What's new

×

Warning

JUser: :_load: Unable to load user with ID: 845


က်ဳံ႕သြားတဲ့ Hong Kong Fashion Week

 

(Zaw+Uni)ဒီႏွစ္မွာ က်င္းပတဲ့ Hong Kong Fashion Week HKFW မွာ ဝယ္လက္ေတြ ေျပာင္းလဲသြားတယ္လုိ႔ သုံးသပ္ၾကတယ္။

Hong Kong Convention and Exhibition Centre မွာ

ဇန္နဝါရီလ ၁၅ မွ ၁၈ အထိ ၄ရက္တုိင္တုိင္က်င္းပခဲ့တဲ့ျပပြဲမွာ ထုံးစံအတုိင္း အဝတ္အစားမ်ဳိးစုံ ခင္းက်င္းျပသထားတယ္။
လာေရာက္ၾကည့္႐ႈၾကသူေတြစာရင္းမွာ ဥေရာပမွ ဝယ္လက္ေတြ ရွားပါးေနၿပီး လက္လီအေရာင္းသမားေတြနဲ႔ ခ်ဳပ္ထည္ထုတ္လုပ္သူေတြ ပုိမ်ားလာတယ္။ မေလးရွား၊ ျမန္မာ၊ အေရွ႕အလယ္ပုိင္းေဒသမွ ႏုိင္ငံအခ်ဳိ႕နဲ႔ ၾသစေတးလ်တုိ႔မွ အလာမ်ားတယ္။
ဥေရာပမွဝယ္လက္ေတြ အလာနည္းသြားရတာဟာ ဥေရာပမွ လက္လီဆုိင္လုပ္ငန္းႀကီးေတြဟာ ဗီယက္နမ္၊ အင္ဒုိနီးရွား စတဲ့ ႏုိင္ငံေတြကုိ ရင္းျမစ္ျပဳတဲ့ႏုိင္ငံေတြအျဖစ္ ေျပာင္းလဲသုံးစြဲေနၾကလုိ႔ ေဟာင္ေကာင္ကုိ စိတ္ဝင္စားမႈ နည္းသြားတယ္။ တ႐ုတ္ျပည္မမွာလည္း လုပ္သားခေတြ ျမင့္တက္ေနလုိ႔ ယခုႏွစ္ပုိင္းမွာ ဂဏန္းႏွစ္လုံး ရာခုိင္ႏႈန္းနဲ႔ တုိးသြားခဲ့တာမုိ႔ အထည္ခ်ဳပ္ ေအာ္ဒါေတြ အပ္ဖုိ႔ စိတ္ဝင္စားမႈ ေလ်ာ့က်သြားတယ္။

HKFW ကုိ ႏွစ္စဥ္ျပသခဲ့တာ ၁ဝ ႏွစ္ဝန္းက်င္ ရွိၿပီမုိ႔ အေရးပါတဲ့ ျပပြဲတစ္ခုအျဖစ္ အေမရိကန္မွ ထုတ္လုပ္မႈနဲ႔ ရင္းျမစ္ရယူမႈ မန္ေနဂ်ာေတြ တက္ေရာက္ခဲ့ၾကတယ္။ သူတုိ႔အထဲမွာ အမ်ားစုက ႏွစ္စဥ္ တက္ေရာက္ေနက်လုပ္ငန္းေတြ ျဖစ္ပါတယ္။

ျပပြဲခင္းက်င္းျပသမႈကေတာ့ ထက္ဝက္က်ဳံ႕သြားတယ္။ မႏွစ္က ဇန္နဝါရီလမွာ ျပသခဲ့စဥ္က ေဟာခန္းမက်ယ္ ႏွစ္ခုစာ ျပသခဲ့ၿပီး ယခုႏွစ္မွာေတာ့ ေဟာခန္းမက်ယ္ တစ္ခုစာပဲ ရွိပါတယ္။ ဒီေတာ့ ျပခန္းမ်ားဧရိယာ ထက္ဝက္ေလ်ာ့က်သြားတာ ျဖစ္ပါတယ္။ အေရအတြက္ကုိ ၾကည့္ရင္ မႏွစ္က ျပခန္း ၁၅၁၅ ခုရွိခဲ့ၿပီး ယခုႏွစ္မွေတာ့ ၁၄ဝဝ ခု နီးပါးသာ ရွိပါတယ္။ ျပခန္း ၁ဝဝ ေက်ာ္ ေလ်ာ့က်သြားတယ္။ အရင္တုန္းက က႑တစ္ခုအျဖစ္ World Boutique ကုိ ျပသခဲ့တယ္။ အဲဒီမွာ ဒီဇုိင္းနာနဲ႔ brand ၂၅ဝ ခန္႔ကုိ ျပသခဲ့ၾကတယ္။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ခန္႔က အဲဒီျပသမႈေတြ ပြဲေျပာင္းသြားတယ္။ စက္တင္ဘာလမွာ က်င္းပတဲ့ Centrestage ျပပြဲကုိ ေရာက္သြားၾကတယ္။ Centrestage က ဖက္ရွင္စုစည္းမႈေတြနဲ႔ ေလွ်ာက္လမ္း႐ႈိးပြဲေတြ ပါဝင္ေတာ့ ဒီဇုိင္းနာေတြနဲ႔ brand ေတြအတြက္ ပုိအံကုိက္တာမုိ႔ ေရႊ႕ေျပာင္းသြားၾကတာ ျဖစ္ပါတယ္။

