What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ္ဆေဖက်ရှင်ရှိုး

ဆော်ဒီအာရေဗျမှာ ကျင်းပတဲ့ ဖက်ရှင်ပွဲ မှတ်တမ်းတင် ဗီဒီယို အပိုင်းအစတစ်ခု Twitter မှာ တင်လိုက်တာ ကြည့်ရှုသူ လွန်စွာများပြားသွားတယ်။

၀၈ ဇွန်လ ၈ ရက် ည ၁၀ နာရီမှာ ကြည့်ရှုသူ ၄ ဒဿမ ၃၇ သန်း ရှိနေပြီ။

အဲဒီ ဖက်ရှင်ပွဲက တစ္ဆေဖက်ရှင်ပွဲလို့ အမည်တွင်သွားတယ်။

အဲဒီ တစ္ဆေဖက်ရှင်ပွဲကို ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ ဂျစ်ဒါမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဖက်ရှင်ထည်တွေကို ပြသတာမှာ မော်ဒယ်တစ်ယောက်မှ မသုံးထားဘူး။

ဖက်ရှင်အ၀တ်အစားတွေက ဖက်ရှင်ပွဲကျင်းပတဲ့ ခန်းမကျယ်ထဲ လေထဲ တန်းလန်းကျပြီး ရွေ့လျားသွားတယ်။
ရုတ်တရက်ကြည့်လိုက်ရင် လေထဲ လျှောက်သွားနေတဲ့ ဖက်ရှင်အ၀တ်အစားတွေကို မမြင်ရတဲ့တစ္ဆေတွေက ၀တ်စားပြီး လေထဲ လျှောက်သွားနေသလို ဖြစ်နေတယ်။
တကယ်တော့ ဒရုံးတွေကို သုံးစွဲပြီး အခုလို စီစဉ်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

Saudi Fashion Show

 

turkey room

 

အခုလို ဖက်ရှင်ပွဲမှာ ဒရုံးသုံးပြီး ပြသတာမျိုးကို အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပတဲ့ အီတလီဖက်ရှင်ရှိုးမှာ စည်းစိမ်ပြ ဖက်ရှင်ထည်တွေ ထုတ်လုပ်တဲ့ Dolce and Gabbana ဖက်ရှင်တိုက်က အသုံးပြုခဲ့ဖူးပါတယ်။

အဲဒီတုန်းက အမျိုးသမီးသုံး လက်ကိုင်အိတ်ကလေးတွေ လျှောက်လမ်းတစ်လျှောက် အစီအရီ ပျံဝဲပြီး ပြသဖို့ ဒရုံးတွေ သုံးစွဲခဲ့တယ်။ ဒါပေမဲ့ အခုဆော်ဒီဖက်ရှင်ပွဲလို အကြည့်ရမဆိုးဘူး။ မြင်ရတာ ကျက်သရေ ရှိတယ်။

drones 4

 

“အရာရာတိုင်းမှာ ဆန်းသစ်တီထွင်မှုတွေ ပါဝင်ပတ်သက်ထားတယ်” လို့ ရှိုးပွဲစီစဉ်သူ အက္ကဘာက ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ ယခုအခါ ဥပုသ်စောင့်ကြရတဲ့ ကာလဖြစ်တာမို့ ယခုလို ဒရုံးတွေ သုံးပြီး ပြသတာဟာ ဆီလျော်ပါတယ်လို့ သူက ရှင်းပြတယ်။

အခုလို အခါကြီးအတွင်း မော်ဒယ်မယ်တွေနဲ့ ဖက်ရှင်ရှိုး ပြသရင် အစ္စလာမ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျမှာ ရှော့ခ်ရှိတာ အမှန်ပါပဲ။

Read 951 times
Rate this item
(0 votes)