What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည္ခ်ဳပ္သမတုိ႔ရဲ႕ တစ္လစာ၀င္ေငြ

Zaw+Uni ရန္ကုန္ၿမိဳ႕ရဲ႕ အထည္ခ်ဳပ္လုပ္ငန္းမွာ က်င္လည္ေနၾကတဲ့ အထည္ခ်ဳပ္လုပ္သားေတြရဲ႕ ေယဘုယ်အားျဖင့္ လစာအေျခအေန ဘယ္လုိ ရွိသလဲ။

လစဥ္ေပးတဲ့ေငြပမာဏကုိ ဘယ္လုိတြက္ခ်က္သလဲ။ ဘယ္ေခါင္းစဥ္ေအာက္မွ ရတဲ့ဝင္ေငြကုိ အေလးအထားဆုံးလဲ။
သူတုိ႔ရဲ႕ အဓိကဝင္ေငြက လစဥ္ရတဲ့ေငြျဖစ္ၿပီး အေျခခံလစာ၊ အခ်ိန္ပုိလုပ္ခ၊ လုပ္ရည္ကုိင္ရည္အရ ေပးတဲ့ဆုေၾကး၊ အလုပ္ပ်က္ရက္ မရွိတဲ့အတြက္ ဆုေၾကးစတဲ့ ဆုေၾကးေတြ ပါဝင္ပါတယ္။ အဲဒါက သူတုိ႔ရဲ႕ လက္ထဲကုိ ေရာက္တဲ့ေငြပမာဏ ျဖစ္ပါတယ္။

အထည္ခ်ဳပ္သမမ်ားအေနျဖင့္ စုမိေဆာင္းမိတာ ရွိေပမဲ့ မ်ားမ်ားစားစား စုႏုိင္ေလာက္ေအာင္ေတာ့ ပုိပုိလွ်ံလွ်ံ မရွိၾကဘူး။ စမတ္ဖုန္းလုိ လစာရဲ႕ အခ်ဳိးအစားအရၾကည့္ရင္ မ်ားျပားေက်ာ္လြန္ေနတာမ်ဳိးကုိ အရစ္က်ေပးေခ်ၿပီး ဝယ္ယူတယ္။ ေငြမစုိရင္ေတာင္ စမတ္ဖုန္းတစ္လုံး အဖတ္တင္တာ ပစၥည္းစုေဆာင္းမိတာပဲ မဟုတ္လားလုိ႔ ေက်နပ္ပါတယ္။ ေၾကြးတင္ၿပီး လုံးလည္ခ်ာလည္လုိက္ေနသူ ရွိေပမဲ့ ဦးေရဟာ ရာခုိင္ႏႈန္းအားျဖင့္ နည္းပါးတယ္။

တစ္လ ဝင္ေငြ ဘယ္ေလာက္ရသလဲဆုိတာ ပုံေသကားက် ေျပာဖုိ႔ခက္တယ္။ အေျခခံလစာက ပုံေသျဖစ္ၿပီး အလုပ္လုပ္ရက္ တစ္ေန႔ ၈ နာရီအတြက္ ရရွိတာ ျဖစ္ပါတယ္။ ဆုေၾကး၊ အခ်ိန္ပုိ စတဲ့ က်န္ဝင္ေငြေတြက ကုိယ္စြမ္းကုိယ္စနဲ႔ အေျခအေနေတြအရ ရရွိတာ ျဖစ္ပါတယ္။ ဆုေၾကးဆုိတာ ရက္မွန္ဆုေၾကး၊ အလုပ္ကုိ အေရာက္ေနာက္မက်တဲ့အတြက္ ဆုေၾကး၊ ကၽြမ္းက်င္မႈဆုေၾကး၊ ထုတ္လုပ္ႏုိင္မႈ ဆုေၾကး၊ လုပ္သက္ဆုေၾကးနဲ႔ ေထာက္ပံ့ေၾကးတုိ႔ ပါဝင္တယ္။ အခ်ိန္ပုိေၾကးက အခ်ိန္ပုိ အလုပ္လုပ္တဲ့ နာရီအရ ေပးတယ္။ ဆုေၾကးနဲ႔ အခ်ိန္ပုိေၾကးတုိ႔ဟာ တစ္လနဲ႔တစ္လ အနည္းအမ်ား ေျပာင္းလဲတယ္။ သုံးစြဲမႈမွာက်ေတာ့ ပုံေသလုိ ျဖစ္ေနတယ္။ ၿပီးေတာ့ ရတဲ့ဝင္ေငြက တစ္ကိုယ္ေရ သုံးဖုိ႔သက္သက္ မဟုတ္ဘူး။ မိသားစုကုိ ေထာက္ပံ့ၾကရတယ္။ ရြာကုိ ေငြျပန္ပုိ႔ၾကရတယ္။ ၿပီးေတာ့ ရတဲ့ဝင္ေငြထဲမွ ျဖတ္ေတာက္ခံရတာေတြလည္း ရွိတတ္တယ္။ လူမႈဖူလုံေရး ထည့္ဝင္ေငြ၊ အခြန္ထမ္းေငြ၊ အာမခံေၾကး၊ ေပါ့ေလွ်ာ့မႈေၾကာင့္ ဒဏ္ေငြ ျဖတ္ေတာက္ျခင္း စတာေတြ ရွိတယ္။ ဆုေၾကးကလည္း ထိန္းေက်ာင္းေပးတဲ့သေဘာျဖင့္ ေပးထားတာေတြ ရွိေနတယ္။ အလုပ္ကုိ အေရာက္ေနာက္မက်တာ၊ ပ်က္ရက္မရွိတာေတြဟာ တစ္လလုံး ေကာင္းေနဖုိ႔ လုိတယ္။ တစ္ရက္ပ်က္ရက္ရွိရင္ ရက္မွန္ဆုေၾကး မရႏုိင္ေတာ့ဘူး။ ဒါဆုိ တစ္လဝင္ေငြမွာ ေလ်ာ့နည္းသြားမွာ ျဖစ္ပါတယ္။

