What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တောအုပ်အတွင်းမှ Dior Couture Collection ရဲ့ပုံဖော်ဖန်တီးခဲ့တဲ့ လက်ရာများ

Dior ရဲ့အမျိုးသမီးအနုပညာဒါရိုက်တာ Maria Grazia Chiuri ရဲ့ပထမဆုံး couture collection ကနောက်ထပ် အံ့သြစရာတွေကို ယူဆောင်ပေးလာပြန်ပါတယ်။ သူမရဲ့ နွေဦး အသင့်ဝတ်ဖက်ရှင်စုစည်းမှုပွဲဦးထွက်ပွဲမှာတုန်းက ဖက်ရှင်ဒါရိုက်တာက အမျိုးသမီးပါဝါကို အထူးရည်ညွှန်းပြသတဲ့ စကားလုံးတွေ၊ စာကြောင်းတွေပါတဲ့ တီရှပ်တွေနဲ့ အမျိုးသမီးဝါဒကို လမ်းမထက်ဖက်ရှင်စတိုင်အသွင်နဲ့ရောနှောကာ တံဆိပ်ရဲ့မူကိုလည်း မပျက်အောင် ပြသခဲ့ပါတယ်။

ဒါကြောင့်မို့လို့ ဖက်ရှင်စောင့်ကြည့်သူများက Maria ရဲ့ခုတစ်ခေါက်ရှိုးပွဲမှာလည်း Trump ရဲ့အမျိုးသမီးဝါဒဆန့်ကျင်ဘက်စကားများကို လှောင်ပြောင်မယ့် ဖက်ရှင်ဖွင့်ဆိုချက်မျိုးကို တွေ့ရလိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် တစ်ကယ်တမ်းပွဲလျှောက်တဲ့အခါမှာ အရောင်ရိုးရိုးရှင်းရှင်းတွေနဲ့ ချုပ်ရိုးကြောင်းကြီးကြီးတွေကို ပိုမိုပြသခဲ့ပြီး Bar Jacket တွေကို ဘောင်းဘီအပွတွေ၊ ညခင်းစကပ်ရှည်တွေ၊ ၀တ်ရုံကားကားများက မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲက နတ်သမီးပုံပြင်မှမင်းသမီးလေးများအတိုင်း စိတ်ကူးယဉ်ဆန်လွန်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ Valentino ရဲ့ couture collection တွေတုန်းကဆိုရင် Maria က အင်မတန်စိတ်ကူးယဉ်စရာကောင်းတဲ့ အငွေ့အသက်တွေလွှမ်းခြုံထားတဲ့ တစ်လွင့်လွင့်ဖြစ်နေသော ဂါဝန်ရှည်များကို ပြသခဲ့ပေမယ့် Dior မှာပြသခဲ့တဲ့ခုအပိုင်းအစတွေမှာတော့ ပိုရင့်ကျက်လာသော၊ ပိုတည်ငြိမ်လာတဲ့ ဒီဇိုင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ ခပ်စိုစိုချယ်သထားတဲ့ မျက်နှာမှာ ရွှေရောင်မှုန့်လေးများကို မျက်ဝန်းတစ်ဝိုက်ကပ်ပေးပြီး ခပ်ဖျော့ဖျော့ကျနေတဲ့ လှိုင်းတွန့်ဆံပင်လေးများက Midsummer Night Ball ကို တက်ရောက်မယ့် မိန်းမပျိုလေးများအသွင်ကို တန်းမြင်ယောင်စေပါတယ်။ ၀တ်စုံတွေဟာဆိုရင်လည်း နတ်သမီးပုံပြင်ထဲမှ ၀တ်စုံလေးများထက်ပိုပြီး မည်သည့်ကော်ဇောနီအခမ်းအနားတွက်မဆို သင့်တော်လွန်းတယ်လို့ သတ်မှတ်ရပါမယ်။ မနှစ်တုန်းက ပန်းအိမ်ကြီးထဲမှာ ပန်းပွင့်များနဲ့ဆင်ခြယ်ထားတဲ့ ဂါဝန်အကားများကို Raf ရဲ့ကြီးကြပ်မှုဖြင့် တမေ့တမောမြင်တွေ့ပြီးချိန်မှာ ခုလည်း Maria ရဲ့စိတ်ကူးထဲက တောအုပ်နတ်သမီးလေးများကို နောက်ထပ်စွဲလမ်းစရာပုံစံသစ်နဲ့ မြင်ရပြန်ပါပြီ။ Dior က တစ်ကယ်ကို မိန်းကလေးများရဲ့ အိမ်မက်ဖက်ရှင်တံဆိပ်ပါပဲ။

Dior Couture black dress min

Dior Couture blue dress min

Dior Couture brown dress min

Dior Couture feather min

Paris Couture Week ရဲ့ ဆန်းပြားပြီး အိပ်မက်ဆန်တဲ့ ၀တ်စုံများ

Dior Couture green dress min

Dior Couture maxi skirt min

Dior Couture orange dress min

Dior Couture red dress min

Dior Couture rose dress min

Dior Couture white min

Dior Couture white dress min

  

Source:moda

Read 1306 times
Rate this item
(1 Vote)