 

တ႐ုတ္ျပည္က အဝတ္အစား ထုတ္လုပ္မႈဟာ လြန္ခဲ့တဲ ႏွစ္ေပါင္း ၂ဝ တုန္းကထက္ အမ်ားႀကီး နည္းသြားၿပီ။ အဲဒီတုန္းက World Trade Organization မွာ တ႐ုတ္ႏုိင္ငံ ဝင္ေရာက္ၿပီးခါစျဖစ္ၿပီး ရင္းျမစ္ရယူတဲ့ႏုိင္ငံအျဖစ္ အသုံးျပဳဖုိ႔ ေရပန္းစားခဲ့တယ္။ ဒီေတာ့ တ႐ုတ္ျပည္မနဲ႔ ေဟာင္ေကာင္မွ အထည္ခ်ဳပ္လုပ္သူေတြဟာ HKFW မွာ အားတက္သေရာ ပါဝင္ျပသခဲ့ၾကၿပီး ျပသသူစုစုေပါင္းရဲ႕ ၉ဝ % နီးပါး ရွိခဲ့တယ္။

ရင္းျမစ္ရယူတဲ့ ၾကားခံကုိယ္စားလွယ္လုပ္ငန္းေတြက တ႐ုတ္ျပည္မမွာ လုပ္သားခေတြ ျမင့္တက္လာတဲ့အတြက္ ရင္းျမစ္ေတြကုိ ဗီယက္နမ္၊ ဘဂၤလာေဒ့ရွ္နဲ႔ အိႏိၵယ ႏုိင္ငံမ်ားမွ ေျပာင္းေရႊ႕ရယူၾကတယ္။ ဒီေတာ့ အက်ဳိးဆက္ရလဒ္က တ႐ုတ္ျပည္မမွ ျပသသူ ေလ်ာ့က်သြားတယ္။ လက္လီဆုိင္လုပ္ငန္းႀကီးေတြဟာ ေဈးသက္သာဖုိ႔ကုိ ဖိအားေပးထားလုိ႔ လုပ္သားခ သက္သာရာ ေနရာေတြဆီ ေရၾကည္ရာ ျမက္ႏုရာ ေရႊ႕ေျပာင္းလုပ္ကုိင္ၾကရတယ္။ ဒီေတာ့ တ႐ုတ္ျပည္မနဲ႔ ေဟာင္ေကာင္မွာ လာခ်ဳပ္ၾကတာေတြ ေလ်ာ့က်ကုန္တယ္။ Hong Kong Trade Development Council ရဲ႕ Garment Advisory Committee မွာ ဥကၠ႒တာဝန္ယူထားတဲ့ Lawrence Leung လုပ္ကုိင္တဲ့ Sun Hing Knitting Factory Ltd မွာ ဇာထုိးထည္ ထုတ္လုပ္တဲ့ စက္႐ုံ သုံးခု ရွိခဲ့ရာမွ ယခု တစ္႐ုံပဲ က်န္တယ္။ အဲဒီ တစ္႐ုံက အဆင့္ျမင့္ ဆြယ္တာေတြအတြက္ ဇာထုိးေပးတဲ့စက္႐ုံျဖစ္လုိ႔ လုပ္သားခနည္းပါးတဲ့ ႏုိင္ငံေတြမွာ ထုတ္လုပ္ႏုိင္ျခင္း မရွိတဲ့ အမ်ဳိးအစားျဖစ္တာမုိ႔ ဆက္လက္ရပ္တည္ေနႏုိင္တာျဖစ္တယ္။