အၾကမ္းအားျဖင့္ တြက္ခ်က္ၾကည့္မယ္ဆုိရင္ လုပ္သက္ ၆ လအထက္ ရွိတဲ့ အထည္ခ်ဳပ္သမတစ္ဦးအဖုိ႔ တစ္လ လုပ္ရက္ကုိ တြက္ၾကည့္ရင္ တစ္ပတ္ကို ၆ ရက္၊ ေလးပတ္အတြက္ ၂၄ ရက္ အလုပ္ဆင္းရက္ အေျဖထြက္တယ္။ အနည္းဆုံး လုပ္ခ ျပ႒ာန္းခ်က္အရ က်ပ္ ၃,၆ဝဝ ရွိတယ္။ ဒီေတာ့ ၂၄ ရက္အတြက္က်ပ္ ၈၆, ၄ဝဝ ရရွိမယ္။ ဆုေၾကးနဲ႔ အခ်ိန္ပုိေၾကးတုိ႔ကုိ ပ်မ္းမွ်အားျဖင့္ စုစုေပါင္း က်ပ္ႏွစ္ေသာင္းခြဲကေန သုံးေသာင္းခြဲအထိ ရရိွပါတယ္။ ဒီေတာ့ လစဥ္ဝင္ေငြကုိ အေျဖထုတ္ရင္ ပ်မ္းမွ်အားျဖင့္ က်ပ္တစ္သိန္းႏွစ္ေသာင္း ဝန္းက်င္ျဖစ္ပါတယ္။
လစာကို တြက္ခ်က္တာမွာ အလုပ္ခ်ိန္အျပင္ အလုပ္ၿပီးစီးမႈကုိပါ ထည့္စဥ္းစားေလ့ ရွိပါတယ္။ အနည္းဆုံးအခေၾကးေငြ သတ္မွတ္ခ်က္ က်ပ္၃,၆ဝဝ ကုိ အစမ္းခန္႔ ၃ လ ကာလမွာ မေပးဘဲ က်ပ္ ၂,၇ဝဝ ပဲ ေပးတာမ်ဳိးလည္း ရွိပါတယ္။ အေျခခံလစာ တုိးေပးတဲ့အျဖစ္မ်ဳိးက နည္းပါးေတာ့ အခ်ိန္ပုိနဲ႔ပဲ တစ္လဝင္ေငြတုိးေအာင္ လုပ္ၾကတယ္။
ဆုေၾကးကုိ ၃ လစာတစ္ႀကိမ္၊ ၆ လစာတစ္ႀကိမ္၊ ၁ ႏွစ္စာတစ္ႀကိမ္ စုေပါင္းၿပီး ေပးတာမ်ဳိးလည္း ရွိတယ္။ ႏွစ္စဥ္ေပးတဲ့ဆုေၾကးကေတာ့ တစ္ႏွစ္ျပည့္ရင္ တစ္ႀကိမ္ေပးတယ္။ မ်ားေသာအားျဖင့္ အေျခခံလစာ တစ္လခကုိ ႏွစ္ျပည့္ဆုေၾကးအျဖစ္ ေပးေလ့ရွိပါတယ္။

