Tom Ford တစ်ယောက် သူ့ရဲ့ 2018 နွေဦး နွေရာသီစာ စုစည်းမှုတွေနဲ့ New York ဖက်ရှင် ရက်သတ္တပါတ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။
စုစည်းမှု ၀တ်စုံတွေကတော့ 90s ခုနှစ် ရသတွေအဖြစ် Sequins တွေ လှိုင်လှိုင်သုံးပြီး လျှောက်လမ်းထက်မှာ မာန်ဝင့်ခဲ့တာပါ။
ရှိုးပွဲကတော့ ဖိတ်စာနဲ့ တွဲလို့ ပါလာတဲ့ ဒီဇိုင်နာရဲ့ ရေမွှေးသစ် "Fucking Fabulous" ရဲ့ အမည်နာမ လိုပဲ အလွန်အကြူးကို ခန်းနားနေခဲ့တာပေါ့။
ရှိုးပွဲရဲ့ လျှောက်လမ်းမ ထက်မှာတော့ မျက်စိကြိမ်းလောက်အောင် တောက်ပနေတဲ့ စီးကွင့်ထည်တွေ၊ ချုပ်လုပ်မှု အသားပေး ကော်လာ ချွန်ချွန် ကုတ်တွေ၊ ခပ်တိုတို style pants တွေ၊ သားရေ double-breasted ကုတ်တွေ၊ လက်အဖောင်းပုံ ဂျတ်ကတ်တွေရယ် ဂျင်း ၀တ်စုံအချို့ အပြင် ပော်ဇောနီထက် ၀တ်စုံတွေ အဖြစ် လက်နေရာမှာ စီးကွင့်တွေ စီခြယ်ထားတဲ့ dress တွေ ပါဝင်ပါတယ်။
အရောင်တွေ အနေနဲ့ ချိုမြမြ ပန်းရောင် အတောက်တွေ၊ လိမ္မော်ရောင်၊ အပြာရောင်တွေ သုံးပြီး ပိုးဖဲသား၊ ကတ္တီပါသား၊ sheer ပိုးဇာပိတ်တွေနဲ့ စွဲမက်ဖွယ် ၀တ်စုံတွေ ဖန်တီးထားပါတယ်။
Gigi Hadid, Kendall Jenner, Joan Small စတဲ့ မော်ဒယ်တွေကို sexy ကျ လှပတဲ့ ခပ်မိုက်မိုက် short hair ဒီဇိုင်းတွေနဲ့ တွေ့ရမှာပါ။
ရှိုးပွဲရဲ့ ထိပ်ဆုံးတန်း နေရာမှာ Cindy Crawford, Karlie Kloss, Kim Kardashian West, Suki Waterhouse, Doutzen Kroes နဲ့ Julianne Moore တို့လို ကျော်ကြားသူတွေကို တွေ့ရပြီး ရှိုးအပြီး after party မှာတော့ Ford က သူ့ရဲ့ ရေမွှေးသစ် "Fucking Fabulous" ကို အမိုက်စား shirtless waiters တွေနဲ့ launched လုပ်ခဲ့တာပါ။ 2018 နွေဦး နွေရာသီစာ အတွက် New York Fashion Week ကတော့ Tom Ford ရဲ့ လက်ရာတွေနဲ့ ခန်းနားလှပစွာပဲ ဖွင့်ချနိုင်ခဲ့လေရဲ့။
source:posh