အလားအလာ စီးေၾကာင္းကုိ ၾကည့္ရင္ ယူနီေဖာင္းေတြကို ဖက္ရွင္ယူနီေဖာင္းအျဖစ္ ခ်ဳပ္ၾကတာေတြ ပုိေခတ္စားလာေနတယ္။ ၿပီးေတာ့ ဖက္ရွင္တြဲဖက္ပစၥည္း fashion accessories ေတြ အာရွေဈးကြက္မွာ ရယူတာ ပုိမ်ားလာတယ္။ ဝန္ေဆာင္မႈ လုပ္ငန္းေတြျဖစ္တဲ့ ဟုိတယ္၊ စားေသာက္ဆုိင္၊ လက္လီအေရာင္းဆုိင္၊ ေလေၾကာင္း စတဲ့လုပ္ငန္းေတြဟာ သာမန္ယူနီေဖာင္းေလာက္နဲ႔ လူရာမဝင္ ျဖစ္ေနတာမုိ႔ ယူနီေဖာင္းကုိ ဖက္ရွင္က်က် ျဖစ္ဖုိ႔ အာ႐ုံစုိက္လာၾကတယ္။ ဝန္ထမ္းတစ္ဦး တစ္ပတ္တာ အလုပ္လုပ္ရက္ ဝတ္ဆင္ဖုိ႔အတြက္ ယူနီေဖာင္း ႏွစ္စုံသုံးစုံ ရွိဖုိ႔ လုိတာမုိ႔ အင္မတန္ႀကီးမားတဲ့ ေဈးကြက္တစ္ခု ျဖစ္ေနတယ္။ ေလာေလာဆယ္မွာ အဲဒီလုိ ေပၚေပါက္လာေနတဲ့ ယူနီေဖာင္းေဈးကြက္ႀကီးကုိ လြမ္းမုိးထားႏုိင္တဲ့ ႏုိင္ငံ မရွိေသးဘူး။
ေနာက္ထပ္ အလားအလာေကာင္းေနတဲ့ အဝတ္အစားက ညေနခင္းအဝတ္အစား evening gown ျဖစ္ပါတယ္။ ထသြားထလာ ဝတ္စားတာထက္ နည္းနည္းပုိၿပီး ပြဲတက္အဝတ္အစားေလာက္လည္း မဟုတ္တဲ့ အဝတ္အစားမ်ဳိးေတြ ေခတ္စားလာေနတယ္။ အဲဒါက ညစာကုိ္ အျပင္မွာ ထြက္စားၾကတဲ့ အေလ့အထ ၿမိဳ႕ျပမွာ ေပၚေပါက္လာတာဟာ အေၾကာင္းတစ္ခု ျဖစ္တယ္လုိ႔ သုံးသပ္ၾကတယ္။

ေဟာင္ေကာင္ ဖက္ရွင္သီတင္းပတ္ဟာ စီးပြားေရးလုပ္ငန္းေတြက သူတုိ႔ရဲ႕ လက္တံကုိ ဆန္႔ထုတ္ၿပီး ေဖာက္သည္အသစ္ေတြ ရွာေဖြတဲ့ ေနရာတစ္ခု ျဖစ္ပါတယ္။ ၿပီးေတာ့ brand ေတြ စတင္မိတ္ဆက္ရာေနရာလည္း ျဖစ္တယ္။ ထုတ္လုပ္မႈအပုိင္းမွာ ေရြးခ်ယ္စရာအသစ္ေတြ ျပသတဲ့ေနရာလည္း ျဖစ္တယ္။
ဒီႏွစ္မွာေတာ့ Céline Dion ကုိ brand မိတ္ဆက္မႈ စတင္ခဲ့ပါတယ္။ တ႐ုတ္ျပည္ကုိ အဓိကထားၿပီး အာရွေဈးကြက္ကုိ လက္တံဆန္႔ထုတ္ဖုိ႔ ယခုလုိ မိတ္ဆက္တာ ျဖစ္ပါတယ္။ Céline Dion ကုိ ၂ဝ၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလမွ က်င္းပတဲ့ လာ့စ္ေဗးဂတ္စ္ ကုန္စည္ျပပြဲမွာ စတင္ပြဲထုတ္ခဲ့တယ္။ အဆုိေတာ္အမ်ဳိးသမီး Céline Dion ရဲ႕ ဖက္ရွင္စုစည္းမႈအျဖစ္ လက္ကုိင္အိတ္ေတြနဲ႔ ခရီးေဆာင္ အဝတ္ေသတၱာေတြကုိ မိတ္ဆက္ခဲ့တာ ေတြ႕ရတယ္။ Bugatti Group ရဲ႕ ထီးရိပ္ေအာက္မွာ လုပ္ကုိင္တာ ျဖစ္ပါတယ္။ တန္းျမင့္သားေရထည္ အိတ္ေတြရဲ႕ လက္လီေရာင္းေဈးက ကန္ေဒၚလာ ၂၅ဝ ကေန ၅ဝဝ အထိ ျဖစ္ပါတယ္။ စည္းစိမ္ျပပစၥည္းအတန္းအစားျဖင့္ ထုတ္လုပ္တဲ့ အိတ္ေတြက ကန္ေဒၚလာ ၃၈၅ မွ ၈ဝဝ အထိ ျဖစ္ပါတယ္။ ေဈးသက္သာတဲ့ အတန္းအစားျဖင့္လည္း ထုတ္လုပ္ထားတာမွာ ေဈးႏႈန္းက ကန္ေဒၚလာ ၆၈ မွ ၂ဝဝ အထိ ျဖစ္ၿပီး သားေရက polyurethane (PU leather) သားေရတု ျဖစ္ပါတယ္။ တ႐ုတ္ျပည္မွာ လက္လီဆုိင္ေတြဖြင့္လွစ္ေရာင္းခ်ေပးမယ့္ ျဖန္႔ခ်ိေရးကုိယ္စားလွယ္ လုပ္လုိသူေတြ ရွိေနတာမုိ႔ အေျခအေနေကာင္းႏုိင္ပါတယ္။ ေနာက္ေနာင္မွာ Céline Dion အမွတ္တံဆိပ္ျဖင့္ ဖက္ရွင္အဝတ္အစား၊ အလွကုန္ေတြကုိ တုိးခ်ဲ႕လုပ္ကုိင္သြားဖုိ႔ ရွိပါတယ္။


