What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထရန်စ် မက်အာသာ

ဘာတွေပဲ ဖြစ်နေနေ ယခုအခါ အသက် ၁၈ နှစ်သား ရှိပြီဖြစ်တဲ့ ကာစေး မက်အာသာက အောင်မြင်တဲ့ မော်ဒယ်အဖြစ် လုပ်ကိုင်နေတယ်။

zawgyi version link

ထရန္စ္ မက္အာသာ

သူ့မှာ အမည်ဟောင်းရှိတယ်။ Dani Rose တဲ့။ သူ့ကို မိန်းကလေးအဖြစ် မွေးဖွားခဲ့တော့ ၁ဝ နှစ်သမီး အရွယ်မှာ မိန်းကလေးမော်ဒယ် စလုပ်တယ်။ ရှိုးပွဲ လျှောက်လမ်းတွေ လျှောက်ခဲ့တာ စင်ကာပူကအစ လော့စ်အိန်ဂျယ်လိစ်အလယ် တိုရန်တိုအထိ ပွဲပေါင်းစုံနပြေီ။ ဒန်နီ ရိုစ် Dani Rose ဆိုတဲ့ မိန်းကလေးမော်ဒယ်ဟာ ဖက်ရှင်မော်ဒယ်လောကမှာ နေရာတစ်နေရာ အခိုင်အမာ ရနပြေီ။

ဒါပေမဲ့ မက်အာသာမှာ တခြားမော်ဒယ်တွေနဲ့ မတူကွဲပြားနေတဲ့ ဘဝဇာတ်လမ်းတစ်ခု ရှိနေတယ်။ သူက ဂျန်းဒါ gender သတ်မှတ်တာအတွက် စိတ်မှာ ကမောက်ကမတွေ ဖြစ်နေခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့တယ်။ သူ့ခေါင်းထဲ အဲဒီပြဿနာကို ရှင်းမရဖြစ်နေတာ ပြီးခဲ့တဲ့ သုံးနှစ်တုန်းက အဆုံးသတ်လိုက်တယ်။
နယူးယောက်မှာ ရှိတဲ့ အေဂျင်စီကြီးတွေက မော်ဒယ်အလုပ်အတွက် စာချုပ်ဖို့ ကမ်းလှမ်းကြတယ်။ သူက စာမချုပ်ခင်မှာ စကားတစ်ခွန်းကို ပြတ်ပြတ်သားသား ပြောတယ်။
‘‘သိတယ်မဟုတ်လား။ ကျနော့ နာမည်အဟောင်းက ဒန်နီ ရိုစ်။ ကျနော် မိန်းကလေးတစ်ဦးအဖြစ် မော်ဒယ် မလုပ်နိုင်တော့ဘူး။ ကာစေး မက်အာသာဆိုတာ ကျနော့နာမည် ဖြစ်သွားပြီ။ အမျိုးသားမော်ဒယ်တစ်ဦး ဖြစ်နပြေီ’’

အသက် ၁၃ နှစ်မှာ သဏ္ဌာန်လုပ် သရုပ်တူ ဝတ်စားဆင်ယင်ရတဲ့ပွဲမျိုး ဖြစ်တဲ့ Cosplay တစ်ခုမှာ သူက ယောက်ျားလေးဇာတ်ကောင်အဖြစ် ပါဝင်ရပြီး ယောက်ျားလေးလို ဝတ်ဆင်ခဲ့တယ်။ အဲဒီမှာ အရိမ်းစိတ်ချမ်းသာမိတာကို သူ သိခဲ့ရတယ်။
မိန်းကလေး မော်ဒယ်အဖြစ် နေရာရလာခဲ့ပြီး အမေရိကန် ဖက်ရှင် ဒီဇိုင်းနာ Marc Jacobs၊ အမေရိကန် ဖက်ရှင်ဓာတ်ပုံဆရာ Steven Meisel စတဲ့သူတွေက သူ့ကို ဒန်နီရိုစ်အဖြစ်ဖြင့်သာ သဘောကျကြတယ်။ မိန်းကလေး မော်ဒယ်အဖြစ်ဖြင့်သာ ခေါ်သုံးကြတယ်။ ယောက်ျားလေး အဝတ်အစား ဖက်ရှင်ဝတ်မယ်ဆိုတာကို လက်မခံကြဘူး။

