What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူမှုဖူလုံရေးlအာမခံအလုပ်သမားများ Covid-19ရောဂါကြောင့်Quarantine ဝင်ရပါက လူမှုဖူလုံရေးထောက်ပံ့ကြေးတောင်းခံနိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာလက်အောက်ရှိလူမှုလုံရေးအဖွဲ့တွင် လူမှုဖူလုံရေးlအာမခံအလုပ်သမားအဖြစ်အဖွဲ့ဝင်ထားသူများအနေဖြင့်

Covid-19 ရောဂါနှင့်စပ်လျဉ်း၍ Quarantine ဝင်ရောက်ရပါကသက်ဆိုင်မြို့နယ်များတွင်ရှိသည့် လူမှုဖူလုံရေးအဖွဲ့ထံကျန်းမာရေးထောက်ပံ့စရိတ်တောင်းခံနိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှလက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပြသိရသည်။

 

"လူမှုဖူလုံရေးlအာမခံအလုပ်သမားများအနေနဲ့Covid ရောဂါနဲ့ပတ်သက်ပြီးသက်ဆိုင်ရာညွှန်ကြားချက်နဲ့Quarantine ဝင်ရပါကညွှန်ကြားစာအထောက်အထားကိုပြပြီးလူမှုဖူလုံရေးအဖွဲ့ထံကျန်းမာရေးထောက်ပံ့စရိတ်တောင်းခံနိုင်ပြီးအမိန့်ကြော်ငြါစာအမှတ်၁၁/၂၀၂၀နဲ့ အလုပ်သမားl လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကနေတရားဝင်စာထွက်ပြီးဖြစ်ပါတယ် သတ်မှတ်ချက်အနေနဲ့အာမခံထည့်ဝင်ကြေးကိုမှတ်ပုံတင်ကာလ(၆)လနဲ့ထည့်ဝင်ကြေးကာလ(၄)လရှိဖို့လိုပါမယ်သတ်မှတ်ချက်ပြည့်မီရင် လစာရဲ့ပျမ်းမျှ( ၆၀ )ရာခိုင်နှုန်းကိုကျန်းမာရေးထောက်ပံ့ငွေအဖြစ်ပြန်လည်ရရှိမှာဖြစ်ပါတယ် " ဟု ၎င်းကပင်ပြောပြသိရသည်။

 

#ဗဇော်

Writer&reporter

Read 668 times
Rate this item
(0 votes)