What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆန္းဆန္းျပားျပား Gucci ဆန်းဆန်းပြားပြား Gucci

က်ေနာ္တုိ႔အလုပ္က ခြဲစိတ္တဲ့အလုပ္မ်ဳိးပါ။ ခြဲစိတ္စားပြဲေပၚမွာ ျဖတ္ေတာက္တာ၊ ခ်ဳပ္တြဲတာ၊ စမ္းသပ္ၾကည့္တာေတြ လုပ္ၾကတယ္’’

လုိ႔ Gucci ရဲ႕Creative director ျဖစ္သူ Alessandro Michele ကေျပာျပတယ္။ 

သူက ေဖေဖာ္ဝါရီလ ၂၁ မွ ၂၇ ရက္အထိ က်င္းပတဲ့ မီလန္ဖက္ရွင္သီတင္းပတ္ ၂ဝ၁၈ မွာ Gucci ရဲ႕ ႐ႈိးပြဲကုိ ခြဲစိတ္ခန္း အသြင္ရယူထားတာနဲ႔ ပတ္သက္လုိ႔ ရွင္းျပတာ ျဖစ္ပါတယ္။
ဖက္ရွင္တုိက္ေတြက ၾကြားေလ့ရွိတယ္။ ဖက္ရွင္ဒီဇုိင္းတစ္ခုကုိ လုပ္ကုိင္တာ အလုပ္လုပ္ခ်ိန္ နာရီ ၂၆ဝ ၾကာတယ္။ လက္ကုိင္အိတ္ကုိ ခ်ဳပ္တာ အလုပ္ခ်ိန္ ၃၂ နာရီ ယူရတယ္။
အဲဒါေတြ အားလုံးကုိ Gucci က ေနာက္မွာ ခ်န္ထားခဲ့ၿပီ။ အခု႐ႈိးပြဲမွာ ထြက္ေလွ်ာက္တဲ့ ေမာ္ဒယ္ေတြက ကုိယ့္ဦးေခါင္းျပတ္ပုံတူကုိ ခါးေစာင္းတင္ၿပီး ေလွ်ာက္ၾကတယ္။ အဲဒီ ဦးေခါင္းပုံတူေတြ လုပ္ရတာ ၆ လ ၾကာ အခ်ိန္ယူခဲ့ရတယ္။
ခြဲစိတ္ခန္း အသြင္ေဆာင္ ႐ႈိးပြဲခန္းမထဲကုိ နဂါးပုိက္ၿပီး ထြက္လာတဲ့ ေမာ္ဒယ္လည္း ပါတယ္။ ဖြတ္ပုိက္ၿပီး ထြက္လာသူလည္း ပါတယ္။ ေရာင္စုံေျမြကုိ ကုိင္တဲ့သူလည္း ပါတယ္။ သူတုိ႔တေတြက လက္ထဲမွာ ကုိင္ေနက်ျဖစ္တဲ့ လက္ေပြ႕အိတ္ေတြ၊ လက္ကုိင္အိတ္ေတြ ေမ့ထားလုိက္ၾကတယ္။ နဖူးမွာ တတိယမ်က္လုံး ပါတဲ့ ေမာ္ဒယ္လည္း ပါတယ္။

‘‘စီးပြားရွာဖုိ႔သက္သက္အတြက္ ဖက္ရွင္ဆုိတာက လြယ္လြန္းအားႀကီးတယ္။ ေတာင့္မာေနတဲ့ နယ္သတ္မ်ဥ္းေတြ ရွိတယ္ဆုိတဲ့ အယူအဆကုိ ပစ္ပယ္တယ္။ ဲ႔ ‘အမ်ဳိးမ်ဳိး အဖုံဖုံ ျဖစ္ေသာ’ ကုိ ခံယူတယ္’’လုိ႔ Michele ကေျပာျပတယ္။

