What's new

×

Warning

JUser: :_load: Unable to load user with ID: 845


NYFS Updated: အေမ့ေျခရာ

(Zawgyi+Unicode)
အသက္ ၁၆ ႏွစ္သာ ရွိေသးတဲ့ Kaia Gerber ဟာ NYFS မွာ ေမာ္ဒယ္အျဖစ္ ပထမဆုံး catwalk ေလွ်ာက္ခဲ့ပါတယ္။

နယူးေယာက္ဖက္ရွင္သီတင္းပတ္ပြဲေတာ္ New York Fashion Week (NYFS)မွာ အသက္ ၁၆ ႏွစ္သာ ရွိေသးတဲ့ Kaia Gerber ဟာNYFS မွာ ေမာ္ဒယ္အျဖစ္ ပထမဆုံး catwalk ေလွ်ာက္ခဲ့ပါတယ္။ NYFS မွာ ေမာ္ဒယ္ရဲ႕ အသက္ဟာ အနည္းဆုံး ၁၆ ႏွစ္ရွိမွ catwalk ေလွ်ာက္ဖုိ႔ ခြင့္ျပဳပါတယ္။ သူ ေလွ်ာက္လွမ္းတဲ့ပြဲမွာ ေရွ႕ဆုံးတန္း cele မ်ားအျဖစ္ မီလီ ေဘာဘီဘေရာင္း၊ ဘရုတ္ရွီး၊ အန္နာ၀င္းတုိးတုိ႔ တက္ေရာက္ခဲ့ၾကပါတယ္။ 

ကုိင္ရာ ဂါဘာက ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၃ ရက္ေန႔ကမွ ၁၆ ႏွစ္ျပည့္ ေမြးေန႔ကုိ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ NYFS မွာျပ႒ာန္းထားတဲ့ ေမာ္ဒယ္တစ္ဦးလုပ္ဖုိ႔ အနည္းဆုံး ရွိရမယ့္အသက္ ၁၆ႏွစ္ ျပည့္ျပည့္ခ်င္းမွာပဲ ကုိင္ရာ ဂါဘာက ေမာ္ဒယ္အျဖစ္ Calvin Klein ရဲ႕ Spring/Summer 2018 ၀တ္စုံအတြက္ catwalk ေလွ်ာက္ခဲ့တာ ျဖစ္ပါတယ္။ ဖက္ရွင္ေလာကရဲ႕ အထင္ကရပြဲႀကီးမွာ ယခုလုိ ေလွ်ာက္ခဲ့တဲ့အတြက္ မိခင္ျဖစ္သူ အသက္ ၅၁ ႏွစ္ရွိၿပီျဖစ္တဲ့ စူပါေမာ္ဒယ္ Cindy Crawford ရဲ႕ ေျခရာကုိ နင္းႏုိင္ခဲ့ၿပီလုိ႔ မီဒီယာေတြက ခ်ီးမြမ္းခဲ့ၾကပါတယ္။
ဆယ္ေက်ာ္သက္ေမာ္ဒယ္ ကုိင္ရာ ဂါဘာက ေကာင္းဘြိဳင္စတုိင္ ၀တ္စုံျဖင့္ ေလွ်ာက္ခဲ့တာျဖစ္ပါတယ္။ အျဖဴအမည္း စတုိင္ထုတ္ထားတဲ့ ရွပ္အကႌ်၊ အျပာေရာင္ လည္က်ပ္တုိ႔ကုိ အေပၚပုိင္းမွာ ၀တ္ဆင္ထားၿပီး ေအာက္ဖက္မွာေတာ့ အ၀ါေရာင္ ပုိးသားေဘာင္းဘီရွည္ကုိ ၀တ္ဆင္ထားပါတယ္။ ေတာက္ေျပာင္ေနတဲ့ သားေရ႐ွဴးညိဳက ေဘာင္းဘီပုိသားရဲ႕ အ၀ါေရာင္ကုိ အေရာင္ျဖည့္တင္းေပးထားတဲ့အျပင္ တစ္ခုခု လုိေနသလုိ မျဖစ္ေစဘဲ အျမင္တင့္တယ္ေစဖုိ႔ အနီရဲရဲ အနက္မည္းမည္း ႏွစ္ေရာင္ပါတဲ့ ပန္းဖြားအိတ္ျဖင့္ အားျဖည့္ေပးထားတယ္။ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ပီပီသသ ေလွ်ာက္လွမ္းျပခဲ့လုိ႔ ေသေသခ်ာခ်ာ ေလ့လာသင္ယူထားမွန္း အကဲခတ္လုိ႔ ရပါတယ္။ မ်က္ႏွာမွာ မိတ္ကပ္ကုိ သာဘ၀အတုိင္းျဖစ္ေနေအာင္ လိမ္းျခယ္ထားပါတယ္။

