What's new

×

Warning

JUser: :_load: Unable to load user with ID: 845


FDI အထည္ခ်ဳပ္က႑မွာ အမ်ားဆုံး

(Unicode)

မြန်မာနိုင်ငံမှာ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI Foreign direct investment) အများစုဟာ အထည်ချုပ်ကဏ္ဍမှာ အများဆုံး ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် မှတ်ပုံတင်ထားတဲ့ အထည်ချုပ်လုပ်ငန်းများရဲ့ ၅၅ ရာခိုင်နှုန်းဟာ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပြည်ပလုပ်ငန်းမှ ပိုင်ဆိုင်ပါတယ်။ ထိုအထဲမှာ

တောင်ကိုရီးယားမှ ၂၉ ရာခိုင်နှုန်း၊

တရုတ်မှ ၂၅ ရာခိုင်နှုန်း၊

ဟောင်ကောင်မှ ၁၇ ရာခိုင်နှုန်း၊

ဂျပန်မှ ၁၂ ရာခိုင်နှုန်း အသီးသီး ပါဝင်ပါတယ်။

အဲဒီ လုပ်ငန်းတွေဟာ ပြည်ပနဲ့ အချိတ်အဆက် ရှိထားပြီးသား ဖြစ်တာမို့ ပြည်ပပို့ကုန် အဖြစ် ချုပ်လုပ်ကြပါတယ်။ ပယ်ခံရတဲ့အထည်အချို့သာ ပြည်တွင်းဈေးကွက်ထဲကို ရောက်ရှိပါတယ်။ အဲဒါကြောင့် အထည်ချုပ်ကဏ္ဍရဲ့ ပြည်ပတင်ပို့မှု ပမာဏ ကြီးထွားလာခဲ့ပါတယ်။ အီးယူနဲ့ အမေရိကန်တို့က ပိတ်ပင်တားဆီးမှုတွေကို ဖယ်ရှားပေးလိုက်တာဟာ အထည်ချုပ်ကဏ္ဍရဲ့ ပြည်ပတင်ပို့မှု တစ်ဟုန်ထိုး ကြီးထွားဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှု ပြုထားတဲ့ အထည်ချုပ်လုပ်ငန်းတွေကြောင့် ပြည်ပပို့ကုန် တိုးတယ်။ အလုပ်အကိုင်တွေ ရရှိကြတယ်။ ဒါပေမဲ့ ရေရှည်အကျိုးအတွက်တော့ အနည်းငယ်သာ အကျိုးရှိတယ်လို့ သုံးသပ်ကြပါတယ်။ ပြည်တွင်း အထည်ချုပ်ကဏ္ဍမှာ လုပ်ငန်းရှင်အဖြစ် လုပ်တတ်ကိုင်တတ်ပြီး လုပ်ရဲကိုင်ရဲ ရှိတဲ့သူတွေ၊ နိုင်ငံတကာစံမီ စီမံခန့်ခွဲမှု တတ်ကျွမ်းထားတဲ့သူတွေ၊ နည်းပညာပိုင်း တတ်ကျွမ်းမှု ရရှိထားသူတွေ လုံလုံလောက်လောက် မရှိတာကြောင့် ဖြစ်ထွန်းမယ့် အသီးအပွင့်တွေကို ဆွတ်ခူးဖို့ လက်လှမ်းမမီ ဖြစ်နေစေတယ်လို့ သုံးသပ်ကြပါတယ်။