ၿခံဳငုံသုံးသပ္ၾကည့္ရင္ စည္းကမ္းထိန္းဖုိ႔ ဆုေၾကးနဲ႔ မက္လုံးေပးထားၿပီး ထုတ္လုပ္မႈ အရည္အေသြးနဲ႔ အေရအတြက္တုိ႔ကုိေတာ့ အခ်ိန္ပုိလုပ္ခနဲ႔ တြန္းအားေပးထားတာ ေတြ႕ရပါတယ္။ ဒီေတာ့ တစ္ေန႔ ၈ နာရီ အလုပ္ခ်ိန္ ဆုိတဲ့ သတ္မွတ္ခ်က္က တန္ဖုိးေလ်ာ့က်ေနၿပီး အခ်ိန္ပုိလုပ္ကုိင္တဲ့နာရီေတြက တန္ဖုိးႀကီးေနပါတယ္။

လစာကုိ လဆန္းတစ္ရက္ေန႔မွာ ရရွိၾကတယ္။ တစ္လတာအတြက္ အသားတင္ ရရွိေငြကုိ တြက္ခ်က္ျပထားတဲ့ စာရြက္အပုိင္း ‘ေပးစလစ္’ ကုိလည္း ေပးတယ္။ ေငြသားနဲ႔ ေပးၾကတာမ်ားၿပီး ATM စက္ကေန ထုတ္ခုိင္းတာမ်ဳိး ရွိေပမဲ့ အေတာ္ရွားတယ္။ ေငြေပးၿပီးရင္ ေရတြက္စစ္ေဆးဖုိ႔ အခ်ိန္ ၁ဝ မိနစ္ေလာက္ ေပးတယ္။ ေနာက္ေတာ့မွ ကြာတယ္ လုိတယ္ လာေျပာရင္ လက္ခံစဥ္းစားေပးမွာ မဟုတ္ဘူး။
ေပးစလစ္မွာ သုံးစြဲတဲ့ဘာသာစကားေတြမွာ အဂၤလိပ္စာ၊ တ႐ုတ္စာတုိ႔လည္း ပါတယ္။ ဘယ္လုိင္းက ဘာကုိ ဆုိလုိတယ္ဆုိတာ စီနီယာေတြဆီကေန သင္ယူၿပီး ဒါက ရက္မွန္ေၾကး၊ ဒါက အခ်ိန္ပုိ စသျဖင့္ သေဘာေပါက္ယူတယ္။ အဲလုိ ေျပာျပေပးမဲ့သူ မရွိရင္ေတာ့ တ႐ုတ္စာက ဘာေတြေရးထားမွန္း မသိေတာ့ဘူး။

 

အထည်ချုပ်သမတို့ရဲ့ တစ်လစာဝင်ငွေ
ရန်ကုန်မြို့ရဲ့ အထည်ချုပ်လုပ်ငန်းမှာ ကျင်လည်နကြေတဲ့ အထည်ချုပ်လုပ်သားတွေရဲ့ ယေဘုယျအားဖြင့် လစာအခြေအနေ ဘယ်လို ရှိသလဲ။ လစဉ်ပေးတဲ့ငွေပမာဏကို ဘယ်လိုတွက်ချက်သလဲ။ ဘယ်ခေါင်းစဉ်အောက်မှ ရတဲ့ဝင်ငွေကို အလေးအထားဆုံးလဲ။
သူတို့ရဲ့ အဓိကဝင်ငွေက လစဉ်ရတဲ့ငွဖြေစ်ပြီး အခြေခံလစာ၊ အချိန်ပိုလုပ်ခ၊ လုပ်ရည်ကိုင်ရည်အရ ပေးတဲ့ဆုကြေး၊ အလုပ်ပျက်ရက် မရှိတဲ့အတွက် ဆုကြေးစတဲ့ ဆုကြေးတွေ ပါဝင်ပါတယ်။ အဲဒါက သူတို့ရဲ့ လက်ထဲကို ရောက်တဲ့ငွေပမာဏ ဖြစ်ပါတယ်။

