What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ ဧပြီ ၃၀ ရက်အထိ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ပါက အရေးယူမည်ဟုဆို

ရန်ကုန်ရှိလုပ်ငန်းခွင်များတွင် COVID-19 ကာကွယ်ရေးသတ်မှတ်ချက်များ လိုက်နာခြင်းရှိ၊ မရှိ စစ်ဆေးရေးအဖွဲ့ ၇၀ ခန့်ဖြင့် စစ်ဆေးမည်

စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ ဧပြီ ၃၀ ရက်အ ထိ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ပါက အရေးယူသွားမည်ဟု အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးညွန့်ဝင်းက ပြောသည်။


COVID-19 ရောဂါ ကာ ကွယ်ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံ ပြုချက်၊ သတ်မှတ်ချက်များ လိုက်နာမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ပြီး ယင်းအချက်များ လိုက် နာခြင်းရှိ၊ မရှိကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ စစ်ဆေးသွားမည် ဟု အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဧပြီ ၁၉ ရက် ညတွင် ကြေညာထားသည်။

အဆိုပါ ကြေညာချက်အရ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန များမှာ စစ်ဆေးမှုမခံယူရသေးခင် အထိ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိဘဲ ဖွင့်လှစ်မည်ဆိုပါက အပြစ်ပေး အရေးယူခံရမည်ဟု ဦးညွန့်ဝင်း ကဆိုသည်။


‘‘တစ်ရက်ဖွင့်ရင်တစ်ရက် စာ အရေးယူခံရမှာပေါ့ဗျာ။ မဖွင့် ပါနဲ့လို့ပြောတာကို ဖွင့်တယ်ဆို ကတည်းက အမိန့်ကို နားမ ထောင်ရင် နားမထောင်သလို တော့ အပြစ်ပေးမှု၊ အရေးယူမှု တွေ နောက်ကလိုက်လာမှာပေါ့’’ ဟု ၎င်းကပြောသည်။

ထိုသို့ စစ်ဆေးခြင်းလုပ်ငန်း ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှု ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အ လိုက် အဖွဲ့များခွဲ၍ ဆောင်ရွက် ရန်ပြင်ဆင်ထားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများကို ဧပြီ ၃၀ ရက် အတွင်း အပြီးစစ် ဆေးသွားရမည်ဖြစ်သည့်အတွက် အချိန်လုံလောက်ရန်နှင့် လုပ်ငန်း အားလုံးစစ်ဆေးနိုင်ရန် စစ်ဆေး ရေးအဖွဲ့အင်အား လိုအပ်သလို တိုးမြှင့်သွားမည်ဟု ဦးညွန့်ဝင်း ကဆိုသည်။

‘‘လုပ်ရင်းကိုင်ရင်းနဲ့ထပ်ပြီး လိုလာရင် အင်အား ဒီထက်မက ထုတ်ပြီး လုပ်မယ်လို့တော့ အစည်းအဝေးမှာ ညှိနှိုင်းထားပါ တယ်။ ရန်ကုန်တိုင်းကို အဖွဲ့၆၀၊ ၇၀နဲ့ ဖွဲ့စည်းပြီးလုပ်မှာပါ။ သက် ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေက သူ့အပိုင်အလိုက် မြေပုံဆွဲပြီး အစဉ်လိုက် စစ်ဆေးမှာဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

ထိုသို့ စစ်ဆေးမှုပြုလုပ်ရာ တွင် ဆေးဝါးစက်ရုံများ၊ စား သောက်ကုန်ထုတ်လုပ်ရေးစက်ရုံ များ၊ ကျန်းမာရေးလိုအပ်ချက်နှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန်အသင့်ဖြစ် နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ တစ်ထောင်နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများ၊ အခြားစက် ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ဦးစားပေးအစီအစဉ်အတိုင်း စစ် ဆေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ယင်းစက်ရုံ၊ အလုပ်ရုံများ အနေဖြင့် ကျန်းမာရေးဆိုင်ရာကြို တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ စစ် ဆေးမှု ပြုလုပ်ပြီးမှ ဖွင့်လှစ်ရ မည်ဆိုသော်လည်း စက်ရုံအချို့ မှာ ဧပြီ ၂၀ ရက် (ယမန်နေ့) က ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ စက်ရုံများ ပြန်ဖွင့်ခဲ့၍ လုပ် သားအင်အား အလုံးအရင်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်မူများ ကြောင့် COVID-19 ရောဂါ ကူး စက်ပြန့်ပွားနိုင်သည်ဟု ဆိုကာ ဝေဖန်မှုများမြင့်တက်ခဲ့ သည်။