***သင္စိတ္၀င္စားႏုိင္ေသာ တစ္ဆင့္တက္မည့္ ျမန္မာ့အထည္ခ်ဳပ္****

အထည်အလိပ်နဲ့ အထည်ချုပ် လုပ်ငန်းတွေဟာ အာရှရဲ့ အဓိကဈေးကွက် အများအပြားတို့ကို စီးပွားဖြစ်ထွန်းစေပါတယ်။ FDI လည်း အထည်ချုပ်ကဏ္ဍမှာ တိုးများလာနေတာကို တွေ့ကြရတယ်။ မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှာလည်း ချုပ်ထည်များ ပြည်ပတင်ပို့မှု တိုးတဲ့အပြင် အထည်ချုပ်ကဏ္ဍမှာ FDI လည်း တိုးလာနေတာကို တွေ့ကြရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏဟာ ကန်ဒေါ်လာ ၁.၇ ဘီလျံ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ကန်ဒေါ်လာ ၂.၂ ဘီလျံ ရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအရ ကြည့်ရင် မြန်မာအထည်ချုပ်လုပ်ငန်းထဲသို့ FDI စီးဝင်မှုဟာ ၂၀၁၃ ခုနှစ်မှာ ၂၆.၅ ရာခိုင်နှုန်း ကြီးထွားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၂၇.၄ ရာခိုင်နှုန်း ကြီးထွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၂၉% ကြီးထွားခဲ့ပါတယ်။

အထည်ချုပ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာတာမှာ အများစုဟာ FDI တွေ ဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ဆက်တည်းမှာ ချုပ်ထည်များ ပြည်ပတင်ပို့မှု ပမဏလည်း ကြီးထွားသွားပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကန်ဒေါ်လာ ၁.၅ ဘီလျံ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ၂၁၀၅ ခုနှစ်မှာ ကန်ဒေါ်လာ ၁.၇ ဘီလျံ စံချိန်သစ် ထပ်တင်ခဲ့ပြန်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ကန်ဒေါ်လာ ၂.၂ ဘီလျံကျော် ဖြစ်လာခဲ့တာကို တွေ့ကြရပါတယ်။

အထည်ချုပ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပမာဏအရ ကြည့်ရင်တော့ ဗီယက်နမ်ဟာ စန်းအပွင့်ဆုံးပါပဲ။ စာရင်းဇယားများအရ ဗီယက်နမ်ကို ဝင်တဲ့ FDI ဟာ တစ်နှစ်ထက်တစ်နှစ် ၁၅၂.၇% အထိ ပိုများလာနေတာကို တွေ့ကြရတယ်။ အခုဆိုရင် ဗီယက်နမ်နိုင်ငံမှာ FDI စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းဟာ အထည်ချုပ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဗီယက်နမ်ဟာ အထည်အလိပ်နဲ့ အထည်ချုပ်တို့အတွက် FDI ရေပန်းအစားဆုံး နေရာတစ်ခု ဖြစ်နေပါတယ်။ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ဗီယက်နမ်ရဲ့ အထည်အလိပ်နဲ့ အဝတ်အစားကဏ္ဍတို့မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုတွေ ပြုနကြေတာကို တွေ့ကြရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ အထည်ချုပ် ပြည်ပတင်ပို့မှုမှာ ဒုတိယနေရာမှာ ရှိနေပါတယ်။ FDI စီးဝင်မှုဟာ ၂၀၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ကန်ဒေါ်လာ ၃၉၆ သန်း ရှိခဲ့တယ်။ ၂၁၀၅ ခုနှစ်မှာ ကန်ဒေါ်လာ ၃၅၁.၆ သန်း ရှိတာမို့ ၁၁ ရာခိုင်နှုန်း တိုးခဲ့တာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ အများဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံက တောင်ကိုရီးယား ဖြစ်ပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီတွေက ကန်ဒေါ်လာ ၁၁၆ သန်းကို ဘင်္ဂလားဒေ့ရှ် အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲဒါဟာ အဲဒီကဏ္ဍမှာ စုစုပေါင်း FDI ရဲ့ ၃၂ ရာခိုင်နှုန်းေဝစု ရှိပါတယ်။ ဒုတိယနေရာမှာ ဟောင်ကောင် ရှိနပြေီး ကန်ဒေါ်လာ ၈၉ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

(Zawgyi)