အထည်ချုပ်သမများအနဖြေင့် စုမိဆောင်းမိတာ ရှိပေမဲ့ များများစားစား စုနိုင်လောက်အောင်တော့ ပိုပိုလျှံလျှံ မရှိကြဘူး။ စမတ်ဖုန်းလို လစာရဲ့ အချိုးအစားအရကြည့်ရင် များပြားကျော်လွန်နေတာမျိုးကို အရစ်ကျပေးချပြေီး ဝယ်ယူတယ်။ ငွေမစိုရင်တောင် စမတ်ဖုန်းတစ်လုံး အဖတ်တင်တာ ပစ္စည်းစုဆောင်းမိတာပဲ မဟုတ်လားလို့ ကျေနပ်ပါတယ်။ ကြွေးတင်ပြီး လုံးလည်ချာလည်လိုက်နေသူ ရှိပေမဲ့ ဦးရေဟာ ရာခိုင်နှုန်းအားဖြင့် နည်းပါးတယ်။

တစ်လ ဝင်ငွေ ဘယ်လောက်ရသလဲဆိုတာ ပုံသေကားကျ ပြောဖို့ခက်တယ်။ အခြေခံလစာက ပုံသဖြေစ်ပြီး အလုပ်လုပ်ရက် တစ်နေ့ ၈ နာရီအတွက် ရရှိတာ ဖြစ်ပါတယ်။ ဆုကြေး၊ အချိန်ပို စတဲ့ ကျန်ဝင်ငွေတွေက ကိုယ်စွမ်းကိုယ်စနဲ့ အခြေအနေတွေအရ ရရှိတာ ဖြစ်ပါတယ်။ ဆုကြေးဆိုတာ ရက်မှန်ဆုကြေး၊ အလုပ်ကို အရောက်နောက်မကျတဲ့အတွက် ဆုကြေး၊ ကျွမ်းကျင်မှုဆုကြေး၊ ထုတ်လုပ်နိုင်မှု ဆုကြေး၊ လုပ်သက်ဆုကြေးနဲ့ ထောက်ပံ့ကြေးတို့ ပါဝင်တယ်။ အချိန်ပိုကြေးက အချိန်ပို အလုပ်လုပ်တဲ့ နာရီအရ ပေးတယ်။ ဆုကြေးနဲ့ အချိန်ပိုကြေးတို့ဟာ တစ်လနဲ့တစ်လ အနည်းအများ ပြောင်းလဲတယ်။ သုံးစွဲမှုမှာကျတော့ ပုံသေလို ဖြစ်နေတယ်။ ပြီးတော့ ရတဲ့ဝင်ငွေက တစ်ကိုယ်ရေ သုံးဖို့သက်သက် မဟုတ်ဘူး။ မိသားစုကို ထောက်ပံ့ကြရတယ်။ ရွာကို ငွပြေန်ပို့ကြရတယ်။ ပြီးတော့ ရတဲ့ဝင်ငွေထဲမှ ဖြတ်တောက်ခံရတာတွေလည်း ရှိတတ်တယ်။ လူမှုဖူလုံရေး ထည့်ဝင်ငွေ၊ အခွန်ထမ်းငွေ၊ အာမခံကြေး၊ ပေါ့လျှော့မှုကြောင့် ဒဏ်ငွေ ဖြတ်တောက်ခြင်း စတာတွေ ရှိတယ်။ ဆုကြေးကလည်း ထိန်းကျောင်းပေးတဲ့သဘောဖြင့် ပေးထားတာတွေ ရှိနေတယ်။ အလုပ်ကို အရောက်နောက်မကျတာ၊ ပျက်ရက်မရှိတာတွေဟာ တစ်လလုံး ကောင်းနေဖို့ လိုတယ်။ တစ်ရက်ပျက်ရက်ရှိရင် ရက်မှန်ဆုကြေး မရနိုင်တော့ဘူး။ ဒါဆို တစ်လဝင်ငွေမှာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

