What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Burberry ဒေါ်လာ ၃၈ သန်းဖိုး မီးရှို့ဖျက်ဆီး

နာမည်ကြီး သက်တမ်းရှည်ကြာပြီဖြစ်တဲ့ Burberry ဟာ ဒီဇိုင်နာ ဖက်ရှင် အမှတ်တံဆိပ်ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက

ရောင်းမကုန်တဲ့ သူရဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ အ၀တ်အစားတွေ၊ အိတ်တွေနဲ့ ရေမွှေးတွေ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈ သန်းဖိုးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း အလားတူပင် မီးရှို့ဖျက်ဆီးခဲ့တာ တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ ၃၆ သန်းခွဲ ရှိပါတယ်။

burberry burning clothes 03
စည်းစိမ်ပြ ဖက်ရှင်ထည်တွေ ထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်း ဖက်ရှင်တိုက်တွေဟာ သူတို့ရဲ့ ရောင်းမကုန်တဲ့ ပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ စရိတ်စကကြီးမားနေပြီး လျှော့ဈေးနဲ့ ဈေးအဖျက်ခံပြီး မရောင်းချလိုတာကြောင့် နှစ်စဉ်နှစ်တိုင်း ယခုလို ပိုလျှံပစ္စည်းတွေကို ဖျက်ဆီးပစ်ကြပါတယ်။

BURBERRY


Forbes ရဲ့ တိုင်းတာတွက်ချက်မှုများအရ Burberry ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၉ ဒဿမ ၆ ဘီလျံ ရှိပါတယ်။ ထုတ်လုပ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း မြင့်မာတာကြောင့် ဖျက်ဆီးတဲ့ပစ္စည်းတန်ဖိုး စုစုပေါင်းဟာ မြင့်မားနေရတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဖျက်ဆီးလိုက်တဲ့ မိုးကာကုတ်အင်္ကျီ အထည်စုစုပေါင်း နှစ်သောင်းရဲ့ ရောင်းဈေးက တစ်ထည်ကို အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၉၀၀ ရှိပါတယ်။ အမေရိကန်ဒေါ်လာ တစ်ထောင်ကျော်တန်တွေ၊ နှစ်ထောင်ကျော်တန်တွေလည်း ရှိပါတယ်။ အလယ်အလတ်တန်း ဖြစ်တဲ့ နာမည်ကျော် Chelsea Heritage Trench Coat ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းတယ်။

Chelsea Heritage Trench Coat backChelsea Heritage Trench Coat frontChelsea Heritage Trench Coat collar

ကမ္ဘာကျော် စိန်တိုက် Cartier နဲ့ Montblanc တို့ရဲ့ ပိုင်ရှင် Richemont က နှစ်နှစ်တာမှာ ရောင်းမကုန်တဲ့ ထုတ်ကုန် နာရီတွေကို ဖျက်ဆီးခဲ့တာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အထည်တွေ လာချုပ်နေတဲ့ H&M ကလည်း ပိုလျှံ အ၀တ်အစား ၁၆ တန်ခွဲကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့စက်ရုံမှာ သူ့အ၀တ်အစားတွေကို လောင်စာအဖြစ် အစားထိုး သုံးစွဲစေပြီး ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
Louis Vuitton ကလည်း ရောင်းမကုန်တဲ့ အိတ်တွေကို ဖျက်ဆီးခဲ့ပေမဲ့ တန်ဖိုးမည်ရွေ့မည်မျှဆိုတာ ထုတ်ပြန်ကြေညာခြင်း မပြုဘူး။

JENNER

Burberry ဟာ နာမည်ကြီး ဖြစ်ပြီး အလှကုန်လုပ်ငန်းရှင် မီလျံနာနဲ့ ဖက်ရှင်မော်ဒယ် Kylie Jenner က သူ့ကလေး ငါးလအရွယ်ရှိသူ Stormi ကို Burberry ၀တ်ဆင်ပေးထားတဲ့ ပုံကို Instargram မှာ တင်ထားတာ တွေ့ရတယ်။ Burberry ရဲ့ပင်တိုင်မူပိုင် အဆင်အကွက် ဖြစ်တဲ့ လေးထောင့်ကွက် အခြေခံ ဒီဇိုင်းကြောင့် မြင်လိုက်တာနဲ့ Burberry ပါလားလို့ သိစေနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဈေးမသေးဘူးနော်လို့ တွေးမိကြတယ်။ အဲဒီဂုဏ်အတွက် လျှော့ဈေးချပြီး ရောင်းချပေးမှာ မဟုတ်ဘဲ ရောင်းမကုန်ရင် မီးရှို့တဲ့ နည်းလမ်းကိုသာ ဆက်လက်ကျင့်သုံးသွားပါလိမ့်မယ်။

 

H&M အ၀တ်အစားများ မီးရှို့ပြီး ဓာတ်အားထုတ်

Read 1497 times
Rate this item
(0 votes)