ပုံမ်ားကုိ unicode version စာမ်ား အၿပီး ေအာက္ဆုံး တြင္ တစ္စုတစ္စည္းတည္း ေဖာ္ျပေပးထားပါတယ္။ စိတ္ခုိင္မွ ၾကည့္ပါ။

Unicode

ဆနျးဆနျးပွားပွား Gucci

ကျနော်တို့အလုပ်က ခွဲစိတ်တဲ့အလုပ်မျိုးပါ။ ခွဲစိတ်စားပွဲပေါ်မှာ ဖြတ်တောက်တာ၊ ချုပ်တွဲတာ၊ စမ်းသပ်ကြည့်တာတွေ လုပ်ကြတယ်’’ လို့ Gucci ရဲ့Creative director ဖြစ်သူ Alessandro Michele ကပြောပြတယ်။
သူက ဖေဖော်ဝါရီလ ၂၁ မှ ၂၇ ရက်အထိ ကျင်းပတဲ့ မီလန်ဖက်ရှင်သီတင်းပတ် ၂ဝ၁၈ မှာ Gucci ရဲ့ ရှိုးပွဲကို ခွဲစိတ်ခန်း အသွင်ရယူထားတာနဲ့ ပတ်သက်လို့ ရှင်းပြတာ ဖြစ်ပါတယ်။
ဖက်ရှင်တိုက်တွေက ကြွားလေ့ရှိတယ်။ ဖက်ရှင်ဒီဇိုင်းတစ်ခုကို လုပ်ကိုင်တာ အလုပ်လုပ်ချိန် နာရီ ၂၆ဝ ကြာတယ်။ လက်ကိုင်အိတ်ကို ချုပ်တာ အလုပ်ချိန် ၃၂ နာရီ ယူရတယ်။
အဲဒါတွေ အားလုံးကို Gucci က နောက်မှာ ချန်ထားခဲ့ပြီ။ အခုရှိုးပွဲမှာ ထွက်လျှောက်တဲ့ မော်ဒယ်တွေက ကိုယ့်ဦးခေါင်းပြတ်ပုံတူကို ခါးစောင်းတင်ပြီး လျှောက်ကြတယ်။ အဲဒီ ဦးခေါင်းပုံတူတွေ လုပ်ရတာ ၆ လ ကြာ အချိန်ယူခဲ့ရတယ်။
ခွဲစိတ်ခန်း အသွင်ဆောင် ရှိုးပွဲခန်းမထဲကို နဂါးပိုက်ပြီး ထွက်လာတဲ့ မော်ဒယ်လည်း ပါတယ်။ ဖွတ်ပိုက်ပြီး ထွက်လာသူလည်း ပါတယ်။ ရောင်စုံမြွေကို ကိုင်တဲ့သူလည်း ပါတယ်။ သူတို့တတွေက လက်ထဲမှာ ကိုင်နေကျဖြစ်တဲ့ လက်ပွေ့အိတ်တွေ၊ လက်ကိုင်အိတ်တွေ မေ့ထားလိုက်ကြတယ်။ နဖူးမှာ တတိယမျက်လုံး ပါတဲ့ မော်ဒယ်လည်း ပါတယ်။

‘‘စီးပွားရှာဖို့သက်သက်အတွက် ဖက်ရှင်ဆိုတာက လွယ်လွန်းအားကြီးတယ်။ တောင့်မာနေတဲ့ နယ်သတ်မျဉ်းတွေ ရှိတယ်ဆိုတဲ့ အယူအဆကို ပစ်ပယ်တယ်။ဲ့ ‘အမျိုးမျိုး အဖုံဖုံ ဖြစ်သော’ ကို ခံယူတယ်’’လို့ Michele ကပြောပြတယ်။1020

1020 1

1020 2

1020 3

1020 4

phut

 100134400 c8806d4d 8bc8 4bde b1a9 2a3b581fcd39

 100134666 751185ec 5986 4672 9ec9 47a8d6c15e4b

 100135102 00f7a9ea be1d 41a6 80af c1a6f64cd296

 

Read 1090 times
Rate this item
(0 votes)