What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ ငြိမ်းကို ဖန်တီးလိုက်တဲ့ Fairytale Princesses လေးတွေအဖြစ် မြင်တွေ့ရမယ့် ကြယ်ပွင့်သစ်များ

Disney ပုံပြင်တွေထဲက မင်းသမီးလေးတွေကို တစ်စုတစ်ဝေးတည်း တွေ့လိုက်ရတယ်ဆို ယုံမလားပဲ။ Sedona Hotel Yangon မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လေးကြိမ်မြောက် Wedding Fair ပြပွဲကြီးကျင်းပရာ Grand Ballroom မှာ ဒီဇိုင်နာ ငြိမ်းကိုက ( Chic & Chic) ရဲ့ ဖန်တီးမှုဖြင့် Fairytale Princesses လေးတွေကို တွေ့မြင်ခဲ့ရပါတယ်။

Journey of Love " အချစ်ခရီးလမ်း ရယ်လို့ အမည်ရတဲ့ ဒီ Wedding Fair ကြီးကတော့ ချစ်ခြင်း၊ မေတ္တာတွေနဲ့ ထုံမွှန်းဖြစ်တည်နေတဲ့ Disney ပုံပြင်တွေထဲက ချစ်ခြင်းဖွဲ့ မင်းသမီးလေးတွေကို အသက်သွင်း လိုက်ခြင်းက သိပ်ကို လိုက်ဖက်လွန်းပါတယ်။

Nyein Ko Cover min

ဒီဇိုင်နာဟာ သူရွေးချယ်ခဲ့တဲ့ လျှောက်လမ်းမယ့် သူတွေရဲ့ အကြောင်းကို ကောင်းကောင်းကြီး နားလည်ခဲ့ပါတယ်။ Modelling အတွေ့ကြုံလည်း နည်းသလို Catwalk အတွေ့ကြုံလည်း လုံးဝမရှိတဲ့ မျက်နှာသစ်ကလေး တွေကို ယုံကြည်ရဲဝံစွာ သူ့ရဲ့ စင်ပေါ်တင်တယ်ဆိုတာက သူ့အတွက်တော့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဇိုင်နာမှာ အဲဒီ စိန်ခေါ်မှုကို ကျော်လွှားနိုင်မယ့် ဖြေရှင်းချက်တစ်ခုက ရှိပြီးသားပါ။ " ကျွန်တော် အနေနဲ့ သူတို့ကို မော်ဒယ်တွေလိုမျိုး ၊ Miss တွေကဲ့သို့ ဆင်လို့မရဘူးလေ။ သူတို့က ဆယ်ကျော်သက် ကလေးတွေ၊ လူငယ်လေးတွေ ဖြစ်တဲ့ အပြင် လျှောက်လမ်းပေါ်မှာ ဘယ်လိုတွေ လုပ်ရမယ်ဆိုတာတွေကိုလည်း မသိကြဘူးလေ။ ဒီပွဲကို ကျွန်တော်က သူတို့အတွက် အပျော်စရာတွေနဲ့ အမှတ်တရပွဲ တစ်ခုဖြစ်အောင် ဖန်တီးပြီး သူတို့နဲ့ လိုက်ဖက်မယ့် Angel ပုံစံမျိုးတွေ Fairytale တွေထဲက မင်းသမီးလေးတွေ ပုံစံမျိုးတွေ အဲလိုတွေကို စဉ်းစားပြီးမှ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကို လုပ်ဖြစ်သွားတာပါ။ " ဆိုပြီး ဒီဇိုင်နာ ငြိမ်းကိုက သူ့ရဲ့ Fairytal Dress Themes လေးဖြစ်ပေါ်လာတဲ့ အကြောင်းလေးကို ရှင်းပြခဲ့ပါတယ်။

Fairytal Dress Collection လေးမှာ ချစ်စဖွယ်ပုံစံလေးတွေနဲ့ လှလှလွင့်လွင့်လေး လျှောက်လမ်းကြတဲ့သူတွေက ယခုအချိန်မှာ ပရိသတ်များချစ်ကြတဲ့ မျက်နှာသစ် အနုပညာကြယ်ပွင့်လေးတွေ ဖြစ်သလို လက်ရှိ အနုပညာလောကမှ နာမည်ကျော်များရဲ့ ဒုတိယ မျိုးဆက်တွေလည်း ဖြစ်ပါတယ်။ သူတို့တွေကတော့ ကလေးသရုပ်ဆောင်က ယခုချိန်အထိ အနုပညာလမ်းကြောင်းပေါ်မှာ တောက်ပနေတဲ့ ယွန်းယွန်း ၊ အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင် ၊ ဝါဆိုမိုးဦးရဲ့ ညီမလေး သဉ္ဇာ ၊ အဆိုတော် အဲလစ်ရဲ့ သမီးလေး ဒိုရာအဲလစ် ၊ ကျော်ရဲအောင်ရဲ့ သမီးလေး မှုံနံသာကျော်ရဲအောင် ၊ မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေး ၊ ဦးအရိုင်း ရဲ့ သမီးလေး ပျိုပျိုမေ ၊ မို့မို့မြင့်အောင်ရဲ့ တူမ ဝါဆိုမြင့်အောင် ၊ တေးရေး ဆရာ ကိုဇဝါရဲ့ သမီး ပိုပိုဟေသာ ၊ အဆိုတော် ဖိုးကာ ရဲ့ သမီး ဖူးဖူးသစ် နှင့် ဒီဇိုင်နာ ငြိမ်းကိုရဲ့ တူမ Apple တို့ပဲဖြစ်ပါတယ်။