‘‘အလုပ်သမားတွေက အ လုပ်ပြုတ်မှာကြောက်လို့ဆင်းကြ ရတယ်။ တစ်ဖက်ကရောဂါကူး စက်မှာကို စိုးရိမ်ရသေးတယ်။ ဒါကြောင့် သူတို့အနေနဲ့မဆင်းချင် ကြဘူး။ အဲဒီအတွက်တစ်နေ့လုံး တိုင်ကြားမူတွေတက်နေတယ်’’ ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) မှ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောသည်။

‘‘အလုပ်ဆင်းတော့လည်း တစ်ယောက်ကိုတစ်ယောက် သံ သယနဲ့ကြည့်နေရတဲ့အခြေအနေ ဖြစ်နေတယ်။ အခုတော့ အလုပ် က ပြန်ပိတ်ပေးမယ်ဆိုတော့ စိတ် သက်သာရတော့ရတယ်’’ ဟု ယမန်နေ့က အလုပ်ဆင်းခဲ့ရသည့် အထည်ချုပ်စက်ရုံလုပ်သား မသီ တာလင်းက ပြောသည်။

အစိုးရအနေဖြင့် စက်ရုံများ ပိတ်ထားရန် ကြိုတင်အသိပေး ခြင်းမရှိဘဲ နှစ်သစ်ကူးရုံးပိတ်ရက် ၏ နောက်ဆုံးနေ့ ညမှသာ ညွှန် ကြားချက်ထုတ်ပြန်ခြင်း၊ ကြေ ညာချက်မှာလည်း ရှင်းလင်းမှုမရှိ ခြင်းတို့ကြောင့် စက်ရုံဖွင့်လှစ်မှု များရှိခဲ့ခြင်းဖြစ်သည်ဟု စောင့် ကြည့်လေ့လာသူများက ဆို သည်။

အချို့စက်ရုံများမှာ ညွှန် ကြားချက်ကြိုတင်မရရှိ၍ ဖွင့်လှစ် ရန် ပြင်ဆင်ထားပြီးဖြစ်သော ကြောင့် ဧပြီ ၂၀ ရက်တွင် ဖွင့် လှစ်ခဲ့သော်လည်း ယင်းနေ့ နံနက် ပိုင်း၌ပင် အလုပ်သမားများအား ပြန်လွှတ်၍ စက်ရုံပိတ်ပေးခဲ့ ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

‘‘မဖွင့်ရဘူးဆို မဖွင့်ရဘူး ရှင်းရှင်းလင်းလင်း ကြိုကြေညာ ထားရင် ဘယ်စက်ရုံကဖွင့်ရဲမှာ လဲ။ ထုတ်ပြန်ချက်တွေက လိုရင်း မသိရ၊ နောက်ကျနဲ့ဆိုတော့ အ လုပ်ရှင်တွေလည်း ကြားညှပ်ရ တာပေါ့’’ဟု လှိုင်သာယာစက်မှု ဇုန်မှ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

နိုင်ငံတော်အနေဖြင့် ကြေ ညာချက်ထုတ်ပြန်ရန် အဆင့်ဆင့် စိစစ်မှုများ ပြုလုပ်ရခြင်းကြောင့် ထုတ်ပြန်ချိန် နောက်ကျရခြင်း ဖြစ်သည်ဟု ဦးညွန့်ဝင်းက ဆို သည်။

စက်ရုံများမှာ လုပ်သားအင် အားများစွာဖြင့် လုပ်ကိုင်နေရ ခြင်းကြောင့် COVID-19 ရောဂါ ထိန်းချုပ်မှု ပြုလုပ်နိုင်ရေး ဧပြီလ ကုန်အထိ ပိတ်ထားပေးရန် အ လုပ်သမား အဖွဲ့အစည်းများက သြင်္ကန်ပိတ်ရက်အတွင်း တောက် လျှောက် တောင်းဆိုခဲ့ကြပြီး ယခု ကဲ့သို့ ကျန်းမာရေးဆိုင်ရာစစ် ဆေးမှုများပြုလုပ်ပြီးမှသာ ဖွင့် လှစ်ခွင့်ပြုမည်ဆိုသည့် ကြေညာ အပေါ် ကန့်ကွက်ရန်မရှိသော် လည်း မှန်မှန်ကန်ကန် စစ်ဆေး ရန်မျှော်လင့်ကြောင်း အလုပ် သမားခေါင်းဆောင်အချို့ကဆို သည်။

‘‘ဘယ်လောက် သမာသ မတ်ကျနိုင်မလဲဆိုတာ စောင့် ကြည့်ရမယ်’’ ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်း အောင်က ပြောသည်။

7day.news

Read 871 times
Rate this item
(0 votes)