Hong Kong Celine web t670

Céline Dion collection handbags

အိႏိၵယႏုိင္ငံမွ သက္တမ္း ၁၆ ႏွစ္ရွိၿပီျဖစ္တဲ့ Plume Nova က ဒုတိယအႀကိမ္အျဖစ္
Hong Kong Fashion Week မွာ ျပသတယ္။ လုပ္ငန္းပုိင္ရွင္ အႏူး ကမ္ဒါဝဲက ‘‘အိႏိၵယႏုိင္ငံထဲမွာပဲ ဆက္ၿပီး ေနေနလုိ႔ကေတာ့ လုပ္ငန္းကုိ ခ်ဲ႕လုိ႔မရႏုိင္ဘူးလုိ႔ စတင္ ခံစားမိလုိ႔ လာျပတာပါ’’ လုိ႔ ေျပာျပပါတယ္။ သူ႔လုပ္ငန္းက ကက္ရွ္မီးယား သုိးေမြး အေကာင္းစားျဖစ္တဲ့ pashmina ျဖင့္ ပဝါေတြ၊ တဘက္ပဝါ၊ ေရွာေစာင္တုိ႔ ထုတ္လုပ္ပါတယ္။ အဲဒီထုတ္ကုန္ေတြဟာ လက္ျဖင့္ ရက္လုပ္ထားတာျဖစ္ၿပီး သူ႔ရက္ကန္း႐ုံမွ လုပ္ကုိင္သူ ၄၅ဝ ေလာက္ ရွိပါတယ္။ HKFW ျပပြဲမွာ ထုိင္း၊ မေလးရွား၊ ျမန္မာတုိ႔မွ ဝယ္လက္မ်ားနဲ႔ ေတြ႕ဆုံခြင့္ ရရွိခဲ့တယ္။ အေမရိကမွ စိတ္ဝင္စားသူမ်ားလည္း ရွိတယ္လုိ႔ ဆုိပါတယ္။


Guangmei Garment Co. ကုိ ထူေထာင္ခဲ့သူက သူမရဲ႕ ဖခင္ျဖစ္ၿပီး လြန္ခဲ့တဲ့ ၁ဝ ႏွစ္ေက်ာ္က စတင္ခဲ့တယ္လုိ႔ ေမလုက ေျပာျပတယ္။ သူမရဲ႕ မိသားစုပုိင္လုပ္ငန္းအတြက္ HKFW မွာ လာေရာက္ျပသတယ္။ ေဖာက္သည္အသစ္ေတြ ရမယ္လု္ိ႔ ေမွ်ာ္မွန္းထားတယ္။ သုံးရက္ေျမာက္ေန႔ အဆုံးသတ္မွာ ဝယ္လက္ ၂ဝ နဲ႔ သူမ ေတြ႕ခဲ့ၿပီးၿပီ။ နယ္သာလန္၊ ၾသေစတးလ်နဲ႔ အဂၤလန္တို႔မွ ဝယ္လက္မ်ားျဖစ္ၿပီး သူမတုိ႔ရဲ႕ ထုတ္ကုန္ျဖစ္တဲ့ အမ်ဳိးသမီး အဝတ္အစားေတြအေပၚ စိတ္ဝင္တစား ရွိၾကတယ္။ နမူနာအထည္ေတြ ရယူၾကတယ္လုိ႔ ေမလုက ေျပာျပတယ္။

