What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တောင်းဆိုသည့်အချက်အများစု သဘောတူမှုရသဖြင့် ပုလဲအထည်ချုပ်အလုပ်သမားများ အလုပ်ပြန်ဆင်း

 အခြေခံလုပ်ခလစာတစ်ရက်ကျပ် ၄,၈၀၀ ပေးရန်၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ဝန်ထမ်းကြေး၊ target ကြေးပေးရန် ဆန္ဒပြနေစဉ် လုပ်ခလစာမဖြတ်တောက်ရန်နှင့် သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်း များကိုလည်း ရက်မှန်ကြေးခံစား ခွင့်ပေးရန် တောင်းဆိုချက် ခြောက်ချက်ရရှိရေး အထည်ချုပ် အလုပ်သမားများက လှိုင်သာယာမြို့နယ် ပုလဲအထည်ချုပ်စက်ရုံ ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ သည်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည့် စက်ရုံမှာ လှိုင်သာယာစက်မှုဇုန် ကျန်စစ်သားလမ်း၌ တည်ရှိပြီး စက်ရုံရှေ့တွင် မေ ၁၀ ရက်မှစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် တို့ မေ ၁၀ ရက်ကတည်းက ဆန္ဒပြတာပါ။ ဒီနေ့မှာတော့ စက်ရုံထဲမှာ အလုပ်သမား၇၀ လောက်ရှိတယ်။ အပြင်ကဆန္ဒပြတဲ့  အလုပ်သမားတွေကတော့ ဒီနေ့ညနေပိုင်းက စပြတာပါ။အထဲမှာကတော့ ဒီနေ့မှ ပိတ်မိတာပါ။ အဓိကတော့ တစ်နေ့လုပ်ခ ၄၈၀၀ အပါအ၀င် အလုပ်သမားအခွင့်အရေး ခြောက်ချက်ကို တောင်းဆို
ထားတယ်။ မနက်ဖြန် တစ်နေကုန် အပြီးသတ်ညှိနှိုင်းဖို့ ပြောထားပါတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း မေလ ၁၈ ရက် ရက်စွဲဖြင့် Eleven News တွင် သတင်းဖော်ပြခဲ့သည်။

ထိုသို့ စက်ရုံရှေ့တွင် အလုပ်သမားအချို့က ဆန္ဒထုတ်ဖော်လျက်ရှိသဖြင့် ကျန်ရှိသည့် အလုပ်သမားအချို့မှာ စက်ရုံအတွင်း ပိတ်မိနေခဲ့သည်။

မေလ ၂၅ ရက်က ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အဆိုပါစက်ရုံအလုပ်ရှင်၊ အလုပ် သမားအငြင်းပွားမှုနှင့်ပတ်သက် ၍ တွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က စက်ရုံရှေ့ ပိတ်ဆို့ပြီး ဆန္ဒပြခြင်းသည် ဥပဒေနှင့်မညီသဖြင့် ဖယ်ရှားပေးရန် အလုပ်သမားများအား သတိပေးပြောကြားသည်ဟု 7Day Daily သတင်းတွင် ဖော်ပြထားသည်။ အဆိုပါသတင်းတွင် ပြေလည်မှု ရရှိသွားကြောင်းကိုလည်း ဖော်ပြထားသည်။

တောင်းဆိုသည့်အချက်ခြောက်ချက်အနက် ငါးချက်ကို မေလ ၂၆ ရက်တွင်စက်ရုံ တာဝန်ရှိသူများနှင့် အလုပ်သမားခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် စက်ရုံရှေ့၌ ဆန္ဒပြခြင်းရပ်ဆိုင်းပြီး အလုပ်ပြန်ဆင်းရန် စီစဉ်ခြင်းဖြစ်ကြောင်း ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် ကိုထွန်းနိုင်ဦးက ပြောသည်။

တောင်းဆိုချက် ခြောက် ချက်အနက် မိမိတို့ချုပ်လုပ်သည့် အထည်တစ်ထည်ချင်းအပေါ် လုပ်ခတွက်ချက်ပေးသည့်စနစ် ကို ပြောင်းလဲကျင့်သုံးပေးရန် တောင်းဆိုမှု(target ကြေး) ပေးရန်အချက်တစ်ချက်သာ ညှိ နှိုင်းရန်ကျန်ရှိတော့ကြောင်း ၎င်း က ပြောသည်။

အဆိုပါ target ကြေးပေး မည့်စနစ်ကို သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများ၊ စက်ရုံတာဝန်ရှိ သူနှင့် အလုပ်သမားဘက်မှကိုယ် စားလှယ်များ ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေ မည့်နည်းလမ်းဖြင့် ဆောင်ရွက် မည်ဟု ပုလဲအထည်ချုပ်စက်ရုံ မန်နေဂျာကပြောသည်။

‘‘အလုပ်သမားတွေက ဆန္ဒ ပြတဲ့ကာလမှာ လုပ်ခလစာလိုချင် တယ်။ အနည်းဆုံးဖြစ်နိုင်ရင် သုံး ရက်စာလောက်လိုချင်တယ်ဆို တော့ အလုပ်ရှင်နဲ့ညှိနှိုင်းပေး တယ်။ အလုပ်ရှင်ကလည်း ဆုံး​ ရှုံးတာများတဲ့အတွက် မပေးနိုင် ဘူး။ ကရုဏာကြေးပေးမယ်ဆို တော့ အလုပ်သမားတွေက မယူ တော့ဘူး။ ဒီအတိုင်းပဲ အလုပ်ပြန် ဆင်းတော့မယ်လို့ ပြောတယ်’’ ဟု ၎င်းကဆိုသည်။

Read 739 times
Rate this item
(0 votes)