What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Victoria’s Secret ရဲ့ Official Angels ၁၄ ဦးက ဘယ်သူတွေလဲ

ကမ္ဘာ့ အခမ်းနားဆုံး ဖက်ရှင်ရှိုးပွဲဖြစ်တဲ့ Victoria’s Secret ဖက်ရှင်ရှိုးပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်မှာ လာမယ့် နိုဝင်ဘာလ ၁၈ ရက်ကျရင် ကျင်းပတော့မယ်။

Victoria’s Secret ဖက်ရှင်ရှိုးပွဲမှာ ပါဝင်တဲ့ မော်ဒယ် အယောက် ၅၀ ၀န်းကျင် ပါဝင်လေ့ရှိပြီး အဲဒီအထဲမှာ Victoria’s Secret ရဲ့ Official Angels ၁၄ ဦး ပါဝင်တယ်။ ဒီနှစ်ပွဲမှာတော့ Victoria’s Secret ရဲ့ Official Angels ၁၃ ဦးပဲ ပါဝင်မယ်။


Victoria’s Secret ရဲ့ လက်ရှိ Official Angels ၁၄ ဦးကို တစ်ဦးချင်း မိတ်ဆက်ပြောပြပေးထားပါတယ်။

 

 

Adriana Lima


Adriana Lima
အသက် ၃၆ နှစ် ရှိတဲ့ ဘရာဇီးသူ Adriana Lima ဟာ အိန်ဂျယ်အဖြစ် ၂၀၀၀ ခုနှစ်မှာ စတင်ရွေးချယ်ခံရတယ်။ အခုဆိုရင် အိန်ဂျယ်သက်တမ်း ၁၇ နှစ် ရှိပြီ။
Victoria’s Secret အတွက် မော်ဒယ် ရှာပုံတော် ဖွင့်တဲ့အခါ Ford ရဲ့ “Supermodel of Brazil” အလှမယ်ပြိုင်ပွဲမှာ ပထမ ရတဲ့သူ့ကို ရှာဖွေ တွေ့ရှိခဲ့တယ်။ အဲဒီတုန်းက သူ့အသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်။
Victoria’s Secret ရဲ့ ဆန်းပြားပြီး တန်ဖိုးကြီးမားတဲ့ ရတနာစီခြယ် Fantasy Bra ကို တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲမှာ အိန်ဂျယ် တစ်ယောက်ယောက်က ၀တ်ဆင်ပြသခွင့် ရရှိတယ်။ အဲဒါ ဂုဏ်တစ်ခုပဲ။
Adriana Lima က ၂၀၀၈ ၊ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ၀တ်ဆင်ခွင့် ရခဲ့လို့ ၃ ကြိမ် အရွေးခံထားရသူ ဖြစ်ပါတယ်။

 

 

Alessandra Ambrosio
Alessandra Ambrosio

သူကလည်း ဘရာဇီးသူတစ်ဦးပါပဲ။ အသက်ကလည်း ၃၆ နှစ်ပါတယ်။ အိန်ဂျယ် စတင်ဖြစ်ခဲ့တာ ၂၀၀၄ ခုနှစ်မှာ ဖြစ်ပါတယ်။ သူက 1996 Brazil Elite Model Look ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်အထိ ရောက်ခဲ့တယ်။ အဲဒီတုန်းက သူ့အသက်က ၁၄ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီပွဲအပြီးမှာ Victoria’s Secret ရဲ့ မော်ဒယ်တစ်ဦးအဖြစ် ကမ်းလှမ်းခံခဲ့ရတယ်။
Fantasy Bra ကို ၂၀၁၂ မှာ ၀တ်ခွင့်ရခဲ့တယ်။

 

 

Behati Prinsloo

Behati Prinsloo
သူက နမီးဘီးယားနိုင်ငံသူ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် ရှိပြီ။ ၂၀၀၉ ခုနှစ်ကစလို့ အိန်ဂျယ်အဖြစ် တာဝန်ထမ်းခွင့် ရရှိခဲ့တယ်။ သူက တောင်အာဖရိကနိုင်ငံ ကိပ်တောင်းကို အားလပ်ရက် ခရီးထွက်တယ်။ အဲဒီမှာ မော်ဒယ်အေဂျင်စီ Storm Modeling Agency က တွေ့ရှိပြီး မော်ဒယ်အဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။
အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ကလေးတစ်ဦး ထွန်းကားတယ်။ အခု ဒုတိယမြောက်ကလေးကို ကိုယ်ဝန်ဆောင်ထားတာမို့ ယခုနှစ် Victoria’s Secret Fashion Show မှာ ပါဝင်မှာ မဟုတ်ပါဘူး။