Shanghai Joyfly Import & Export Co. ကလည္း HKFW မွာ ပထမဆုံးအႀကိမ္ လာျပတာျဖစ္ၿပီး သူတုိ႔က ယူနီေဖာင္းက႑မွာ ျပသတယ္။ ကုမၸဏီက ၾသစေတးလ်နဲ႔ နယူးဇီလန္တုိ႔မွ ေဖာက္သည္ေတြအတြက္ ေက်ာင္းယူနီေဖာင္းေတြ ခ်ဳပ္လုပ္ေပးေနတယ္။ အခု နယ္ပယ္အသစ္ေတြ ခ်ဲ႕ထြင္ႏုိင္ဖုိ႔ လာေရာက္ျပသျခင္း ျဖစ္တယ္။ သူတုိ႔နဲ႔ ေဆြးေႏြးျဖစ္တဲ့ ဝယ္လက္ေတြမွာ အာရွႏုိင္ငံမွ လာၾကသူေတြက အမ်ားစု ျဖစ္ၿပီး အေမရိကန္ႏုိင္ငံမွ လာတဲ့သူ အေတာ္နည္းတယ္လုိ႔ ဆုိပါတယ္။

 

UNICODE

ကျုံ့သွားတဲ့ Hong Kong Fashion Week

ဒီနှစ်မှာ ကျင်းပတဲ့ Hong Kong Fashion Week HKFW မှာ ဝယ်လက်တွေ ပြောင်းလဲသွားတယ်လို့ သုံးသပ်ကြတယ်။ Hong Kong Convention and Exhibition Centre မှာ
ဇန်နဝါရီလ ၁၅ မှ ၁၈ အထိ ၄ရက်တိုင်တိုင်ကျင်းပခဲ့တဲ့ပြပွဲမှာ ထုံးစံအတိုင်း အဝတ်အစားမျိုးစုံ ခင်းကျင်းပြသထားတယ်။
လာရောက်ကြည့်ရှုကြသူတွေစာရင်းမှာ ဥရောပမှ ဝယ်လက်တွေ ရှားပါးနပြေီး လက်လီအရောင်းသမားတွေနဲ့ ချုပ်ထည်ထုတ်လုပ်သူတွေ ပိုများလာတယ်။ မလေးရှား၊ မြန်မာ၊ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံအချို့နဲ့ သြစတေးလျတို့မှ အလာများတယ်။
ဥရောပမှဝယ်လက်တွေ အလာနည်းသွားရတာဟာ ဥရောပမှ လက်လီဆိုင်လုပ်ငန်းကြီးတွေဟာ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကို ရင်းမြစ်ပြုတဲ့နိုင်ငံတွေအဖြစ် ပြောင်းလဲသုံးစွဲနကြေလို့ ဟောင်ကောင်ကို စိတ်ဝင်စားမှု နည်းသွားတယ်။ တရုတ်ပြည်မမှာလည်း လုပ်သားခတွေ မြင့်တက်နေလို့ ယခုနှစ်ပိုင်းမှာ ဂဏန်းနှစ်လုံး ရာခိုင်နှုန်းနဲ့ တိုးသွားခဲ့တာမို့ အထည်ချုပ် အော်ဒါတွေ အပ်ဖို့ စိတ်ဝင်စားမှု လျော့ကျသွားတယ်။

HKFW ကို နှစ်စဉ်ပြသခဲ့တာ ၁ဝ နှစ်ဝန်းကျင် ရှိပြီမို့ အရေးပါတဲ့ ပြပွဲတစ်ခုအဖြစ် အမေရိကန်မှ ထုတ်လုပ်မှုနဲ့ ရင်းမြစ်ရယူမှု မန်နေဂျာတွေ တက်ရောက်ခဲ့ကြတယ်။ သူတို့အထဲမှာ အများစုက နှစ်စဉ် တက်ရောက်နေကျလုပ်ငန်းတွေ ဖြစ်ပါတယ်။