dani rose
ဒီတော့ သူက ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဂျန်းဒါ ပြောင်းဖို့ စတင်ခဲ့တယ်။
‘‘သူတို့က ဘာကို လိုချင်တာလဲ မိန်းကလေးလား။ ကျနော့က မိန်းကလေးမို့လို့ မိန်းကလေးအဖြစ်ပဲ လိုချင်တာလား။ အဲဒီလိုဆိုရင် အဲဒီလူတွေအတွက် ကျနော် အလုပ်မလုပ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်က ယောက်ျား။ ကျနော် အမျိုးသားမော်ဒယ် ဖြစ်ချင်တယ်’’ လို့ သူ့ရဲ့ အေးဂျင့်တွေကို တောင်းဆိုတယ်။
အေးဂျင့်တွေက ချက်ချင်းသဘောတူပေးကြတယ်။ Soul Artist Management မှာ အမျိုးသားမော်ဒယ်အဖြစ် စာချုပ်လက်မှတ်ထိုးဖြစ်တယ်။ အဲဒီအေဂျင်စီက နယူးယောက်မြို့မှ ဖြစ်ပြီး ဆွဲဆောင်မှု အားကောင်းတဲ့ အမျိုးသားမော်ဒယ်တွေကို အထူးတလည် လုပ်ကိုင်ပေးတဲ့ အေဂျင်စီအဖြစ် လူသိများတယ်။
နယူးယောက်မော်ဒယ်လောကထဲကို မက်အာသာအမည်ဖြင့် ပြန်လည်ရောက်ရှိခဲ့တယ်။
ရောက်တဲ့နေ့မှာပဲ ဓာတ်ပုံဆရာမ Collier Schorr ကို မက်အာသာ သွားတွေ့တယ်။ သူတို့နှစ်ဦး နှစ်နာရီကြာ စကားပြောဆို ဆွေးနွေးဖြစ်ကြတယ်။ ဓာတ်ပုံအတွဲစဉ်တစ်ခုကို လအတန်ကြာ ရိုက်ဖို့ သဘောတူကြတယ်။ Calvin Klein နဲ့ Craig McDean အပါအဝင် နာမည်ကြီးတွေအတွက် ဖက်ရှင်ထည် ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ နောက်တော့ တခြားနာမည်ကြီး ဓာတ်ပုံဆရာတွေနဲ့လည်း ကြော်ငြာအတွက် ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။
‘‘အဲဒီနောက်ပိုင်း အဆင်ပြေသွားတယ်။ ဒါပေမဲ့ အလုပ်ကို ကျနော် ပြန်လေ့လာရတယ်။ ခက်တာတော့ မခက်ဘူး။ ကိုယ်နေဟန်ထား ယူပုံတွေက မိန်းကလေးနဲ့ မတူဘူး။ ဓာတ်ပုံရိုက်တဲ့ကိ်စ္စအပြင် တခြားနေရာတွေမှာလည်း ယောက်ျားလေးတစ်ယောက် ပီသအောင် သင်ယူရတယ်။ လက်ဆွဲနှုတ်ဆက်တာကအစ ပြန်သင်ရတယ်။ ကြွက်သားတွေ ဗလတွေ မရှိတာက ကွာခြားချက်ကြီး ဖြစ်နေတာကိုလည်း သူခံစားမိတယ်။ ‘‘တကယ်ကို ခက်ပါတယ်။ ဒါပေမဲ့ အမျိုးသားတစ်ဦးအဖြစ် မော်ဒယ်လုပ်ရတာကို ကျွန်တော် ပျော်နေတယ်’’
အခုတော့ စိုးရိမ်နေရတာတွေ မရှိသလောက် ဖြစ်သွားပြီ။ ‘‘ကျနော် ရည်မှတ်းချက်က တစ်နေ့ကျရင် စူပါမော်ဒယ်တစ်ဦး ဖြစ်ရမယ်။ မဖြစ်နိုင်စရာအကြောင်းကို ကျနော် မတွေ့ပါဘူး’’
သူ့ရဲ့ လိင်အမျိုးအစား သတ်မှတ်ချက်ကြောင့် သူရည်မှန်းတာ အလွန်မြင့်တဲ့ ပန်းတိုင် ဖြစ်နေတယ်လို့ ပြောကြတာကို အကြိမ်ကြိမ် သူ ကြုံရတယ်။ ဘာလို့လဲဆိုတော့ သူက အမျိုးသားမော်ဒယ်အဖြစ်ကို ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ အမျိုးသားမော်ဒယ်တွေရဲ့ သက်တမ်းက အမျိုးသမီးမော်ဒယ်တွေထက် တိုတယ်။ ပြီးတော့ စူပါမော်ဒယ် အဆင့်ကို ရောက်တဲ့သူ လက်ချိုးရေလို့ ရတယ်။
မက်အာသာမှာ နောက်ထပ် ရည်မှန်းချက်ဆန္ဒတစ်ခု ရှိနေသေးတယ်။ သူက ထရန့် ဆယ်ကျော်သက်တွေအတွက် စံပြမော်ဒယ်တစ်ဦး ဖြစ်လိုတယ်။ အထူးသဖြင့် ဖိုကနေ မ အဖြစ်သို့ ကူးပြောင်းတဲ့ ထရန့်တွေအတွက် သူက ရှေ့ဆောင်စံပြ ဖြစ်လိုတယ်။
‘‘အဲဒါက ကျနော့အတွက် အရေးကြီးတယ်။ ထရန့်စ်အသိုင်းအဝိုင်းအတွက် ကျနော်ဟာ နမူနာကောင်းတစ်ယောက် ဖြစ်အောင် လုပ်ရမယ်’’
ထရန့်စ်တွေ ကြုံရတဲ့ အတွေ့အကြုံတစ်ခုက တခြားသူတွေ မသိအောင် ဖုံးကွယ်ထားရတာဖြစ်ပြီး သိသွားရင် အရှက်တကွဲ ဖြစ်မှာ စိုးကြောက်နေရတယ်။
ဖိုမော်ဒယ်တွေ ရှိနေတဲ့ အခန်းထဲကို သူ သွားရတဲ့အခါ သူ့ရင်ဘတ်မှာ ရင်သားတွေ ပြားကပ်နေအောင် ကျပ်စည်းထားရတယ်။ သူက ခွဲစိတ်ကုသမှု ရယူဖို့ ငွေမတတ်နိုင်ဘူး။ ‘‘ရိုးသားဖြောင့်မတ်ရင် ပိုလွယ်ကူတယ်။ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ကြိုးစားအားထုတ် နေရတာထက် လူတွေကို အမှန်အတိုင်း ပြောပြထားလိုက်တာ ပိုအဆင်ပြေတယ်။ ကျနော်က ဘာလဲဆိုတာ ကျနော်က ပြောပြထားလိုက်တယ်။ ဒါပေမဲ့ ယောက်ျားလေးလို့ သူက မမြင်ပေးဘူးဆိုရင် အဲဒါ ကျနော့အလွန် မဟုတ်တော့ဘူး။ သူ့ကိစ္စဖြစ်သွားပြီ’’ လို့ သူက လက်တွေ့ကျကျ ရင်ဆိုင်ပုံကို ပြောပြတယ်။ အဲဒီအတွက် စိတ်ထဲ တောင်တောင်အီအီ သူ မဖြစ်တော့ဘူး။

