What's new

×

Warning

JUser: :_load: Unable to load user with ID: 845


YOUNG CLOTHING LIMITED GARMENT MANUFACTURER စက်ရုံပိတ်သိမ်းကြောင်းကြေညာ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း ၊ အမှတ် (၁၀၂/၂/၁၁) တွင်ရှိသော Young Oothing Limited အထည်ချုပ်စက်ရုံသည် ကုန်ကြမ်းများ မရခြင်း၊ ဝယ်လက်များထံမှ အမှာစာ မရရှိခြင်းတို့ကြောင့် စက်ရုံပိတ်သိမ်းပါကြောင်း အသိပေးကြေညာထားပါသည်။

 

young_2.jpg

၁။ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် ၊ ဗန်းမော်အတွင်းဝန်လမ်း ၊ အမှတ် (၁၀၂/၂/၁၁) တွင်ရှိသော Young Oothing Limited အထည်ချုပ်စက်ရုံသည် CMP စနစ်ဖြင့် လည်ပတ်နေသော စက်ရုံဖြစ်ပါသည်။ ။ ယခုအခါ covid-19 ဟူကပ်ရောဂါကြောင့် မိမိတို့ အထည်ချုပ်စက်ရုံသည်ကုန်ကြမ်းများမရရှိခြင်း၊ ဝယ်သူများ ဘက်မှ အမှာစာများမရရှိခြင်းတို့ကြောင့် စက်ရုံမှာဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့သည့်အခြေအနေများနှင့် ရင်ဆိုင်နေရပါသည်။

 

Young_1.jpg

၂။ ထို့ကြောင့် စက်ရုံအုပ်ချုပ်စီမံခန့်ခွဲရေးရုံးချုပ်မှ စက်ရုံအား (၁၅.၁၀.၂၀၂၀)ရက်နေ့တွင် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။

 

၃။ ဝန်ထမ်းများအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့မှစ၍ အလုပ်ဆင်းရန်မလိုဘဲအလုပ်အကိုင် ၊ ရှာဖွေနိုင်ရန် အတွက် နို့တစ် တစ်လအဖြစ် အသိပေးအကြောင်းကြားအပ်ပါသည်။

 

၄။ ယခုလ အတွင်းအလုပ်ဆင်းခဲ့သော လုပ်ခလစာများအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ လစာထုတ်ပေးမည်ဖြစ်ပါသည်။ 

 

၅။ ပေးရန်ကျန်ရှိသည့် နစ်နာကြေး၊ လုပ်ခကျန်ငွေများအား အစိုးရသတ်မှတ်ချက်ရက်အတိုင်း ပေးချေမည့်နေ့ တွင် ပေးချေမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Read 1178 times
Rate this item
(0 votes)