What's new

×

Warning

JUser: :_load: Unable to load user with ID: 845


MYPOD စီမံကိန်းစတင်

မြန်မာအထည့်ချုပ်ကဏ္ဍ လုပ်းငန်းပတ်ဝန်းကျင် သာယာအဆင်ပြေရေးကို တိုးတက်ကောင်းမွန်ဖို့ ဦးတည်ချက် ထားရှိတဲ့ MYPOD ကို စတင်လိုက်ကြောင်း သိရပါတယ်။

ဒိန်းမတ်နိုင်ငံမှ Danish Market Development Partnerships Fund မှ အထောက်အပံ့ဖြင့် သုံးနှစ်ကြာ စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဖို့ ယခုလို အစပြုလိုက်တာ ဖြစ်ပါတယ်။ အလုပ်အကိုင်များ ပိုမိုဖြစ်ထွန်းရေး၊ တန်ဖိုး ဖြည့်ထည့်ခြင်းများ မြှင့်တင်ရေး၊ ကုန်ထုတ်စွမ်းအား ပိုမိုကောင်းမွန်ရေး၊ လူမှုရေးရာများ ဖြေရှင်းပေးရေး အစရှိသည်တို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမည့် စီမံကိန်းလို့ ဆိုပါတယ်။

ဒီစီမံကိန်းမှာ Danish Ethical Trading Initiative ဒိန်းမတ်မှ အလုပ်သမားသမဂ္ဂ၊ Holch Povlsen မိသားစုပိုင် ဒိန်းမတ်ဖက်ရှင်ကုမ္ပဏီ BESTSELLER ၊ Aalborg University အစရှိတဲ့ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှ SMART Myanmar ၊ Yangon Technological University အလုပ်သမားသမဂ္ဂများ၊ Industrial Workers Federation of Myanmar (IWFM) တို့ ပူးပေါင်း ပါဝင်ထားတယ်လို့ သိရပါတယ်။
Bestseller အမှတ်တံဆိပ်အပါအ၀င် အနောက်တိုင်း အမှတ်တံဆိပ်တွေကို ချုပ်လုပ်ထုတ်လုပ်ပေးနေတဲ့
အထည်ချုပ် စက်ရုံ ၁၂ ရုံ မှာ ဆောင်ရွက်မယ့် MYPOD ဟာ ထိရောက်အကျိုးရှိစွာ လုပ်ကိုင်ခြင်း၊ အရည် အသွေး၊ လုပ်ငန်းခွင့်အခြေအနေတွေကို ကုန်ထုတ်လုပ်မှုအပိုင်းမှာ တိုးတက်ကောင်းမွန်စေမယ်။ လူမှုရေးရာများ၊ အလုပ်သမား အခွင့်အရေးများကို ပိုမို အသိအမှတ်ပြုစေမယ်လို့ သိရပါတယ်။

Read 1108 times
Rate this item
(0 votes)