ဥရောပဈေးကွက်တွင် ဝယ်လိုအားကျဆင်းခြင်းကြောင့် နှစ်လအတွင်း မြန်မာနိုင်ငံ၏အထည်အလိပ်တင်ပို့မှုမှာ ထက်ဝက်ကျဆင်းသွား ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရပါတယ်။ ၎င်းထုန်ပြန်ချက်အရ cut-make-pack (CMP) အထည်ချုပ်တင်ပို့မှုမှာ အောက်တိုဘာလတွင် ဒေါ်လာ ၂၁၄ သန်း တန်ဖိုးရှိကြောင်း သိရပြီး ၂၀၂၀-၂၀၂၁ နိုဝင်ဘာလ ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးဘဏ္ဍာရေးနှစ်ကာလအတွင်း ကိန်းဂဏန်းများမှာ ဒေါ်လာ သန်း ၄၅၀မှ ကျဆင်းခဲ့ပါတယ်။
ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကျဆင်းနေချိန်တွင် မြန်မာနိုင်ငံရှိ CMP အထည်ချုပ်လုပ်ငန်းမှာ Coronavirus ၏ဆိုးကျိုးများကြောင့်အကြီးအကျယ်ထိခိုက်ခဲ့ရပါတယ်။ ဥရောပတွင် COVID-19 ကာကွယ်ဆေး အောင်မြင်ပြီးနောက် အထည်ချုပ်လုပ်ငန်းများပြန်လည်ကောင်းမွန်လာမည်ဟု မြန်မာ့အထည်ချုပ်ထုတ်လုပ်သူများအသင်းမှ မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍသည် အဝတ်အထည်နှင့်အထည်အလိပ်တွင် အဓိကအားဖြင့် ဖြတ်တောက်ခြင်း၊ ထုတ်လုပ်ခြင်းနှင့်ထုပ်ပိုးခြင်းအပေါ်တွင် အဓိကထားပြီး ၎င်းသည် တိုင်းပြည်၏ဂျီဒီပီကိုအတိုင်းအတာတစ်ခုအထိ အထောက်အကူပြုပါတယ်။
Coronavirus ဖြစ်ပွားမှုအပြီးတွင် supply chain ပြတ်တောက်ခြင်းနှင့် ဖောက်သည်များ၏အမှာစာများကို ပယ်ဖျက်ခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာအထည်အလိပ်လုပ်ငန်းကို ထိခိုက်စေခဲ့တယ်။ အလားတူစွာမြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးသည့် CMP အထည်ချုပ်လုပ်ငန်းမှာ ဥရောပနိုင်ငံများမှအမှာစာများပယ်ဖျက်ခြင်းနှင့် ကူးစက်ရောဂါများကြား အနောက်နိုင်ငံများမှကုန်သွယ်မှုကို ဆိုင်းငံ့ခြင်းတို့ကြောင့် အကျဘက်သို့ ဦးတည်နေပါတယ်။
ဂျပန်နိုင်ငံသည် မြန်မာအဝတ်အထည်အတွက်အကြီးဆုံးဈေးကွက်ဖြစ်ပြီး ဥရောပသမဂ္ဂနောက်တွင် ရှိနေတာ ဖြစ်ပါတယ်။
By Myanmar Textile & Garment Guide
Ref: fibre2fashion.com