What's new

×

Warning

JUser: :_load: Unable to load user with ID: 845


India Intimate Fashion Week (IIFW)

လာမယ့် ဧပြီလ ၂၂ ရက်မှာ ကျင်းပမယ့် India Intimate Fashion Week (IIFW) ဟာ တစ်မူထူးခြားတဲ့ ဖက်ရှင်ပွဲမျိုး ဖြစ်ပြီး

ပထမအကြိမ် ကျင်းပခဲ့တာမှာ အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့တာကြောင့် ယခုအခါ Season 2 အဖြစ် ဒုတိယအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ ပထမပွဲအပြီး ယခုနှစ် နှစ်ဆန်းမှာ မော်ဒယ်တွေရဲ့ ပုံတွေနဲ့ ပြက္ခဒိန် ထုတ်ခဲ့တာမှာလည်း အောင်မြင်မှု ရရှိခဲ့ပါတယ်။

တစ်မူထူးခြားတယ်လို့ ဆိုကြတာက မေထုန်မှုဖက်ရှင်ကို Intimate Fashion အနောက်တိုင်းမှာ အဆန်း မဟုတ်တော့ပေမဲ့ အမျိုးသမီးတွေကို ဗိုင်းကောင်ကျောက်ဖိထားတဲ့ အရှေ့တိုင်းအဖို့တော့ ဖောက်ထွက်တဲ့ဖက်ရှင်လိုင်း ဖြစ်နေတယ်။ အမျိုးသမီးဝတ် အတွင်းခံ အ၀တ်အစား၊ ညအိပ်ရာဝင် အ၀တ်အစားတွေကို ပြသတဲ့ဖက်ရှင်ပွဲဖြစ်ပြီး အမျိုးသားအတွင်းခံ အ၀တ်အစားတွေကိုပါ ပြသတဲ့ဖက်ရှင်ပွဲလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ယခုကျင်းပမယ့်ပွဲမှာ “Commando 2” မှ ဘောလီဝုဒ် နာမည်ကြီး မင်းသား Thakur Anoop Singh က ရှိုးပွဲမှာ ပါဝင်ပြသမှာ ဖြစ်ပါတယ်။
ဖက်ရှင်ပွဲကို မွန်ဘိုင်းမြို့ Leela Hotel မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အတွင်းခံအ၀တ်အစားတွေအပြင် ပင်လယ်ကမ်းခြေ ဘီကီနီအ၀တ်အစား၊ သတို့သမီး အတွင်းခံအ၀တ်အစား၊ အိမ်နေရင်းဝတ်ဖို့ အတွင်းခံအ၀တ်အစားတွေကိုပါ ပြသပေးမှာ ဖြစ်ပါတယ်။
အထူးအစီအစဉ်ကတော့ plus-size အတွင်းခံအ၀တ်အစားတွေကို ပြသမှာ ဖြစ်ပါတယ်။

Read 1209 times
Rate this item
(0 votes)