What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နိုင်ငံ့ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများကို ချေးငွေထုတ်ပေးမည့် သတ်မှတ်ချက်ထုတ်ပြန်

အသေးစားငွေရေးကြေး ရေးအဖွဲ့များက နိုင်ငံ့ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများကို ချေးငွေ

ထုတ်ချေးနိုင်မည့်သတ်မှတ်ချက် များကို အစိုးရက ဧပြီ ၃၀ ရက် တွင် ထုတ်ပြန်သည်။

အသေးစား ငွေရေးကြေး ရေးလုပ်ငန်း ဥပဒေပုဒ်မ ၆၈ ပုဒ်မခွဲ (ခ)တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအရ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း များက နိုင်ငံ့ဝန်ထမ်းနှင့် ပြင်ပ ကုမ္ပဏီဝန်ထမ်းများအား ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို အသေး စားငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီက သတ် မှတ်ခဲ့ခြင်းဖြစ်သည်။

အသေးစား ငွေရေးကြေး ရေးအဖွဲ့အစည်းများသည် သတ် မှတ်ထားသော ချေးငွေအရွယ် အစား၊ အတိုးနှုန်း၊ ဝန်ဆောင်ခ အပါအဝင် ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ ချေးငွေထုတ် ချေးနိုင်မည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများနှင့်သက် ဆိုင်ရာ အသေးစားငွေရေးကြေး ရေး အဖွဲ့အစည်း၏ ဝန်ထမ်း မဟုတ်သော ပြင်ပကုမ္ပဏီဝန် ထမ်းများအား ချေးငွေထုတ်ချေး ရာတွင် ကြီးကြပ်ကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပြီး မှသာ ဆောင်ရွက်ရမည်ဖြစ် သည်။

အသေးစား ငွေရေးကြေး ရေးအဖွဲ့အစည်းများသည် ကုမ္ပ ဏီအတွင်းရှိ မိမိဝန်ထမ်းများအား ချေးငွေ ထုတ်ချေးရာတွင် ကြီး ကြပ်မှုကော်မတီသို့ တင်ပြအ တည်ပြုချက်ရယူရန် မလိုအပ် သော်လည်း ဆောင်ရွက်မည့်အစီ အစဉ်အား ငွေရေးကြေးရေးကြီး ကြပ်စစ်ဆေးရေး ဦးစီးဌာနသို့ ကြိုတင် အသိပေးရမည်ဖြစ် သည်။

နိုင်ငံ့ဝန်ထမ်းများအား ချေး ငွေထုတ်ချေးရာတွင် သက်ဆိုင် ရာဌာန၏ ထောက်ခံချက်၊အာမခံ ချက်ရယူခြင်း၊ သက်ဆိုင်ရာ ဝန် ထမ်းများ၏ လစာငွေမှ ပြန် လည်ဖြတ်တောက် ပေးသွင်းစေ ခြင်း၊ ပေးသွင်းမှုမရှိပါက သက် ဆိုင်ရာဌာန ဖိအားပေးဆောင် ရွက်စေခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ နှင့် နည်းဥပဒေများအရ ဝန်ထမ်း အား အရေးယူစေရန် တွန်းအား ပေးခြင်း စသည်တို့ကို ဆောင် ရွက်ခြင်းမပြုရဟု ဆိုသည်။

နိုင်ငံ့ဝန်ထမ်းများအား ချေး ငွေထုတ်ချေးမှုကို အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း များက ၎င်း၏ အသင်းဝင်များသို့ ချေးငွေထုတ်ချေးသကဲ့သို့ အ လားတူ မှတ်တူရမည်ဖြစ်ပြီးသက်ဆိုင်ရာအစိုးရဌာန အဖွဲ့အ စည်းနှင့် သက်ဆိုင်မှုမရှိစေရဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၉ အထိ မြန်မာတစ် နိုင်ငံလုံးအတိုင်းအတာအရ အ သေးစားငွေရေးကြေးရေး လုပ် ကိုင်ခွင့်ရကုမ္ပဏီနှင့် အဖွဲ့အစည်း ၂၀၀ ခန့်ရှိသည်။ အသေးစားငွေ ရေးကြေးရေးကုမ္ပဏီ အဖွဲ့အ စည်းများ၏ တစ်နှစ်အတွင်း လုပ် ငန်းမတည်ငွေသည် ကျပ် ၅၇၇ ဘီလီယံကျော်ရှိပြီး ထုတ်ချေးခဲ့ သည့်ပမာဏမှာ ကျပ်ဘီလီယံ ၃,၀၀၀ ကျော်အထိရှိခဲ့သည်။

7day.news

ႏိုင္ငံ့ဝန္ထမ္းႏွင့္ ကုမၸဏီဝန္ထမ္းမ်ားကို ေခ်းေငြထုတ္ေပးမည့္ သတ္မွတ္ခ်က္ထုတ္ျပန္

အေသးစားေငြေရးေၾကး ေရးအဖြဲ႕မ်ားက ႏိုင္ငံ့ဝန္ထမ္းႏွင့္ ကုမၸဏီဝန္ထမ္းမ်ားကို ေခ်းေငြ ထုတ္ေခ်းႏိုင္မည့္သတ္မွတ္ခ်က္ မ်ားကို အစိုးရက ဧၿပီ ၃၀ ရက္ တြင္ ထုတ္ျပန္သည္။

