အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တစ်ဦးတည်းကိုယ်စားလှယ်ယူထားတဲ့ The Bridge Myanmar ၏ First Launching ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က Novotel Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ အီတလီ Brand ထုတ် The Bridge အိတ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ်တင်သွားဖြစ်တယ်လို့လည်း သိရပါတယ်။
အိန္ဒြာကျော်ဇင်ရဲ့ ပရိသတ်တွေအတွက် အထူးအစီအစဉ်အနေနှင့် The Bridge နှင့် ပူးပေါင်းပြီး Seasonal Collections များကို ကိုယ်ပိုင်ဒီဇိုင်းသီးသန့် ထုတ်လုပ်သွားဖို့ရှိကြောင်း သိရှိရပါတယ်။
အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်စားလှယ်ယူထားတဲ့ The Bridge Myanmar ၏ First Launching ပွဲပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Source:Popular Journal & Myanmar Cele Crazy