ပြပွဲခင်းကျင်းပြသမှုကတော့ ထက်ဝက်ကျုံ့သွားတယ်။ မနှစ်က ဇန်နဝါရီလမှာ ပြသခဲ့စဉ်က ဟောခန်းမကျယ် နှစ်ခုစာ ပြသခဲ့ပြီး ယခုနှစ်မှာတော့ ဟောခန်းမကျယ် တစ်ခုစာပဲ ရှိပါတယ်။ ဒီတော့ ပြခန်းများဧရိယာ ထက်ဝက်လျော့ကျသွားတာ ဖြစ်ပါတယ်။ အရေအတွက်ကို ကြည့်ရင် မနှစ်က ပြခန်း ၁၅၁၅ ခုရှိခဲ့ပြီး ယခုနှစ်မှတော့ ၁၄ဝဝ ခု နီးပါးသာ ရှိပါတယ်။ ပြခန်း ၁ဝဝ ကျော် လျော့ကျသွားတယ်။ အရင်တုန်းက ကဏ္ဍတစ်ခုအဖြစ် World Boutique ကို ပြသခဲ့တယ်။ အဲဒီမှာ ဒီဇိုင်းနာနဲ့ brand ၂၅ဝ ခန့်ကို ပြသခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က အဲဒီပြသမှုတွေ ပွဲပြောင်းသွားတယ်။ စက်တင်ဘာလမှာ ကျင်းပတဲ့ Centrestage ပြပွဲကို ရောက်သွားကြတယ်။ Centrestage က ဖက်ရှင်စုစည်းမှုတွေနဲ့ လျှောက်လမ်းရှိုးပွဲတွေ ပါဝင်တော့ ဒီဇိုင်းနာတွေနဲ့ brand တွေအတွက် ပိုအံကိုက်တာမို့ ရွှေ့ပြောင်းသွားကြတာ ဖြစ်ပါတယ်။

 

တရုတ်ပြည်က အဝတ်အစား ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ နှစ်ပေါင်း ၂ဝ တုန်းကထက် အများကြီး နည်းသွားပြီ။ အဲဒီတုန်းက World Trade Organization မှာ တရုတ်နိုင်ငံ ဝင်ရောက်ပြီးခါစဖြစ်ပြီး ရင်းမြစ်ရယူတဲ့နိုင်ငံအဖြစ် အသုံးပြုဖို့ ရေပန်းစားခဲ့တယ်။ ဒီတော့ တရုတ်ပြည်မနဲ့ ဟောင်ကောင်မှ အထည်ချုပ်လုပ်သူတွေဟာ HKFW မှာ အားတက်သရော ပါဝင်ပြသခဲ့ကြပြီး ပြသသူစုစုပေါင်းရဲ့ ၉ဝ % နီးပါး ရှိခဲ့တယ်။

ရင်းမြစ်ရယူတဲ့ ကြားခံကိုယ်စားလှယ်လုပ်ငန်းတွေက တရုတ်ပြည်မမှာ လုပ်သားခတွေ မြင့်တက်လာတဲ့အတွက် ရင်းမြစ်တွေကို ဗီယက်နမ်၊ ဘင်္ဂလာဒေ့ရှ်နဲ့ အိနိဒယ နိုင်ငံများမှ ပြောင်းရွှေ့ရယူကြတယ်။ ဒီတော့ အကျိုးဆက်ရလဒ်က တရုတ်ပြည်မမှ ပြသသူ လျော့ကျသွားတယ်။ လက်လီဆိုင်လုပ်ငန်းကြီးတွေဟာ ဈေးသက်သာဖို့ကို ဖိအားပေးထားလို့ လုပ်သားခ သက်သာရာ နေရာတွေဆီ ရကြေည်ရာ မြက်နုရာ ရွှေ့ပြောင်းလုပ်ကိုင်ကြရတယ်။ ဒီတော့ တရုတ်ပြည်မနဲ့ ဟောင်ကောင်မှာ လာချုပ်ကြတာတွေ လျော့ကျကုန်တယ်။ Hong Kong Trade Development Council ရဲ့ Garment Advisory Committee မှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ Lawrence Leung လုပ်ကိုင်တဲ့ Sun Hing Knitting Factory Ltd မှာ ဇာထိုးထည် ထုတ်လုပ်တဲ့ စက်ရုံ သုံးခု ရှိခဲ့ရာမှ ယခု တစ်ရုံပဲ ကျန်တယ်။ အဲဒီ တစ်ရုံက အဆင့်မြင့် ဆွယ်တာတွေအတွက် ဇာထိုးပေးတဲ့စက်ရုံဖြစ်လို့ လုပ်သားခနည်းပါးတဲ့ နိုင်ငံတွေမှာ ထုတ်လုပ်နိုင်ခြင်း မရှိတဲ့ အမျိုးအစားဖြစ်တာမို့ ဆက်လက်ရပ်တည်နေနိုင်တာဖြစ်တယ်။

