What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၄၂ ရုံ ပိတ်ခဲ့ပြီး အလုပ်သမားလေးသောင်းကျော် အလုပ်လက်မဲ့ဖြစ်

CMP စနစ်ဖြင့်ကုန်ကြမ်းများကို ပြည်ပမှတင်သွင်း၍ ချုပ်လုပ်လျက်ရှိသည့် အထည်ချုပ်စက်ရုံများအနက် ကိုဗစ်ကာလအတွင်း အထည်ချုပ်စက်ရုံ ၄၂ ရုံအပြီးပိတ်သိမ်းခဲ့ပြီး အလုပ်သမားလေးသောင်းကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

"အလုပ်သမားဝန်ကြီးဌာနရဲ့နောက်ဆုံးစာရင်းအရဆို သူတို့ရဲ့စက်ရုံ၊ စက်ရုံဆိုတာမှာအထည်ချုပ်တစ်ခုထဲမဟုတ်၊ ဖိနပ်တို့ အိတ်တို့ရောပေါ့ ပိတ်သိမ်းစာရင်းက ၆၄ ရုံ၊ အလုပ်လျှော့တဲ့စာရင်းကနှစ်သောင်းခွဲဝန်းကျင်ရှိပါတယ်။ဒါပေမဲ့ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းကလျော်ကြေးပေးပြီး အပြီးအပိုင်ပိတ်တဲ့စာရင်းသာဖြစ်ပါတယ်။ တကယ်လို့ စက်ရုံတစ်ရုံကလျော်ကြေးပေးတဲ့လမ်းကြောင်းထဲမှာရှိနေမယ် ။ သူတို့ကိုလည်း ပိတ်ဖို့ သတင်းပေးထားတဲ့စက်ရုံတွေတောင် မပါပါဘူး။ အလုပ်သမားစာရင်းဆိုလည်း လျော်ကြေးပေးပြီးသား စာရင်းသာထုတ်ပြန်တာဖြစ်တဲ့အတွက် ပိတ်ပြီးလျော်ကြေးမရှင်းရသေးတဲ့ အလုပ်သမားစာရင်း မပါပါဘူး။ မြန်ကူက စာရင်းအရ ပထမလှိုင်းအပြီးမှာ အလုပ်ရုံ စက်ရုံ ၁၀၆ ရုံနဲ့ အလုပ်သမားလေးသောင်းခွဲလောက်ကို အထောက်အပံ့ပေးထားပါတယ်။ကျွန်မနားလည်သလောက်စက်ရုံပေါင်း ၃၀၀ ကျော် မှာအလုပ်သမား ငါးသောင်း ကျော်ကိုသူတို့ပေးပြီးပါပြီ။

 

စာရင်းအတိအကျကတော့ မကြာခင်သူတို့ထုတ်ပြန်မှာပါ။သူတို့ကယာယီပိတ် အပြီးပိတ်တာ ကိုယ်ဝန်ဆောင်တဲ့သူတွေလည်းပေးတာရှိတော့ အားလုံးစုစည်းပြီးပြန်ချိန်ရမှာရယ်၊ အဖွဲ့ဝင်စက်ရုံတွေဆီကကောက်ခံတဲ့စာရင်းအရတွေရယ် ကျွန်မတို့မန်ဘာ ၆၀၀ ကျော်မှာ စက်ရုံက ငါးရာ မပြည့်ပါဘူး။မန်ဘာထဲမှာကဒီဇိုင်နာတွေ၊ ပိတ်ရောင်းတဲ့ရုံတွေ၊ ပန်းထိုးရုံတွေလည်းပါတယ်။စက်ရုံ ၅၃၄ ကအိတ်စပို့ အင်ပို့ပေါ့။ပြည်တွင်စက်ရုံကတော့၄၀ရှိပါတယ်။ အဲ့ဒီမှာအကြောင်းပြန်လာတာက ၃၆၆ ရုံပြန်ကြားပါတယ်။ဒီစာရင်းအရဆို ၄၂ ရုံကလုံးဝပိတ်သိမ်းသွားပြီဖြစ်ပါတယ်။ခုနကျန်တဲ့ရုံသုံးရာလောက်မှာ ပိတ်သိမ်းစာရင်းဘယ်လောက်လဲ စုံစမ်းနေတုန်းပါ။ ပိတ်တဲ့အထဲမှာ အလုပ်သမားတစ်ရာနဲ့သုံးရာဘယ်နှစ်ရုံ သုံးရာနဲ့တစ်ထောင် ဘယ်နှစ်ရုံလဲဆိုတာမျိုးတွေမှာ သုံးရာနဲ့တစ်ထောင်ကြား များပါတယ်။ အလုပ်သမား သုံးလေးထောင်ပိတ်တဲ့ရုံတွေလည်း ရှိတဲ့အတွက် ပိတ်တဲ့ရုံ ၄၂ရုံရဲ့အလုပ်သမားက မရှိဘူးဆို လေးသောင်းအထက်မှာရှိတယ်လို့တွက်ထားပါတယ်။နောက်ဆုံးတွက်ထားတဲ့အနေအထားပါ"လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်ကပြောပါတယ်။

 

CMP လုပ်ငန်းများ၏ အဓိကဈေးကွက် မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံချင်းအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန် အပါအဝင် အခြားနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပါတယ်။

 

"ဒီကာလမှာ ကုန်ကြမ်းပြတ်လပ်သွားတဲ့အလုပ်ရုံတွေ ကုန်ချောတင်ပို့တဲ့နိုင်ငံတွေရဲ့စီးပွားရေးအခက်အခဲကြောင့်အမှာစာရပ်သွားရတဲ့စက်ရုံတွေ အပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ပိတ်သွားတဲ့အလုပ်ရုံစက်ရုံတွေရှိပါတယ်။ဒါပေမဲ့ကျွန်မတို့အဖွဲ့ဝင်မဟုတ်တဲ့ အလုပ်ရုံ စက်ရုံတွေရဲ့စာရင်းကိုကျွန်မတို့မရနိုင်ပါဘူး"လို့ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။ မြန်မာအထည်ချုပ်ဈေးကွက်သည် ကုန်ကြမ်းယူ၍ ကုန်ချောပြန်ပို့သော CMP လက်ခစားဈေးကွက်သာဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများသော Free on Board (FOB), Own Design Manufacturing (ODM), Own Business Manufacturing (OBM) စာချုပ် အမျိုးအစားများနှင့် လုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း သိရပါတယ်။

 

#MyanmarLabourNews

Read 842 times
Rate this item
(0 votes)