What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fashion Designer Entrepreneur Association ဖြဲ႔စည္း

(Zaw+Uni) Myanmar Fashion Designer Group မွ Fashion Designer Entrepreneur Association အျဖစ္သို႔

ေျပာင္းလဲဖြဲ႔စည္းျခင္း စာနယ္ဇင္းအသိေပးအခမ္းအနားကိုေဖေဖာ္၀ါရီ၁ရက္ေန႔က ရန္ကုန္ျမိဳ႕ ဒဂံုျမိဳ႕နယ္ရွိ ေတာ္၀င္ဂါးဒင္းေဟာ္တယ္တြင္ က်င္းပျပဳလုပ္ခဲ႔ပါတယ္။

 ထိုပြဲတြင္ ကုန္စည္စက္မႈအသင္းခ်ဳပ္(UMFCCI) တြဲဖက္အေထြေထြ အတြင္းေရးမွဴးဦးမိ်ဳးသန္႔မွ အမွာစကားေျပာၾကားျပီး Fashion Designer Entrepreneur Associationဥကၠ႒ မျမဥၹဴက “UMFCCI လက္ေအာက္ကေန လႈပ္ရွားေနတာၾကာပါၿပီ။ခု ကၽြန္မတို႔ FDEAကို လဲျမန္မာ ႏိုင္ငံကုန္စည္မ်ားစက္မႈမွာ  ပုဒ္မ ၂၆ အရ ဖြဲ႔စည္းျပီး ၂၀၁၆ -၂၀၁၇ မွာ မွတ္ပံုတင္ခြင့္ ရရွိခဲ႔ပါတယ္။ ကၽြန္မတို႔ရဲ႕ FDEAရဲ႕ရည္ရြယ္ခ်က္ကေတာ့ အသင္းသားမ်ား ျမန္မမာျပည္တြင္းသာမက ျပည္ပကို ခ်ိတ္ဆက္ျပီးဖက္ရွင္နဲ႔ အ၀တ္အထည္လုပ္ငန္းေတြကို ေစ်းကြက္ ျမႇင့္တင္ဖို႔ေတြ ကုန္စည္ျပပြဲမွာ ဖက္ရွင္နဲ႔ ပတ္သတ္တဲ႔ ပစၥည္းေတြ အ၀တ္အထည္ေတြကို သြားျပီျပဖို႔လဲ ရည္ရြယ္ခ်က္ထဲမွာပါတယ္။ ေနာက္ျပီးႏိုင္ငံတြင္းမွာဖက္ရွင္နဲ႔ ပတ္သတ္တဲ႔ ထုတ္ကုန္ပစၥည္းမ်ား ျမန္မာျပည္ကေန ထြက္တဲ႔ ခ်ည္ထည္ပိုးထည္မ်ားကို ေစ်းကြက္ျမႇင့္တင္ႏိုင္ေရးအတြက္ ကၽြန္မတို႕ ဖက္ရွင္ ဒီဇိုင္နာေတြက ေထာက္ပံံ့ေပးဖို႔ ဘဲျဖစ္ပါတယ္။ ျပီးေတာ့ ႏိုင္ငံၾကားကလည္း association ျဖစ္လာတဲ႔ အခ်ိန္မွာ ျပည္ပႏိုင္ငံမ်ားကေန ခ်ိတ္ဆက္ျပီးေတာ့ ဖက္ရွင္ ဒီဇိုင္နာေတြ ဖက္ရွင္ ရိႈးေတြျပဖို႔ အတြက္ကိုလည္း ျပသဖို႔ ဖက္ရွင္ပိုင္းဆိုင္ရာအ၀တ္အထည္မ်ားကို ျပသဖို႔ဖက္ရွင္ ဒီဇိုင္နာေတြကို စုစည္းျပီးေတာ့ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ဖြဲ႔ စည္းထားျခင္းျဖစ္ပါတယ္။ ဒီအသင္းကေန မ်ိဳးဆက္သစ္ ဒီဇိုင္နာေတြကို ပညာေတြ လက္ဆင့္ကမ္းေပးသြားမွာပါ။ အသင္း၀င္ကို ဒီဇိုင္းပညာအခမဲ႔ ေပးေ၀သြားဖို႔လည္း ရွိပါတယ္။ ဖက္ရွင္ရိႈးေတြလည္း ျပသြားမယ္။ အသင္း၀င္ထားသူေတြေရာ ၀င္မယ္႔သူေတြနဲ႔ ကUMFCCI မွ အတြင္းေရးမွဴးနဲ႔ အမႈေဆာင္ေတြကို လည္း ေက်းဇူးတင္ပါတယ္။