FDI Asia jpeg

ျမန္မာႏုိင္ငံမွာ ျပည္ပ တုိက္႐ုိက္ရင္းႏွီးျမႇုဳပ္ႏွံမႈ (FDI Foreign direct investment) အမ်ားစုဟာ အထည္ခ်ဳပ္က႑မွာ အမ်ားဆုံး ျဖစ္လာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ႏွစ္လယ္ပုိင္းကုိ ျပန္ေလ့လာၾကည့္မယ္ဆုိရင္ မွတ္ပုံတင္ထားတဲ့ အထည္ခ်ဳပ္လုပ္ငန္းမ်ားရဲ႕ ၅၅ ရာခုိင္ႏႈန္းဟာ အျပည့္အ၀ျဖစ္ေစ၊ တစ္စိတ္တစ္ပုိင္းျဖစ္ေစ ျပည္ပလုပ္ငန္းမွ ပုိင္ဆုိင္ပါတယ္။ ထုိအထဲမွာ

●ေတာင္ကုိရီးယားမွ ၂၉ ရာခုိင္ႏႈန္း၊

●တ႐ုတ္မွ ၂၅ ရာခုိင္ႏႈန္း၊

●ေဟာင္ေကာင္မွ ၁၇ ရာခုိင္ႏႈန္း၊

●ဂ်ပန္မွ ၁၂ ရာခုိင္ႏႈန္း အသီးသီး ပါ၀င္ပါတယ္။

အဲဒီ လုပ္ငန္းေတြဟာ ျပည္ပနဲ႔ အခ်ိတ္အဆက္ ရွိထားၿပီးသား ျဖစ္တာမု႔ိ ျပည္ပပုိ႔ကုန္ အျဖစ္ ခ်ဳပ္လုပ္ၾကပါတယ္။ ပယ္ခံရတဲ့အထည္အခ်ဳိ႕သာ ျပည္တြင္းေစ်းကြက္ထဲကုိ ေရာက္ရွိပါတယ္။ အဲဒါေၾကာင့္ အထည္ခ်ဳပ္က႑ရဲ႕ ျပည္ပတင္ပုိ႔မႈ ပမာဏ ႀကီးထြားလာခဲ့ပါတယ္။ အီးယူနဲ႔ အေမရိကန္တုိ႔က ပိတ္ပင္တားဆီးမႈေတြကို ဖယ္ရွားေပးလုိက္တာဟာ အထည္ခ်ဳပ္က႑ရဲ႕ ျပည္ပတင္ပုိ႔မႈ တစ္ဟုန္ထုိး ႀကီးထြားဖုိ႔ အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။

ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳထားတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြေၾကာင့္ ျပည္ပပုိ႔ကုန္ တုိးတယ္။ အလုပ္အကုိင္ေတြ ရရွိၾကတယ္။ ဒါေပမဲ့ ေရရွည္အက်ဳိးအတြက္ေတာ့ အနည္းငယ္သာ အက်ဳိးရွိတယ္လုိ႔ သုံးသပ္ၾကပါတယ္။ ျပည္တြင္း အထည္ခ်ဳပ္က႑မွာ လုပ္ငန္းရွင္အျဖစ္ လုပ္တတ္ကုိင္တတ္ၿပီး လုပ္ရဲကုိင္ရဲ ရွိတဲ့သူေတြ၊ ႏုိင္ငံတကာစံမီ စီမံခန္႔ခြဲမႈ တတ္ကၽြမ္းထားတဲ့သူေတြ ၊ နည္းပညာပုိင္း တတ္ကၽြမ္းမႈ ရရွိထားသူေတြ လုံလုံေလာက္ေလာက္ မရွိတာေၾကာင့္ ျဖစ္ထြန္းမယ့္ အသီးအပြင့္ေတြကို ဆြတ္ခူးဖုိ႔ လက္လွမ္းမမီ ျဖစ္ေနေစတယ္လုိ႔ သုံးသပ္ၾကပါတယ္။

