What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒစ္စနေဗီလိန်းတွေကို ဖက်ရှင်ဖန်တီးတဲ့ The Blond

ဒစ္စနေ ကားတွန်းဇာတ်လမ်း ရုပ်ရှင်ကားတွေထဲမှာ လူဆိုးဗီလိန်း ဇာတ်ရုပ်တွေကို ဖက်ရှင်အဖြစ် ဖန်တီးပြီး New York Fashion Week 2018 မှာ ပြသခဲ့တယ်။

The Blonds ရဲ့ Spring/Summer 2019 ဖက်ရှင်စုစည်းမှုအဖြစ် “Disney Villains x The Blonds” ခေါင်းစဉ်တပ်ပြီး ဖက်ရှင်ရှိုးပွဲကျင်းပခဲ့တယ်။
စနိုးဝှိုက်အပါအ၀င် နာမည်ကျော် ကာတွန်းကားတွေထဲမှာ ဆိုးသွမ်းတဲ့ ဇာတ်ရုပ်တွေကို အရောင်အသွေး စုံစုံလင်လင် အ၀တ်အစားတွေနဲ့ ပွဲထုတ်ပြသခဲ့တယ်။

ထူးခြားတဲ့ ပင်ကို
**********
ဖန်တီးရှင် ဒီဇိုင်နာ David Blond က အခုလို ပြောပြခဲ့ပါတယ်။
သူနဲ့အတူ တွဲလုပ်တဲ့ Phillipe Blond နဲ့အတူ သူတို့နှစ်ဦးက ဒစ္စနေကာတွန်းကားထဲမှ ဇာတ်ရုပ်တွေကို ဖက်ရှင်လုပ်ဖို့ စိတ်ကူးတွေ ရရှိကြတယ်။
“ကျွန်တော်တို့ နှစ်ဦးစလုံးက ကောက်ကျစ်တဲ့ မြေခွေးမ ကို သဘောကျကြတယ်။ ပုရိသယောက်ျားတစ်ဦးကို ညှို့ယူဖမ်းစားနိုင်စွမ်းဖြင့် အန္တရာယ် ပြုတဲ့အမျိုးသမီးကို သဘောကျတယ်။ ဗီလိန်းတွေမှ အဲဒီ အရည်အသွေးတွေ ရှိကြတယ်”
တကယ်တော့ ဒစ္စနေကာတွန်းကားတွေမှာ ဗီလိန်းတွေဟာ အင်မတန် သိသာထင်ရှားတယ်လို့ သူက ထောက်ပြတယ်။
“သူတို့မှာ အကောင်းဆုံး ပင်ကိုလက္ခဏာတွေ ရှိကြတယ်။ အဲဒီပင်ကို ရှိနေတာကြောင့် စိတ်ဝင်စားစရာကောင်းနေပြီး အများနဲ့မတူ တစ်မူထူးနေတယ်။ မြင်လိုက်တာနဲ့ မဟုတ်တရုတ် လုပ်မယ့် ဗီလိန်းဆိုတာ တန်းသိနေစေတယ်။ အဲဒီလို အမြဲထူးခြားနေတယ်”

maxresdefault min

အဆန်းအပြား လက်သည်းတွေ
**********
ဖက်ရှင် အ၀တ်အစားတွေ ဖန်တီးရုံမျှဖြင့် မပြီးဘူး။ လက်သည်းနဲ့ ပတ်သက်လို့ အထူးပြုလုပ်ကိုင်တဲ့ CND ကလည်း လက်သည်းအဆန်းတွေ ဖန်တီးပေးခဲ့ပါတယ်။

disney

CND လက်သည်းဆိုးဆေး လုပ်ငန်းကို ပူးတွဲထူထောင်သူ Jan Arnold က David Bond တို့နဲ့ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တိုင်ပင်ဆွေးနွေးပြီး လက်သည်းတု အဆန်းအပြားတွေကို ဖန်တီးထုတ်လုပ်ခဲ့တယ်။ အဲဒီလက်သည်းတွေ လုပ်ကိုင်ခဲ့တာ နာရီ ၅၀၀ ကျော် ကြာမြင့်အောင် အချိန်ယူ လုပ်ကိုင်ခဲ့ကြရတယ်။

GRA 7631 min

“ဗီလိန်းတွေရဲက ပင်ကိုလက္ခဏာတစ်ခုက လက်သည်းတွေ။ သူတို့ လက်သည်းတွေနဲ့ တိုက်ခိုက်တယ်။ လက်သည်းတွေဟာ သူတို့အဖို့တော့ လက်နက်တွေပဲ။ လက်သည်းပုံ တွေကလည်း လက်နက်အဖြစ် သုံးလို့ရမယ့်ပုံတွေ ချည်းပဲ။ ဒီတော့ အဲဒီလက်သည်းတွေ မပါရင် ဗီလိန်းဖက်ရှင်က ပြီးပြည့်စုံတော့မှာ မဟုတ်ဘူး”
လို့ သူက ရှင်းပြတယ်။

GRA 8279 min

The Blonds ရဲ့ Spring/Summer 2019 ဖက်ရှင်စုစည်းမှုမှ ဖက်ရှင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1 min

၂၀၁၈ နယူးယောက် ဖက်ရှင်သီတင်းပတ်မှ Tom Ford ရဲ့ ရှိုးပွဲ

2 min

3 min

4 min

5 min

6 min

7 min

8 min

9 min

10 min

11 min

12 min

13 min

14 min

15 min

16 min

17 min

18 min

Read 1123 times
Rate this item
(1 Vote)