 

Lily Aldridge


Lily Aldridge
အမေရိကန်သူ ကယ်လီဖိုးနီယား လော့စ်အိန်ဂျယ်လိစ်မှာ နေထိုင်တယ်။ အသက် ၃၂ နှစ် ရှိပြီ။ အိန်ဂျယ် စဖြစ်တာ ၂၀၁၀ ခုနှစ်မှာ ဖြစ်ပြီး ကျောင်းမှာ ကျင်းပတဲ့ ပွဲတော်မှာ သူ့ကို တွေ့ရှိခဲ့ပြီး မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီတုန်းက သူ့အသက်က ၁၄ နှစ်။ ၂၀၁၅ ခုနှစ်မှာ Fantasy Bra ၀တ်ခွင့် ရခဲ့တယ်။
အိမ်ထောင်ရှင်တစ်ဦးဖြစ်တယ်။ Kings of Leon တေးဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော်လည်း ဖြစ်ပါတယ်။

 

 

Candice Swanepoel
Candice Swanepoel

တောင်အာဖရိကမှာ နေထိုင်တယ်။ အသက် ၂၉ နှစ်။ ၂၀၁၀ ခုနှစ်မှာ အိန်ဂျယ် စဖြစ်ခဲ့တယ်။ အသက် ၁၅ နှစ်အရွယ် အဟောင်းပစ္စည်းဈေးတန်းမှာ သူ့ကို တွေ့ရှိခဲ့ပြီး မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ Fantasy Bra ကို ၂၀၁၃ ခုနှစ်မှာ ၀တ်ဆင်ခွင့် ရရှိခဲ့တယ်။ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားတစ်ယောက် ထွန်းကားတယ်။

 

 

Elsa Hosk
Elsa Hosk
ဆွီဒင်သူဖြစ်ပြီး အသက် ၂၉ နှစ် ရှိပြီ။ အိန်ဂျယ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ရောက်ရှိခဲ့တယ်။ အသက် ၁၃ နှစ်သမီးမှာ သူ့ဖခင်က မော်ဒယ်အေဂျင်စီကို သူ့ဓာတ်ပုံတွေ ပေးပို့ပြီး အလုပ်လျှောက်ခဲ့ရာမှ မော်ဒယ်အဖြစ်သို့ ရောက်ရှိခဲ့တယ်။ မော်ဒယ်မလုပ်ခင်က ဘတ်စ်ကက်ဘော ထူးချွန်တဲ့ အားကစားသမား ဖြစ်ခဲ့ဖူးတယ်။

 

Jasmine Tookes

Jasmine Tookes
အမေရိကန် ကယ်လီဖိုးနီးယားမှာ နေထိုင်တယ်။ အသက် ၂၆ နှစ်။ အိန်ဂျယ်အဖြစ်ကို ၂၀၁၅ မှာ ရောက်ရှိခဲ့တယ်။ အမေက စဲလီတွေအတွက် stylist ဖြစ်ပြီး အသက် ၁၅ နှစ်မှာ မော်ဒယ်အလုပ်ကို စလုပ်ခဲ့တယ်။ Fantasy Bra ကို ၂၀၁၆ ခုနှစ်မှာ ၀တ်ဆင်ခွင့် ရခဲ့တယ်။

 

 

Lais Ribeiro
Lais Ribeiro
အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ဘရာဇီးသူဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှ အိန်ဂျယ် စဖြစ်ခဲ့တယ်။ ၂၀၀၉ ခုနှစ်ကတည်းက ဘရာဇီးမှာ မော်ဒယ်အဖြစ် လုပ်ကိုင်နေခဲ့တယ်။
မော်ဒယ် မလုပ်ခင်က သူနာပြုသင်တန်း တက်ခဲ့တယ်။
Victoria’s Secret ဖက်ရှင်ရှိုးပွဲမှာ ပါဝင်တဲ့ မော်ဒယ် အယောက် ၅၀ ၀န်းကျင်ကို ကိုယ်ကာယ ကျစ်လစ် လှပစေဖို့ လက်ဝှေ့သင်တန်း စခန်းသွင်းပြီး လေ့ကျင့်ပေးတဲ့ ဆရာမ တာဝန်ကိုလည်း သူ ထမ်းဆောင်တယ်။
Fantasy Bra ကို ၂၀၁၇ ခုနှစ်မှာ ၀တ်ဆင်ခွင့် ရခဲ့ပါတယ်။

