုပ်ပြီး ရွေးချယ်ကြတဲ့
People’s Choice Award ကို ဘယ်သူရသွားသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပြန်ဖြည့်တင်းပေးတဲ့သဘာဝ ရှိတဲ့ sustainable fashion design တွေနဲ့ ကမ္ဘာတစ်လွှားမှ ဖက်ရှင်ဒီဇိုင်နာတွေ ယှဉ်ပြိုင်ခဲ့တာမှာ လက်ရွေးစင် FINALISTS ၁၁ ဦး ရွေးချယ်ထားတယ်။ သူတို့စာ မိမိနေထိုင်ရာ ရပ်ဝန်း (region) ကို ကိုယ်စားပြုတယ်။ အထည်အလိပ်နဲ့ အ၀တ်အစားတွေ လေလွင့်တာကို ဖက်ရှင်အဖြစ် ပြန်လည်သုံးစွဲဖို့ လှုပ်ရှားမှု ကြီးထွားလာနေတာနဲ့အညီ ဖက်ရှင်ဒီဇိုင်းတွေ ထုတ်ထားကြတယ်။ သံသရာလည်သလို ပြန်လည်သုံးစွဲခြင်းများ ထွန်ကားလာနေတဲ့ ပင်မရေစီးကြောင်းထဲ ပါဝင်ကြတယ်။

ပါဝင်ယှဉ်ပြိုင်ကြသူတွေရဲ့ ပင်ကိုအရည်အချင်း အဆင့်မြင့်မားကြလို့ အကဲဖြတ်ဒိုင်တွေ အနေဖြင့် ခက်ခက်ခဲခဲ ရွေးချယ်ဆုံးဖြတ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အခု လက်ရွေးစင် finalist တွေဟာ ဟောင်ကောင်၊ တိုင်ဝမ်၊ အစ္စရေး၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပြင်သစ်၊ စပိန်၊ ဒိန်းမတ်၊ အိန္ဒိယ၊ သြစတေးလျတို့မှ ဖြစ်ပြီး ဖက်ရှည်စုစည်းမှုတစ်ခုစီကို ပြုလုပ်ပေးကြရမယ်။ စုစည်းမှုတစ်ခုမှာ ဖက်ရှင်ဝတ်စုံ ၅ စုံ ပါဝင်ရမယ်။ စိတ်ကူးတွေကို ဖက်ရှင်ပုံကြမ်း fashion sketch တွေအဖြစ်မှ လက်တွေ့ နမူနာအဖြစ် ချုပ်လုပ်ကြရမယ်။ ပြီးရင် ယခုဆုပေးပွဲမှာ ပါဝင်ကူညီတဲ့ UPS ချောပို့လုပ်ငန်းကို ဆက်သွယ်ပြီး နမူနာတွေကို ပွဲကျင်းပရာ ဟောင်ကောင်သို့ ပေးပို့ထားကြရမှာ ဖြစ်ပါတယ်။

finalist 1finalist 2

Grand Final Fashion Show ကိုတော့ HKTDC’s CENTRESTAGE fashion week ၂၀၁၈ စက်တင်ဘာလ ၆ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီမှာ လက်ရွေးစင် ၁၁ ဦးထဲမှ ဆုရရှိသူများကို ပရိသတ်ရှေ့မှောက်မှာ ကြေညာအသိပေးမှာ ဖြစ်ပါတယ်။

tilte


People’s Choice Award ကို ကမ္ဘာတစ်လွှားမှ အင်တာနက်မှတစ်ဆင့် vote လုပ်ပြီး ရွေးချယ်ခဲ့တယ်။ လေးပတ်တာအတွင်း ရရှိလာတဲ့ မဲအရေအတွက်အရ အများဆုံး ရရှိသူကို ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။
People’s Choice Award ရရှိသူဟာ အမေရိက စန်ဖရန်စစ္စကိုမြို့မှာ အခြေပြုတဲ့ ကိုရီးယား ဒီဇိုင်နာ Mimi Jeong ဖြစ်ပါတယ်။
သူ့ရဲ့ ၀က်ဘ်ဆိုက်က http://www.mimijung.com/1

 

mimi

Mimi ဟာ People’s Choice အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ရခြင်းနဲ့အတူ
JUKI overlock sewing machine တစ်လုံးရယ်၊
Bloomsbury ရဲ့ ‘The Handbook of Design for Sustainability’ စာအုပ်တစ်အုပ်ရယ် ရရှိဦးမှာ ဖြစ်ပါတယ်။

 

linkRedress Design Award 2018

 

 

link fashion sketch

Read 1149 times
Rate this item
(0 votes)