(Unicode)

NYFS Updated: အမေ့ခြေရာ
===================

အသက် ၁၆ နှစ်သာ ရှိသေးတဲ့ Kaia Gerber ဟာ NYFS မှာ မော်ဒယ်အဖြစ် ပထမဆုံး catwalk လျှောက်ခဲ့ပါတယ်။

နယူးယောက်ဖက်ရှင်သီတင်းပတ်ပွဲတော် New York Fashion Week (NYFS)မှာ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ Kaia Gerber ဟာ NYFS မှာ မော်ဒယ်အဖြစ် ပထမဆုံး catwalk လျှောက်ခဲ့ပါတယ်။ NYFS မှာ မော်ဒယ်ရဲ့ အသက်ဟာ အနည်းဆုံး ၁၆ နှစ်ရှိမှ catwalk လျှောက်ဖို့ ခွင့်ပြုပါတယ်။ သူ လျှောက်လှမ်းတဲ့ပွဲမှာ ရှေ့ဆုံးတန်း cele များအဖြစ် မီလီ ဘောဘီဘရောင်း၊ ဘရုတ်ရှီး၊ အန်နာဝင်းတိုးတို့ တက်ရောက်ခဲ့ကြပါတယ်။ 

ကိုင်ရာ ဂါဘာက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ကမှ ၁၆ နှစ်ပြည့် မွေးနေ့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ NYFS မှာပြဋ္ဌာန်းထားတဲ့ မော်ဒယ်တစ်ဦးလုပ်ဖို့ အနည်းဆုံး ရှိရမယ့်အသက် ၁၆နှစ် ပြည့်ပြည့်ချင်းမှာပဲ ကိုင်ရာ ဂါဘာက မော်ဒယ်အဖြစ် Calvin Klein ရဲ့ Spring/Summer 2018 ဝတ်စုံအတွက် catwalk လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ဖက်ရှင်လောကရဲ့ အထင်ကရပွဲကြီးမှာ ယခုလို လျှောက်ခဲ့တဲ့အတွက် မိခင်ဖြစ်သူ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ စူပါမော်ဒယ် Cindy Crawford ရဲ့ ခြေရာကို နင်းနိုင်ခဲ့ပြီလို့ မီဒီယာတွေက ချီးမွမ်းခဲ့ကြပါတယ်။
ဆယ်ကျော်သက်မော်ဒယ် ကိုင်ရာ ဂါဘာက ကောင်းဘွိုင်စတိုင် ဝတ်စုံဖြင့် လျှောက်ခဲ့တာဖြစ်ပါတယ်။ အဖြူအမည်း စတိုင်ထုတ်ထားတဲ့ ရှပ်အင်္ကျီ၊ အပြာရောင် လည်ကျပ်တို့ကို အပေါ်ပိုင်းမှာ ဝတ်ဆင်ထားပြီး အောက်ဖက်မှာတော့ အဝါရောင် ပိုးသားဘောင်းဘီရှည်ကို ဝတ်ဆင်ထားပါတယ်။ တောက်ပြောင်နေတဲ့ သားရေရှူးညိုက ဘောင်းဘီပိုသားရဲ့ အဝါရောင်ကို အရောင်ဖြည့်တင်းပေးထားတဲ့အပြင် တစ်ခုခု လိုနေသလို မဖြစ်စေဘဲ အမြင်တင့်တယ်စေဖို့ အနီရဲရဲ အနက်မည်းမည်း နှစ်ရောင်ပါတဲ့ ပန်းဖွားအိတ်ဖြင့် အားဖြည့်ပေးထားတယ်။ တည်တည်ငြိမ်ငြိမ်ဖြင့် ပီပီသသ လျှောက်လှမ်းပြခဲ့လို့ သေသေချာချာ လေ့လာသင်ယူထားမှန်း အကဲခတ်လို့ ရပါတယ်။ မျက်နှာမှာ မိတ်ကပ်ကို သာဘဝအတိုင်းဖြစ်နေအောင် လိမ်းခြယ်ထားပါတယ်။

Read 2007 times
Rate this item
(0 votes)