အကြမ်းအားဖြင့် တွက်ချက်ကြည့်မယ်ဆိုရင် လုပ်သက် ၆ လအထက် ရှိတဲ့ အထည်ချုပ်သမတစ်ဦးအဖို့ တစ်လ လုပ်ရက်ကို တွက်ကြည့်ရင် တစ်ပတ်ကို ၆ ရက်၊ လေးပတ်အတွက် ၂၄ ရက် အလုပ်ဆင်းရက် အဖြေထွက်တယ်။ အနည်းဆုံး လုပ်ခ ပြဋ္ဌာန်းချက်အရ ကျပ် ၃,၆ဝဝ ရှိတယ်။ ဒီတော့ ၂၄ ရက်အတွက်ကျပ် ၈၆, ၄ဝဝ ရရှိမယ်။ ဆုကြေးနဲ့ အချိန်ပိုကြေးတို့ကို ပျမ်းမျှအားဖြင့် စုစုပေါင်း ကျပ်နှစ်သောင်းခွဲကနေ သုံးသောင်းခွဲအထိ ရရှိပါတယ်။ ဒီတော့ လစဉ်ဝင်ငွေကို အဖြေထုတ်ရင် ပျမ်းမျှအားဖြင့် ကျပ်တစ်သိန်းနှစ်သောင်း ဝန်းကျင်ဖြစ်ပါတယ်။
လစာကို တွက်ချက်တာမှာ အလုပ်ချိန်အပြင် အလုပ်ပြီးစီးမှုကိုပါ ထည့်စဉ်းစားလေ့ ရှိပါတယ်။ အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက် ကျပ်၃,၆ဝဝ ကို အစမ်းခန့် ၃ လ ကာလမှာ မပေးဘဲ ကျပ် ၂,၇ဝဝ ပဲ ပေးတာမျိုးလည်း ရှိပါတယ်။ အခြေခံလစာ တိုးပေးတဲ့အဖြစ်မျိုးက နည်းပါးတော့ အချိန်ပိုနဲ့ပဲ တစ်လဝင်ငွေတိုးအောင် လုပ်ကြတယ်။
ဆုကြေးကို ၃ လစာတစ်ကြိမ်၊ ၆ လစာတစ်ကြိမ်၊ ၁ နှစ်စာတစ်ကြိမ် စုပေါင်းပြီး ပေးတာမျိုးလည်း ရှိတယ်။ နှစ်စဉ်ပေးတဲ့ဆုကြေးကတော့ တစ်နှစ်ပြည့်ရင် တစ်ကြိမ်ပေးတယ်။ များသောအားဖြင့် အခြေခံလစာ တစ်လခကို နှစ်ပြည့်ဆုကြေးအဖြစ် ပေးလေ့ရှိပါတယ်။

ခြုံငုံသုံးသပ်ကြည့်ရင် စည်းကမ်းထိန်းဖို့ ဆုကြေးနဲ့ မက်လုံးပေးထားပြီး ထုတ်လုပ်မှု အရည်အသွေးနဲ့ အရေအတွက်တို့ကိုတော့ အချိန်ပိုလုပ်ခနဲ့ တွန်းအားပေးထားတာ တွေ့ရပါတယ်။ ဒီတော့ တစ်နေ့ ၈ နာရီ အလုပ်ချိန် ဆိုတဲ့ သတ်မှတ်ချက်က တန်ဖိုးလျော့ကျနပြေီး အချိန်ပိုလုပ်ကိုင်တဲ့နာရီတွေက တန်ဖိုးကြီးနေပါတယ်။

လစာကို လဆန်းတစ်ရက်နေ့မှာ ရရှိကြတယ်။ တစ်လတာအတွက် အသားတင် ရရှိငွေကို တွက်ချက်ပြထားတဲ့ စာရွက်အပိုင်း ‘ပေးစလစ်’ ကိုလည်း ပေးတယ်။ ငွေသားနဲ့ ပေးကြတာများပြီး ATM စက်ကနေ ထုတ်ခိုင်းတာမျိုး ရှိပေမဲ့ အတော်ရှားတယ်။ ငွေပေးပြီးရင် ရေတွက်စစ်ဆေးဖို့ အချိန် ၁ဝ မိနစ်လောက် ပေးတယ်။ နောက်တော့မှ ကွာတယ် လိုတယ် လာပြောရင် လက်ခံစဉ်းစားပေးမှာ မဟုတ်ဘူး။
ပေးစလစ်မှာ သုံးစွဲတဲ့ဘာသာစကားတွေမှာ အင်္ဂလိပ်စာ၊ တရုတ်စာတို့လည်း ပါတယ်။ ဘယ်လိုင်းက ဘာကို ဆိုလိုတယ်ဆိုတာ စီနီယာတွေဆီကနေ သင်ယူပြီး ဒါက ရက်မှန်ကြေး၊ ဒါက အချိန်ပို စသဖြင့် သဘောပေါက်ယူတယ်။ အဲလို ပြောပြပေးမဲ့သူ မရှိရင်တော့ တရုတ်စာက ဘာတွေရေးထားမှန်း မသိတော့ဘူး။

 

Read 1113 times
Rate this item
(1 Vote)