သူက ကော်လိုရာဒို အပ်စ်တီပတ်မြို့မှာ နေတယ်။ ဓာတ်ပုံတွေ ရိုက်ဖို့ ခေါ်ရင် နယူးယောက်ကို သူ သွားတယ်။ သူနေထိုင်တဲ့မြို့မှာ ရှိတဲ့ ဟိုတယ်တစ်ခုမှာ ကော်ဖီအဖျော်ဆရာအဖြစ် လုပ်ကိုင်တယ်။ ပညာရေးခရီး ဆက်လျှောက်တယ်။ သူ့မှာ ဂီတာ ၄ လုံး ရှိတယ်။ အရမ်းခင်မင်တဲ့သူငယ်ချင်းတွေနဲ့အတူ ဂီတာ တီးတယ်။ အင်စတာဂရမ်မှာ သူ့ပုံတွေ တင်တယ်။ သာမန်လူတစ်ဦးအဖြစ် သူနေထိုင်ပါတယ်။ Dani Rose ဆိုတဲ့ မိန်းကလေးမော်ဒယ်အမည်က သေဆုံးသွားခဲ့ပါပြီတဲ့။

13704285 564504137089607 1051068073 n

casilinterviewportraitSFW

 

Read 1158 times
Rate this item
(0 votes)