Nyein Ko 1 min

" ဒီ ပွဲကို လုပ်မယ်လို့ စဉ်းစားတဲ့အခါမှာတော့ အကယ်ဒမီ ပေးပွဲ စင်မြင့်ပေါ်က ရွှေကြို လေးတွေ အဖြစ် တွေ့မြင်ခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ သမီးလေးတွေ ဆိုအဆင်ပြေမှာပဲ ဆိုပြီး အတွေးတစ်ခု ပေါ်လာခဲ့တယ်။ အဲဒီလိုနဲ့ သူတို့ကို ဆက်သွယ်ကြည့်တဲ့ အခါမှတော့ သူတို့ကလည်း ပျော်ပြီး လက်ခံကြတယ်။ ပထမတော့ သူတို့က အတွေ့ကြုံမရှိတော့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေကြသေးတာ။ အဲဒါနဲ့ ကျွန်တော်က ရအောင်လုပ်ကြမယ် ပျော်ပျော်ရွှင်ရွှင် နဲ့ အမှတ်တရပွဲလေး တစ်ခုလိုပဲ သဘောထားပြီး လုပ်ကြဖို့ ၊ သူတို့ကို ဖိအား အရမ်းမများစေတဲ့ ပုံစံမျိုးနဲ့ ဦးဆောင်ပြီး စင်ပေါ်လျှောက်ကြမယ်လို့ တိုက်တွန်းရင်း သူတို့နဲ့ ဆက်လုပ်ဖြစ် သွားတာပါ။ " ဆိုပြီး သူ့ရဲ့ ရွေးချယ်မှု အပေါ်မှာ အားရကျေနပ်လျှက် ဒီဇိုင်နာ ငြိမ်းကိုက ရှင်းပြခဲ့ပါတယ်။

1 min

အချစ်ခရီးလမ်းဆိုတဲ့ စင်ပေါ်မှာတော့ ဒီဇိုင်နာ ဖန်တီးခဲ့တဲ့ ချစ်စရာ ချိုချဉ်ရောင် နုနုလွင်လွင်လေးတွေဟာ လျှောက်လမ်းသူတွေရဲ့ နုနယ်ပျိုမြစ်တဲ့ မျက်နှာလေးတွေနဲ့ လိုက်ဖက် ထပ်ဟပ်နေပြီး ချစ်ခြင်းဖွဲ့ မင်းသမီးလေး တွေ အဖြစ် သိပ်ကို လှပနေခဲ့တယ်။ " အရောင်ကိုတော့ တစ်ဦးချင်းစီပေါ်မှာပဲ မူတည်ပြီး ရွေးချယ်ဖြစ်တယ်။ သူတို့ ကိုယ်လာတိုင်းတဲ့ အချိန်မှာပဲ ကျွန်တော်က သူတို့ရဲ့ Skin Color လေးတွေကို ကြည့်ထားတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင် အရောင်လေးတွေစပ်ကြည့်တယ်။ ပြီးတော့ သူတို့ Facebook profile ကနေတဆင့် သူတို့ရဲ့ ဓာတ်ပုံလေးတွေ ကိုဝင်ကြည့်ပြီး သူတို့နဲ့ လိုက်ဖက်မယ့် အရောင်တွေကို သေချာ စဉ်းစားပြီး ရွေးချယ်ထားပါတယ်။ " လို့ ဝတ်စုံလေးတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ Color Inspiration ယူပုံလေးကို ဒီဇိုင်နာ ငြိမ်းကို က မျှဝေခဲ့ပါတယ်။

Nyein Ko 2 min

Wedding Fair ဆိုတာနဲ့ ဖန်တီးသူ တော်တော်များများဟာ သတို့သား၊ သတို့သမီး ဝတ်စုံတွေကို မြန်မာရိုးရာ မင်္ဂလာဝတ်စုံတွေ ၊ အနောက်တိုင်း ဝတ်စုံတွေကို ဆန်းသစ်ပြီး မင်္ဂလာဆောင် ပွဲထွက်တဲ့ ပုံစံမျိုးနဲ့ တင်ဆက်လေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာ တော့ ဒီဇိုင်နာ ငြိမ်းကိုဟာ ဆယ်ကျော်သက် ကလေးတွေကို သုံးပြီး တင်ဆက်သွားတဲ့ သူ့ရဲ့ Collection နဲ့ပတ်သက်ပြီး " Wedding Fair Collection တစ်ခုအတွက် ကလေးတွေကို ရွေးချယ်ဖြစ်ခဲ့တဲ့တာကတော့ Wedding တွေမှာ အရှေ့ကနေထွက်တဲ့ အကြိုလေးတွေ၊ ပန်းကြဲတဲ့ ကလေးမလေးတွေ ပုံစံမျိုးကို စဉ်းစားမိသွားတယ်။ အဲဒီကနေ Idea ရပြီး အကောင်ထည် ဖော်ဖြစ်သွားတာပါ။ '' လို့ ဒီဇိုင်နာက ရှင်းပြခဲ့ပါတယ်။

Nyein Ko 3 min

 

Source:moda

Read 1369 times
Rate this item
(1 Vote)