What's new

×

Warning

JUser: :_load: Unable to load user with ID: 845


(၈)ကြိမ်မြောက် မြန်မာ့နိုင်ငံတကာဆိုင်ရာ ချည်မျှင်နှင့် အထည်အချုပ်ဆိုင်ရာ စက်မူလက်မူပြပွဲ သတင်းစာရှင်းလင်းပွဲ

(၈)ကြိမ်မြောက် မြန်မာ့နိုင်ငံတကာဆိုင်ရာ ချည်မျှင်နှင့် အထည်အချုပ်ဆိုင်ရာ စက်မူလက်မူပြပွဲ သတင်းစာရှင်းလင်းပွဲ own

(၈)ကြိမ်မြောက် မြန်မာ့နိုင်ငံတကာဆိုင်ရာ ချည်မျှင်နှင့် အထည်အချုပ်ဆိုင်ရာ စက်မူလက်မူပြပွဲ သတင်းစာရှင်းလင်းပွဲ

(၈)ကြိမ်မြောက်ထက်မံကျင်းပသော မြန်မာ့နိုင်ငံတကာဆိုင်ရာချည်မျှင်နှင့် အထည်ချုပ်ဆိုင်ရာ စက်မူလက်မူပြပွဲကြီးနှင့်အတူ ပူးတွဲကျင်းပသော

မြန်မာ့နိုင်ငံတကာဆိုင်ရာ အထည်အလိပ်နှင့် အဝတ်အစားပိုင်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများပြပွဲကြီးနှင့်

မြန်မာ့နိုင်ငံတကာဆိုင်ရာ အထည်အလိပ်ပေါ်တွင် ပုံနှိပ်ခြင်း နှင့်ပတ်သတ်သော စက်ပစ္စည်းပြပွဲကြီးကို ရန်ကုန်

ကုန်သွယ်ရေးစင်တာတွင် နိုဝင်ဘာလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်။

အထည်အလိပ်ပိုင်းဆိုင်ရာ နယ်ပယ်အတွက် ဆက်သွယ်ဝယ်ယူရာတွင် အဆင်ပြေစေသော ပလပ်ဖောင်းတစ်ခုဖြစ်သည့်

MTG ပြပွဲကြီးကို Yorkers Trade & Marketing Service  Co.,Ltd မှ စီစဉ်ကျင်းပပြီး မြန်မာနိုင်ငံ

အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် ့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်း(MTMA) တို့မှ

ပူးတွဲစီစဉ်တင်ဆက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့်  စက်မူလက်မူလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ ပံ့ပိုးကူညီမူများဖြင့်

စီစဉ်တင်ဆက်သွားမည့် ပြပွဲကြီးတစ်ခုဖြစ်ပါသည်။ ယခု ပြသမည်ပြပွဲကြီးတွင် အမျိုးအစားစုံလင်သော ကွာလတီမြင့်စက်ပစ္စည်းများနှင့်

ဆန်းသစ်ထားသော စက်ပစ္စည်းများ၊ ပြည်တွင်းလုပ်ငန်းရှင်များအတွက် နည်းပညာများနှင့် ထုတ်ကုန်ပစ္စည်းများအတွက်

စီးပွားရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတတ်လာစေရန် တွေ့ဆုံမူများပါ တင်ဆက်သွားမည်ဖြစ်ပါသည်။ ထိုပွဲတွင် တရုတ်၊ ပြင်သစ်၊

ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုနှင့် ဗီယမ်နမ် အစရှိတဲ့

နိုင်ငံပေါင်း(၁၃)နိုင်ငံကနေ လာရောက်ခင်းကျင်း ပြသွားမည်ဖြစ်သဖြင့် အထည်အလိမ်၊ အဝတ်အစားပြုလုပ်စက်များကို စိတ်ဝင်စားတဲ့သူတိုင်း သွားသင့်တဲ့ ပွဲတစ်ခုဖြစ်တာကြောင့်
textile ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 




ကုန်သွယ်ရေးစင်တာ(YCC) တွင် နိုဝင်ဘာလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်။



အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်း(MTMA) တို့မှ







 

2

 

 

3

 

 

4

 

Embroidery Machines & Services အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။

Read 1857 times
Rate this item
(0 votes)
Tagged under