အလားအလာ စီးကြောင်းကို ကြည့်ရင် ယူနီဖောင်းတွေကို ဖက်ရှင်ယူနီဖောင်းအဖြစ် ချုပ်ကြတာတွေ ပိုခေတ်စားလာနေတယ်။ ပြီးတော့ ဖက်ရှင်တွဲဖက်ပစ္စည်း fashion accessories တွေ အာရှဈေးကွက်မှာ ရယူတာ ပိုများလာတယ်။ ဝန်ဆောင်မှု လုပ်ငန်းတွဖြေစ်တဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ လက်လီအရောင်းဆိုင်၊ လေကြောင်း စတဲ့လုပ်ငန်းတွေဟာ သာမန်ယူနီဖောင်းလောက်နဲ့ လူရာမဝင် ဖြစ်နေတာမို့ ယူနီဖောင်းကို ဖက်ရှင်ကျကျ ဖြစ်ဖို့ အာရုံစိုက်လာကြတယ်။ ဝန်ထမ်းတစ်ဦး တစ်ပတ်တာ အလုပ်လုပ်ရက် ဝတ်ဆင်ဖို့အတွက် ယူနီဖောင်း နှစ်စုံသုံးစုံ ရှိဖို့ လိုတာမို့ အင်မတန်ကြီးမားတဲ့ ဈေးကွက်တစ်ခု ဖြစ်နေတယ်။ လောလောဆယ်မှာ အဲဒီလို ပေါ်ပေါက်လာနေတဲ့ ယူနီဖောင်းဈေးကွက်ကြီးကို လွမ်းမိုးထားနိုင်တဲ့ နိုင်ငံ မရှိသေးဘူး။
နောက်ထပ် အလားအလာကောင်းနေတဲ့ အဝတ်အစားက ညနေခင်းအဝတ်အစား evening gown ဖြစ်ပါတယ်။ ထသွားထလာ ဝတ်စားတာထက် နည်းနည်းပိုပြီး ပွဲတက်အဝတ်အစားလောက်လည်း မဟုတ်တဲ့ အဝတ်အစားမျိုးတွေ ခေတ်စားလာနေတယ်။ အဲဒါက ညစာကို် အပြင်မှာ ထွက်စားကြတဲ့ အလေ့အထ မြို့ပြမှာ ပေါ်ပေါက်လာတာဟာ အကြောင်းတစ်ခု ဖြစ်တယ်လို့ သုံးသပ်ကြတယ်။

ဟောင်ကောင် ဖက်ရှင်သီတင်းပတ်ဟာ စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ လက်တံကို ဆန့်ထုတ်ပြီး ဖောက်သည်အသစ်တွေ ရှာဖွေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ brand တွေ စတင်မိတ်ဆက်ရာနေရာလည်း ဖြစ်တယ်။ ထုတ်လုပ်မှုအပိုင်းမှာ ရွေးချယ်စရာအသစ်တွေ ပြသတဲ့နေရာလည်း ဖြစ်တယ်။

Hong Kong Celine web t670

 

ဒီနှစ်မှာတော့ Céline Dion ကို brand မိတ်ဆက်မှု စတင်ခဲ့ပါတယ်။ တရုတ်ပြည်ကို အဓိကထားပြီး အာရှဈေးကွက်ကို လက်တံဆန့်ထုတ်ဖို့ ယခုလို မိတ်ဆက်တာ ဖြစ်ပါတယ်။ Céline Dion ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ကျင်းပတဲ့ လာ့စ်ဗေးဂတ်စ် ကုန်စည်ပြပွဲမှာ စတင်ပွဲထုတ်ခဲ့တယ်။ အဆိုတော်အမျိုးသမီး Céline Dion ရဲ့ ဖက်ရှင်စုစည်းမှုအဖြစ် လက်ကိုင်အိတ်တွေနဲ့ ခရီးဆောင် အဝတ်သေတ္တာတွေကို မိတ်ဆက်ခဲ့တာ တွေ့ရတယ်။ Bugatti Group ရဲ့ ထီးရိပ်အောက်မှာ လုပ်ကိုင်တာ ဖြစ်ပါတယ်။ တန်းမြင့်သားရေထည် အိတ်တွေရဲ့ လက်လီရောင်းဈေးက ကန်ဒေါ်လာ ၂၅ဝ ကနေ ၅ဝဝ အထိ ဖြစ်ပါတယ်။ စည်းစိမ်ပြပစ္စည်းအတန်းအစားဖြင့် ထုတ်လုပ်တဲ့ အိတ်တွေက ကန်ဒေါ်လာ ၃၈၅ မှ ၈ဝဝ အထိ ဖြစ်ပါတယ်။ ဈေးသက်သာတဲ့ အတန်းအစားဖြင့်လည်း ထုတ်လုပ်ထားတာမှာ ဈေးနှုန်းက ကန်ဒေါ်လာ ၆၈ မှ ၂ဝဝ အထိ ဖြစ်ပြီး သားရေက polyurethane (PU leather) သားရေတု ဖြစ်ပါတယ်။ တရုတ်ပြည်မှာ လက်လီဆိုင်တွေဖွင့်လှစ်ရောင်းချပေးမယ့် ဖြန့်ချိရေးကိုယ်စားလှယ် လုပ်လိုသူတွေ ရှိနေတာမို့ အခြေအနေကောင်းနိုင်ပါတယ်။ နောက်နောင်မှာ Céline Dion အမှတ်တံဆိပ်ဖြင့် ဖက်ရှင်အဝတ်အစား၊ အလှကုန်တွေကို တိုးချဲ့လုပ်ကိုင်သွားဖို့ ရှိပါတယ်။

