What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချည်မျှင် နှင့် အထည်အလိပ် နည်းပညာ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနား

ချည်မျှင် နှင့် အထည်အလိပ် နည်းပညာ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနား google

၂၀၁၉ ခုနှစ် မတ်လ (၂၈)ရက်မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားကို ကြွရောက်လာသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်နင်းမြို့မှ လူကြီးမင်းများ၊

စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံချည်မျှင် နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူများ တက်ရာက်ခဲ့ပါတယ်။

ပထမဦးစွာ မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်းအနေနဲ့ ယခုကဲ့သို့ ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးပွဲပြုလုပ်နိုင်ခြင်း နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များ ဆောင်ရွက်နိုင်ခြင်းများအတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း ပြောကြားခဲ့ပါတယ်။

Read: အထည်​အလိပ်​ ၁၀ မျိုးရဲ့ အားသာချက် နဲ့ အားနည်းချက်များ

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအား လျှော့ချပြီး ပုဂ္ဂလိကဦးဆောင်သော စက်မှုကဏ္ဍအား ဖွံ့ဖြိုးတိုးတက် စေရန် အားပေးဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေမည့် ရင်းနှီးမြှုပ်နှံမှုများမှတဆင့် မြန်မာနိုင်ငံသူ/နိုင်ငံသားများ၏ အသိပညာနှင့် နည်းပညာများ တိုးပွားစေခြင်းဖြင့် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သည့်အတွက် ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား စက်မှုကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများအား နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍ ပို့ကုန်များ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် အရည်အသွေးကောင်းမွန်သော အထည်အလိပ်ပို့ကုန်ပစ္စည်း များထုတ်လုပ်နိုင်ရန် အရေးကြီးပါတယ်။ အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် နိုင်ရန်အတွက် အရည်အသွေး ပြည့်မီအောင် စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်လုပ်သားများနှင့် ခေတ်မီသော စက်နှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြုပြီး ပေါင်းစပ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ထို့အပြင် ထုတ်လုပ်ထားသော ကုန်ပစ္စည်းများ အား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ စမ်းသပ်စစ်ဆေးပြီး အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါတယ်။

စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍအတွက် လိုအပ်သော ကုန်ကြမ်းများ၊ စက်နှင့် စက်အရန်ပစ္စည်းများ၊ ပူးတွဲသုံးပစ္စည်းများ၊ ကုန်ချော များအား တစ်နေရာတည်းတွင်စုဝေး၍ ထုတ်လုပ်နိုင်သည့် အထည်အလိပ်နှင့် အဝတ် အထည်ဆိုင်ရာအထူးဇုန် (Textile Related Industrial Cluster)များ တည်ထောင်နိုင်ရန် အတွက် ဝိုင်းဝန်းကြိုးပမ်းသွားရန် လိုအပ်ပါတယ်။

ထို့အပြင် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ထုတ်ကုန်ပစ္စည်းများအား စမ်းသပ် စစ်ဆေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ Physical ဆိုင်ရာနှင့် Chemical ဆိုင်ရာ ဓါတ်ခွဲခန်းများ (Textile Laboratory) တည်ထောင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

အထည်အလိပ်နဲ့ ဆက်စပ်သော ကျောင်းကို မုံရွာမှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေ သလိုပဲ၊ ဂျပန်ကုမ္ပဏီများနှင့် ရွှေတောင်စက်ရုံများ အကျိုးတူဆောင်ရွက်သွားပြီး အထည်အလိပ် ကျောင်းကိုပါ ထည့်သွင်းဖွင့်လှစ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အနေနဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါတယ်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy)တွင် အမျိုးသားပို့ကုန်မြင့်တက်စေရေးအတွက် ဦးစားပေး အကောင်အထည် ဖော်မည့် ကဏ္ဍ(၅)ခု ရှိပါတယ်။ ၎င်းတို့မှာ ဆန်(Rice)၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ (Beams, Pulses & Oil Seal Crop) ရေထွက်ကုန်ပစ္စည်း (Fish & Crustaceans)၊ အထည်အလိပ်နှင့် အဝတ်အထည် (Textile & Garments)၊ သစ်နှင့်သစ်တောထွက် ပစ္စည်း (Wood Products)တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ဦးစားပေးကဏ္ဍတွင် ပါဝင်နေသော အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ အမျိုးသား ပို့ကုန်မြှင့်တင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အထည် အလိပ်နှင့် အဝတ်အထည်ကဏ္ဍအနေဖြင့် ပြည်ပသို့ ချုပ်ထည်များ တင်ပို့ခြင်းသည် ၊ မြန်မာနိုင်ငံ၏ ဒုတိယအများဆုံးအဆင့် ပို့ကုန်အဖြစ် ရပ်တည်လျက်ရှိပါသည်။ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် လက်ရှိအခြေအနေတွင် အထည်ချုပ်လုပ်ငန်း(Garment Manufacturing) အား လက်ခစားစနစ်ဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိပါသည်။ အထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သော နိုင်ငံတကာအရည်အသွေးမီ အထည်ပိတ်များအား ပြည်တွင်းအထည်အလိပ်စက်ရုံများမှ ထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် ၎င်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ အထည်အလိပ်ထုတ်လုပ်မှုကွင်းဆက်ဖြစ်သော ဝါဂွမ်းမှ ချည်၊ ချည်မှ ပိတ်၊ ပိတ်မှ အထည်ချော၊ အထည်ချောမှ ချုပ်ထည်များအထိ ပိုမိုမြှင့်တင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ထိုသို့ဆောင်ရွက်ရာမှာ နိုင်ငံပိုင်စက်ရုံများ၊ တွင် အခြေခံအဆောက်အအုံများ အဆင်သင့်ရှိသည့်အတွက် စက်များအား အဆင့်မြှင့်တင် ခြင်းနှင့် ကျွမ်းကျင်သော လုပ်သားထုမွေးထုတ်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ပေးခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ခြင်းတို့ဖြင့် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ပို့ကုန်မြှင့်တင် နိုင်ရန် ကြီးစွာသော အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

အဆိုပါ အထည်အလိပ်ကဏ္ဍ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုလို စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်း (MTMA)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (Guangxi Economic and Trade Vocational Institute) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ချည်မျှင်နှင့်အထည်အလိပ်ကဏ္ဍဖွံ့ဖြိုးတိုး တက်လာစေရန်အတွက် ပထမအဆင့်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi ပြည်နယ်၊ Nanning မြို့ရှိ Guangxi Economic and Trade National Institute သို့ မြန်မာနိုင်ငံမှ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်း လုပ်ကိုင်နေသူ လူငယ်များအား စေလွှတ်ပြီး ချည်မျှင်နှင့်အထည်အလိပ် ထုတ်လုပ်ခြင်း ဆိုင်ရာ အတက်ပညာများ သင်ကြားပေးခြင်း၊ ဒုတိယအဆင့်အနေဖြင့် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း ရှင်များအသင်းတို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ချည်မျှင်နှင့်အထည်အလိပ် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်း၊ များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Textile ပညာရှင်များမှ လာရောက်ဖွင့်လှစ် သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည့်အစီအစဉ်ကိုလည်း ဝမ်းမြောက်စွာ ကြိုဆို ဆောင်ရွက်သွား မည်ဖြစ်ပါတယ်။

Myanmar Textile and Garment Directory

Read 1605 times
Rate this item
(1 Vote)