 အသင္း၀င္ခ်င္သူမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕ မင္းရဲေက်ာ္စြာလမ္းရွိ UMFCCI ၃ လႊာတြင္ ေဖာင္မ်ားကို အခမဲ႔ ထုတ္ယူကာ အသင္း၀င္ႏိုင္ေၾကာင္း သိရပါတယ္။ ထိုအသင္းဟာ စီးပြားေရးလုပ္ငန္းရွင္ေတြ ဖြဲ႔စည္းထားတဲ႔ အသင္းမ်ိဳးမဟုတ္ဘဲ ၀ါသနာကို အေျခခံတဲ႔ ပညာရွင္ေတြဖြဲ႔စည္းထားတဲ႔ အသင္းအဖြဲ႔ ျဖစ္ပါတယ္။ 

 

Unicode

Fashion Designer Entrepreneur Association ဖွဲ့စည်း

Myanmar Fashion Designer Group မှ Fashion Designer Entrepreneur Association အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခြင်း စာနယ်ဇင်းအသိပေးအခမ်းအနားကိုဖေဖော်ဝါရီ၁ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟော်တယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ထိုပွဲတွင် ကုန်စည်စက်မှုအသင်းချုပ်(UMFCCI) တွဲဖက်အထွေထွေ အတွင်းရေးမှူးဦးမျိုးသန့်မှ အမှာစကားပြောကြားပြီး Fashion Designer Entrepreneur Associationဥက္ကဋ္ဌ မမြဉ္ဖူက “UMFCCI လက်အောက်ကနေ လှုပ်ရှားနေတာကြာပါပြီ။ခု ကျွန်မတို့ FDEAကို လဲမြန်မာ နိုင်ငံကုန်စည်များစက်မှုမှာ ပုဒ်မ ၂၆ အရ ဖွဲ့စည်းပြီး ၂ဝ၁၆ -၂ဝ၁၇ မှာ မှတ်ပုံတင်ခွင့် ရရှိခဲ့ပါတယ်။ ကျွန်မတို့ရဲ့ FDEAရဲ့ရည်ရွယ်ချက်ကတော့ အသင်းသားများ မြန်မမာပြည်တွင်းသာမက ပြည်ပကို ချိတ်ဆက်ပြီးဖက်ရှင်နဲ့ အဝတ်အထည်လုပ်ငန်းတွေကို ဈေးကွက် မြှင့်တင်ဖို့တွေ ကုန်စည်ပြပွဲမှာ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ အဝတ်အထည်တွေကို သွားပြီပြဖို့လဲ ရည်ရွယ်ချက်ထဲမှာပါတယ်။ နောက်ပြီးနိုင်ငံတွင်းမှာဖက်ရှင်နဲ့ ပတ်သတ်တဲ့ ထုတ်ကုန်ပစ္စည်းများ မြန်မာပြည်ကနေ ထွက်တဲ့ ချည်ထည်ပိုးထည်များကို ဈေးကွက်မြှင့်တင်နိုင်ရေးအတွက် ကျွန်မတို့ ဖက်ရှင် ဒီဇိုင်နာတွေက ထောက်ပံ့ပေးဖို့ ဘဲဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံကြားကလည်း association ဖြစ်လာတဲ့ အချိန်မှာ ပြည်ပနိုင်ငံများကနေ ချိတ်ဆက်ပြီးတော့ ဖက်ရှင် ဒီဇိုင်နာတွေ ဖက်ရှင် ရှိုးတွပြေဖို့ အတွက်ကိုလည်း ပြသဖို့ ဖက်ရှင်ပိုင်းဆိုင်ရာအဝတ်အထည်များကို ပြသဖို့ဖက်ရှင် ဒီဇိုင်နာတွေကို စုစည်းပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့ စည်းထားခြင်းဖြစ်ပါတယ်။ ဒီအသင်းကနေ မျိုးဆက်သစ် ဒီဇိုင်နာတွေကို ပညာတွေ လက်ဆင့်ကမ်းပေးသွားမှာပါ။ အသင်းဝင်ကို ဒီဇိုင်းပညာအခမဲ့ ပေးဝေသွားဖို့လည်း ရှိပါတယ်။ ဖက်ရှင်ရှိုးတွေလည်း ပြသွားမယ်။ အသင်းဝင်ထားသူတွေရော ဝင်မယ့်သူတွေနဲ့ ကUMFCCI မှ အတွင်းရေးမှူးနဲ့ အမှုဆောင်တွေကို လည်း ကျေးဇူးတင်ပါတယ်။
အသင်းဝင်ချင်သူများအနဖြေင့် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI ၃ လွှာတွင် ဖောင်များကို အခမဲ့ ထုတ်ယူကာ အသင်းဝင်နိုင်ကြောင်း သိရပါတယ်။ ထိုအသင်းဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ဖွဲ့စည်းထားတဲ့ အသင်းမျိုးမဟုတ်ဘဲ ဝါသနာကို အခြေခံတဲ့ ပညာရှင်တွေဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ ဖြစ်ပါတယ်။

 

Read 1410 times
Rate this item
(0 votes)