 

Martha Hunt
Martha Hunt
အမေရိကန် နော့သ် ကယ်ရိုလိုင်းနားမှဖြစ်ပြီး အသက် ၂၈ နှစ်ရှိပြီ။ အိန်ဂျယ် စဖြစ်ခဲ့တာ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပါတယ်။ အသက် ၁၄ နှစ်မှာ မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခံရတယ်။ အဆိုတော် Taylor Swift နဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပါတယ်။

 

 

Romee Strijd
Romee Strijd
အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဟောလန်သူ Romee Strijd ဟာ အိန်ဂျယ်အဖြစ် ၂၀၁၅ ခုနှစ်မှာ စတင်ရောက်ရှိခဲ့တယ်။ သူက Burberry, Calvin Klein, Michael Kors, Saint Laurent, Alexander McQueen အစရှိတဲ့ brand တွေရဲ့ ဖက်ရှင်ရှိုးပွဲတွေမှာလည်း ပွဲလျှောက်ပါတယ်။

 

Sara Sampaio


Sara Sampaio

ပေါ်တူဂီသူ ဖြစ်ပြီး အသက် ၂၆ နှစ် ရှိပြီ။ ၂၀၁၅ ခုနှစ်မှာ အိန်ဂျယ် စဖြစ်ခဲ့တယ်။ အသက် ၁၆နှစ်တုန်းက ပေါ်တူဂီမှာ ဆံကေသာ မော်ဒယ်ပြိုင်ပွဲ ၀င်ပြိုင်တာ ဗိုလ်စွဲခဲ့ဖူးတယ်။ Sports Illustrated မဂ္ဂဇင်းရဲ့ ရေကူးဝတ်စုံ မော်ဒယ်အဖြစ် လုပ်ကိုင်တယ်။

 

 

Stella Maxwell

Stella Maxwell
အသက် ၂၇ နှစ် ရှိပြီ။ ၂၀၁၅ ခုနှစ်မှာ အိန်ဂျယ် စဖြစ်ခဲ့တယ်။ ဘယ်လဂျီယံ၊ သြစတေးလျ၊ နယူးဇီလန်တို့မှာ တစ်လှည့်စီ နေထိုင်တယ်။ တက္ကသိုလ်ကျောင်းသူဘ၀မှာ မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခံရတယ်။

 

 

Taylor Hill
Taylor Hill

အမေရိကန်နိုင်ငံ ကိုလိုရာဒိုမှာ နေထိုင်တယ်။ အသက် ၂၁ နှစ် ရှိပြီ။ ၂၀၁၅ ခုနှစ်မှာ အိန်ဂျယ် စဖြစ်ခဲ့တယ်။ Victoria’s Secret အိန်ဂျယ်တွေထဲမှာ အသက် အငယ်ဆုံး ဖြစ်ပါတယ်။

 

Josephine Skriver

Josephine Skriver
ဒိန်းမတ်မှ ဖြစ်ပြီး အသက် ၂၄ နှစ် ရှိပြီ။ အိန်ဂျယ်အဖြစ်သို့ ၂၀၁၆ ခုနှစ်မှာ ရောက်ရှိခဲ့တယ်။ ဘောလုံးအသင်းနဲ့အတူ နယူယောက်မြို့ကို လိုက်ပါလာခဲ့တာမှာ သူ့ကို မော်ဒယ်အဖြစ် ကမ်းလှမ်းခံရတယ်။ သူ့အသက် ၁၅ နှစ်မှာ ဖြစ်ပါတယ်။ သူက LGBTQ အသိုင်းအ၀ိုင်းကို ကာကွယ်ပြောဆိုသူ ဖြစ်ပါတယ်။ ဖခင်က gay ဖြစ်ပြီး မိခင်က lesbian ဖြစ်ပါတယ်။

Read 2510 times
Rate this item
(0 votes)