What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်ငန်းရှင်များ စီးပွားရေးပိတ်ဆို့မှုများ ဖြစ်လာမည်ကို စိုးရိမ်

နိုင်ငံရေးဖိအားများ ကြောင့် မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှု ဖြစ်လာမည်ကို လုပ်သားအခြေပြု အထည်ချုပ်လုပ်ငန်းရှင်များက စိုးရိမ်နေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ပြောသည်။

လက်ခစားစနစ်ဖြင့် ပြည်ပ ချုပ်ထည်တင်ပို့မှု နှစ်ဆခန့် တိုး တက်သော်လည်း ရခိုင်ပြည်နယ် ပြဿနာနှင့် ဆက်စပ်ပြီး စီးပွား ရေးပိတ်ဆို့ပါက အထည်ချုပ်လုပ်ငန်းများကိုပါ ရိုက်ခတ်ပြီးဈေးကွက်ဆုံးရှုံးမည်ကို လုပ်ငန်းရှင်များက စိုးရိမ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၀၃ နောက်ပိုင်း အမေရိ ကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ကြောင့် အကျပ်အတည်း ကြီးမားခဲ့သော အထည်ချုပ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန် အားယူနေချိန်တွင် ပိတ်ဆို့မှုနှင့် ပြန်လည်ကြုံတွေ့မည့်အရေး မလိုလားကြောင်း လှိုင်သာယာစက်မှုဇုန်(၄)မှ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ပြည်တွင်းနိုင်ငံရေး အခြေ အနေကြောင့် အခွန်သက်သာခွင့် (ဂျီအက်စ်ပီ အခွင့်အရေး) ဆုံးရှုံး ပြီး ပိတ်ဆို့မှုများ ကြုံတွေ့လာပါ က အလုပ်သမားများ အလုပ်အ ကိုင်အခွင့်အလမ်း ဆုံးရှုံးလာနိုင် သည်ဟု ဦးမြင့်စိုးက ပြောသည်။
‘‘စိတ်လွတ်လက်လွတ် အားထည့်ပြီး လုပ်လို့မရသေးတဲ့ အခြေအနေမျိုး ဖြစ်နေတယ်’’ ဟု လက်ရှိအထည်ချုပ်လုပ်ငန်းများ ကြုံတွေ့နေရသည့်အခြေအနေ ကို ဦးမြင့်စိုးက ပြောသည်။
မြန်မာနိုင်ငံတွင် လူငါးသိန်းကျော်ကို အလုပ်အကိုင်ဖန်တီးပေးထားသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ဥရောပသမဂ္ဂအ ဖွဲ့ဝင်နိုင်ငံများ၏ အခွန်သက်သာခွင့် အခွင့်အရေးကို ၂၀၁၃ ၌ ပြန်လည်ရရှိပြီးနောက် ပြည်ပချုပ် ထည်တင်ပို့မှု ကဏ္ဍတိုးတက်မှုများ ဆက်တိုက်ရရှိလာသည်။
စီးပွားရေးပိတ်ဆို့မှုများ ကြုံ တွေ့ခဲ့ရသည့်ကာလတွင် ပြည်ပ ချုပ်ထည်တင်ပို့မှုမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၂၀၀ မှ ၃၀၀ အတွင်းရရှိခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပြီးနောက် ၂၀၁၅ တွင် ပြည်ပချုပ်ထည်တင် ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီ လီယံကျော် ရရှိခဲ့သည်။
ထို့နောက် ဒီချုပ်အစိုးရ လက်ထက်တွင် ပြည်ပချုပ်ထည် တင်ပို့မှု ဆက်တိုက်မြင့်တက်လာ ပြီး ၂၀၁၇ ၌ ပြည်ပချုပ်ထည် တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရရှိကာ ၂၀၁၈ တွင် ၂၀ ရာခိုင်နှုန်း ထပ်မံတိုးမြင့်မည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များ အသင်းက ခန့်မှန်းထား သည်။
လက်ရှိ ချုပ်ထည်တင်ပို့မှု မြင့်တက်ရခြင်းသည် အမှာရရှိ ခြင်းထက် အထည်ချုပ်စက်ရုံများ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာခြင်း ကြောင့် ဖြစ်သည်ဟု ဦးမြင့်စိုးက ပြောသည်။
အီလက်ထရွန်နစ် နည်း ပညာကဏ္ဍ၊ ငွေကြေးကဏ္ဍ၊ ၀န် ဆောင်မှုကဏ္ဍတို့ကို တရုတ်အစိုး ရက အားပေးလာခြင်းကြောင့် လုပ်သားအခြေပြု အထည်ချုပ် စက်ရုံများ အိမ်နီးချင်းမြန်မာ နိုင်ငံသို့ ပြောင်းရွှေ့မှုများကြောင်း အထည်ချုပ်လုပ်ငန်းရှင်အချို့က ပြောသည်။
ထို့အပြင် အလုပ်သမားဆန္ဒ ပြမှုများ၊ အလုပ်ရှင်၊ အလုပ်သ မားပြဿနာများကြောင့် ကမ္ဘော ဒီးယားတွင် ပိတ်သိမ်းနေသည့် အထည်ချုပ်စက်ရုံအချို့ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်လာသည်ဟု ၎င်းတို့က ပြောသည်။

ချုပ်ထည်တင်ပို့မှု အီးယူ အဓိကကျ

 

Source:seven daily

Read 1024 times
Rate this item
(1 Vote)