အိနိဒယနိုင်ငံမှ သက်တမ်း ၁၆ နှစ်ရှိပြီဖြစ်တဲ့ Plume Nova က ဒုတိယအကြိမ်အဖြစ် 

Hong Kong Fashion Week မှာ ပြသတယ်။ လုပ်ငန်းပိုင်ရှင် အနူး ကမ်ဒါဝဲက ‘‘အိနိဒယနိုင်ငံထဲမှာပဲ ဆက်ပြီး နေနေလို့ကတော့ လုပ်ငန်းကို ချဲ့လို့မရနိုင်ဘူးလို့ စတင် ခံစားမိလို့ လာပြတာပါ’’ လို့ ပြောပြပါတယ်။ သူ့လုပ်ငန်းက ကက်ရှ်မီးယား သိုးမွေး အကောင်းစားဖြစ်တဲ့ pashmina ဖြင့် ပဝါတွေ၊ တဘက်ပဝါ၊ ရှောစောင်တို့ ထုတ်လုပ်ပါတယ်။ အဲဒီထုတ်ကုန်တွေဟာ လက်ဖြင့် ရက်လုပ်ထားတာဖြစ်ပြီး သူ့ရက်ကန်းရုံမှ လုပ်ကိုင်သူ ၄၅ဝ လောက် ရှိပါတယ်။ HKFW ပြပွဲမှာ ထိုင်း၊ မလေးရှား၊ မြန်မာတို့မှ ဝယ်လက်များနဲ့ တွေ့ဆုံခွင့် ရရှိခဲ့တယ်။ အမေရိကမှ စိတ်ဝင်စားသူများလည်း ရှိတယ်လို့ ဆိုပါတယ်။


Guangmei Garment Co. ကို ထူထောင်ခဲ့သူက သူမရဲ့ ဖခင်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က စတင်ခဲ့တယ်လို့ မေလုက ပြောပြတယ်။

သူမရဲ့ မိသားစုပိုင်လုပ်ငန်းအတွက် HKFW မှာ လာရောက်ပြသတယ်။ ဖောက်သည်အသစ်တွေ ရမယ်လို့် မျှော်မှန်းထားတယ်။

သုံးရက်မြောက်နေ့ အဆုံးသတ်မှာ ဝယ်လက် ၂ဝ နဲ့ သူမ တွေ့ခဲ့ပြီးပြီ။

 

သူမတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အမျိုးသမီး အဝတ်အစားတွေအပေါ် စိတ်ဝင်တစား ရှိကြတယ်။

နမူနာအထည်တွေ ရယူကြတယ်လို့ မေလုက ပြောပြတယ်။

Shanghai Joyfly Import & Export Co. ကလည်း HKFW မှာ ပထမဆုံးအကြိမ် လာပြတာဖြစ်ပြီး သူတို့က ယူနီဖောင်းကဏ္ဍမှာ ပြသတယ်။ ကုမ္ပဏီက သြစတေးလျနဲ့ နယူးဇီလန်တို့မှ ဖောက်သည်တွေအတွက် ကျောင်းယူနီဖောင်းတွေ ချုပ်လုပ်ပေးနေတယ်။ အခု နယ်ပယ်အသစ်တွေ ချဲ့ထွင်နိုင်ဖို့ လာရောက်ပြသခြင်း ဖြစ်တယ်။ သူတို့နဲ့ ဆွေးနွေးဖြစ်တဲ့ ဝယ်လက်တွေမှာ အာရှနိုင်ငံမှ လာကြသူတွေက အများစု ဖြစ်ပြီး အမေရိကန်နိုင်ငံမှ လာတဲ့သူ အတော်နည်းတယ်လို့ ဆိုပါတယ်။

Read 913 times
Rate this item
(0 votes)