အေသးစား ေငြေရးေၾကး ေရးလုပ္ငန္း ဥပေဒပုဒ္မ ၆၈ ပုဒ္မခြဲ (ခ)တြင္ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္မ်ားအရ အေသးစား ေငြေရးေၾကးေရး အဖြဲ႕အစည္း မ်ားက ႏိုင္ငံ့ဝန္ထမ္းႏွင့္ ျပင္ပ ကုမၸဏီဝန္ထမ္းမ်ားအား ေခ်းေငြ ထုတ္ေခ်းရာတြင္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားကို အေသး စားေငြေရးေၾကးေရး လုပ္ငန္း ႀကီးၾကပ္မႈေကာ္မတီက သတ္ မွတ္ခဲ့ျခင္းျဖစ္သည္။

အေသးစား ေငြေရးေၾကး ေရးအဖြဲ႕အစည္းမ်ားသည္ သတ္ မွတ္ထားေသာ ေခ်းေငြအ႐ြယ္ အစား၊ အတိုးႏႈန္း၊ ဝန္ေဆာင္ခ အပါအဝင္ ႀကီးၾကပ္မႈေကာ္မတီမွ ထုတ္ျပန္ေသာ အမိန႔္၊ ၫႊန္ၾကား ခ်က္မ်ားႏွင့္အညီ ေခ်းေငြထုတ္ ေခ်းႏိုင္မည္ျဖစ္သည္။

ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္သက္ ဆိုင္ရာ အေသးစားေငြေရးေၾကး ေရး အဖြဲ႕အစည္း၏ ဝန္ထမ္း မဟုတ္ေသာ ျပင္ပကုမၸဏီဝန္ ထမ္းမ်ားအား ေခ်းေငြထုတ္ေခ်း ရာတြင္ ႀကီးၾကပ္ေကာ္မတီသို႔ တင္ျပအတည္ျပဳခ်က္ ရယူၿပီး မွသာ ေဆာင္႐ြက္ရမည္ျဖစ္ သည္။

အေသးစား ေငြေရးေၾကး ေရးအဖြဲ႕အစည္းမ်ားသည္ ကုမၸ ဏီအတြင္းရွိ မိမိဝန္ထမ္းမ်ားအား ေခ်းေငြ ထုတ္ေခ်းရာတြင္ ႀကီး ၾကပ္မႈေကာ္မတီသို႔ တင္ျပအ တည္ျပဳခ်က္ရယူရန္ မလိုအပ္ ေသာ္လည္း ေဆာင္႐ြက္မည့္အစီ အစဥ္အား ေငြေရးေၾကးေရးႀကီး ၾကပ္စစ္ေဆးေရး ဦးစီးဌာနသို႔ ႀကိဳတင္ အသိေပးရမည္ျဖစ္ သည္။

ႏိုင္ငံ့ဝန္ထမ္းမ်ားအား ေခ်း ေငြထုတ္ေခ်းရာတြင္ သက္ဆိုင္ ရာဌာန၏ ေထာက္ခံခ်က္၊အာမခံ ခ်က္ရယူျခင္း၊ သက္ဆိုင္ရာ ဝန္ ထမ္းမ်ား၏ လစာေငြမွ ျပန္ လည္ျဖတ္ေတာက္ ေပးသြင္းေစ ျခင္း၊ ေပးသြင္းမႈမရွိပါက သက္ ဆိုင္ရာဌာန ဖိအားေပးေဆာင္ ႐ြက္ေစျခင္း၊ ႏိုင္ငံ့ဝန္ထမ္းဥပေဒ ႏွင့္ နည္းဥပေဒမ်ားအရ ဝန္ထမ္း အား အေရးယူေစရန္ တြန္းအား ေပးျခင္း စသည္တို႔ကို ေဆာင္ ႐ြက္ျခင္းမျပဳရဟု ဆိုသည္။

ႏိုင္ငံ့ဝန္ထမ္းမ်ားအား ေခ်း ေငြထုတ္ေခ်းမႈကို အေသးစား ေငြေရးေၾကးေရး အဖြဲ႕အစည္း မ်ားက ၎၏ အသင္းဝင္မ်ားသို႔ ေခ်းေငြထုတ္ေခ်းသကဲ့သို႔ အ လားတူ မွတ္တူရမည္ျဖစ္ၿပီးသက္ဆိုင္ရာအစိုးရဌာန အဖြဲ႕အ စည္းႏွင့္ သက္ဆိုင္မႈမရွိေစရဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

၂၀၁၉ အထိ ျမန္မာတစ္ ႏိုင္ငံလုံးအတိုင္းအတာအရ အ ေသးစားေငြေရးေၾကးေရး လုပ္ ကိုင္ခြင့္ရကုမၸဏီႏွင့္ အဖြဲ႕အစည္း ၂၀၀ ခန႔္ရွိသည္။ အေသးစားေငြ ေရးေၾကးေရးကုမၸဏီ အဖြဲ႕အ စည္းမ်ား၏ တစ္ႏွစ္အတြင္း လုပ္ ငန္းမတည္ေငြသည္ က်ပ္ ၅၇၇ ဘီလီယံေက်ာ္ရွိၿပီး ထုတ္ေခ်းခဲ့ သည့္ပမာဏမွာ က်ပ္ဘီလီယံ ၃,၀၀၀ ေက်ာ္အထိရွိခဲ့သည္။

7day.news

Read 1043 times
Rate this item
(0 votes)