What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လထိန်ထိန်သာတဲ့ ဖက်ရှင်ပွဲ

Mercedes-Benz ရဲ့ ဖက်ရှင်ပွဲတွေကို ကမ္ဘာတစ်လွှားမှ ခင်းကျင်းတာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ မေလ ၁၃ ရက် ညက သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တော်မှာ ကျင်းပခဲ့တယ်။


ရှေ့ဆုံးတန်းမှာ အထင်ကရ စဲလီတွေ၊ လမ်းလျှောက်ပြတဲ့ စူပါမော်ဒယ်တွေ၊ လာရောက်ရှုစားကြတဲ့ ပရိသတ် ၈၀၀ ဦးတို့အပြင် သဲ တန် ၆၀ တို့ ဖက်ရှင်ပွဲကြီးမှာ အတူရှိနေကြတယ်။

designer


ဖက်ရှင်ပွဲတွေ တင်ပြရင် နောက်ကွယ်မှ ပညာရှင်ဖြစ်တဲ့ ဒီဇိုင်နာတွေ မေ့ကျန်ရစ်တတ်တယ်။ မော်ဒယ်တွေ ဖက်ရှင်တွေနဲ့တင် ပြီးနေတတ်တယ်။

ဒီတော့ မမေ့မလျော့ ပြောပြချင်တာက အခု တင်ပြနေတဲ့ Mercedes-Benz Fashion Week Australia ပွဲအဖွင့် ဖက်ရှင်တွေရဲ့ ဖန်တီးရှင်နှစ်ဦးက Camilla Freeman-Topper (၀ဲ) နဲ့ Marc Freeman (ယာ)တို့ ဖြစ်ပါတယ်။

သူတို့ရဲ့ ဖက်ရှင်လုပ်ငန်း သက်တမ်းက ယခုနှစ်မှာ ၁၅ နှစ်တင်းတင်းပြည့်တယ်။ အနာဂတ်ကို မြော်ချင့်တဲ့ အမျိုးသမီးတွေအတွက် ဖက်ရှင်စုစည်းမှုကို သူတို့က အခုပွဲမှ တင်ဆက်ခဲ့ကြတယ်။

 

 

show 1

ဆစ်ဒနီမြို့ရဲ့ Royal Hall of Industries ထဲမှာ ကျင်းပနေချိန် အပြင်မှာတော့ မိုးက မစဲစတမ်း ရွာနေတယ်။ တိုက်ဆိုင်တာက အမေနေ့ ဖြစ်နေတယ်။
အထဲမှာ မြင်ကွင်းက အင်္ဂါဂြိုလ် မြေမျက်နှာပြင်ကို တုပဖန်တီးထားတယ်။ ကျောက်တုံးကြီးတွေ၊ သဲခင်းထားတဲ့ ကြမ်းပြင် မညီမညာတွေနဲ့အတူ ရှုစားကြရတယ်။
အပေါ်ဘက်မှာတော့ လပြည့်ဝန်းကို ထင်ဟပ်ပြထားတဲ့ အလင်းဖြူဝိုင်းကြီးတစ်ခု ရှိနေတာ လထိန်ထိန်သာနေတဲ့အတိုင်း အရသာ ပေးတယ်။
အာကာသရဲ့ တစ်နေရာကို ရောက်နေပြီလို့ သတိမူမိစေတယ်။ ပြသမယ့်ဖက်ရှင်ကလည်း အနာဂတ်ကို မြော်ချင့်ပြီး ဖန်တီးထားတယ်။ အစဉ်အလာမှ လမ်းခွဲဖောက်ထွက်ထားတဲ့ ခေတ်ဆန်းဖက်ရှင်တွေ ကြည့်ရမယ်လို့ သိထားကြတယ်။ ပြီးတော့ ပွဲမစခင်ကတည်းက တာအစားဆုံးဖြစ်နေတဲ့ မော်ဒယ် Georgia Fowler ကို မျှော်လင့်စောင့်စားနေကြတယ်။
Georgia Fowler က အသက် ၁၂ နှစ်အရွယ်မှာ ဓာတ်ပုံသရုပ်ဖော်မော်ဒယ်အဖြစ် စတင်ခဲ့တယ်။ စာရွက်အချောနဲ့ ထုတ်တဲ့ ဖက်ရှင်နဲ့ ကော့စမက်တစ် မဂ္ဂဇင်းတွေအတွက် ရိုက်တဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ သူက အမျိုးသမီး အတွင်းခံ သီးသန့် လုပ်ကိုင်တဲ့ Victorias Secret ရဲ့ supermodel တစ်ဦးလည်း ဖြစ်ပါတယ်။

Georgia fowel

Georgia fowel 3

Georgia fowel 2

Read 1111 times
Rate this item
(0 votes)