အထည္အလိပ္နဲ႔ အထည္ခ်ဳပ္ လုပ္ငန္းေတြဟာ အာရွရဲ႕ အဓိကေဈးကြက္ အမ်ားအျပားတုိ႔ကုိ စီးပြားျဖစ္ထြန္းေစပါတယ္။ FDI လည္း အထည္ခ်ဳပ္က႑မွာ တုိးမ်ားလာေနတာကုိ ေတြ႕ၾကရတယ္။  ျမန္မာႏုိင္ငံ အထည္ခ်ဳပ္က႑မွာလည္း ခ်ဳပ္ထည္မ်ား ျပည္ပတင္ပုိ႔မႈ တုိးတဲ့အျပင္ အထည္ခ်ဳပ္က႑မွာ FDI လည္း တုိးလာေနတာကုိ ေတြ႕ၾကရပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္းပမာဏဟာ ကန္ေဒၚလာ ၁.၇ ဘီလ်ံ ရွိခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာေတာ့ ကန္ေဒၚလာ ၂.၂ ဘီလ်ံ ရွိခဲ့ပါတယ္။ ရာခုိင္ႏႈန္းအရ ၾကည့္ရင္ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းထဲသုိ႔ FDI စီး၀င္မႈဟာ ၂၀၁၃ ခုႏွစ္မွာ ၂၆.၅ ရာခုိင္ႏႈန္း  ႀကီးထြားခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ၂၇.၄ ရာခုိင္ႏႈန္း  ႀကီးထြားခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ၂၉% ႀကီးထြားခဲ့ပါတယ္။

အထည္ခ်ဳပ္က႑မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တစ္ဟုန္ထုိး ျမင့္တက္လာတာမွာ အမ်ားစုဟာ FDI ေတြ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ တစ္ဆက္တည္းမွာ ခ်ဳပ္ထည္မ်ား ျပည္ပတင္ပုိ႔မႈ ပမဏလည္း ႀကီးထြားသြားပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ကန္ေဒၚလာ ၁.၅ ဘီလ်ံ စံခ်ိန္သစ္ တင္ႏုိင္ခဲ့ပါတယ္။ ၂၁၀၅ ခုႏွစ္မွာ ကန္ေဒၚလာ ၁.၇ ဘီလ်ံ စံခ်ိန္သစ္ ထပ္တင္ခဲ့ျပန္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာေတာ့ ကန္ေဒၚလာ ၂.၂ ဘီလ်ံေက်ာ္ ျဖစ္လာခဲ့တာကုိ ေတြ႕ၾကရပါတယ္။

အထည္ခ်ဳပ္က႑ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏအရ ၾကည့္ရင္ေတာ့ ဗီယက္နမ္ဟာ စန္းအပြင့္ဆုံးပါပဲ။ စာရင္းဇယားမ်ားအရ ဗီယက္နမ္ကုိ ၀င္တဲ့ FDI ဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ၁၅၂.၇% အထိ ပုိမ်ားလာေနတာကုိ ေတြ႕ၾကရတယ္။ အခုဆုိရင္ ဗီယက္နမ္ႏုိင္ငံမွာ FDI စုစုေပါင္းရဲ႕ ၂၁ ရာခုိင္ႏႈန္းဟာ အထည္ခ်ဳပ္က႑မွာ ရင္းႏွီးျမႇဳပ္ႏွံထားတာ ျဖစ္ပါတယ္။ ဗီယက္နမ္ဟာ အထည္အလိပ္နဲ႔ အထည္ခ်ဳပ္တုိ႔အတြက္ FDI ေရပန္းအစားဆုံး ေနရာတစ္ခု ျဖစ္ေနပါတယ္။ စင္ကာပူ၊ တ႐ုတ္၊ အေမရိကန္၊ ဂ်ပန္နဲ႔ ေတာင္ကုိရီးယားတုိ႔ဟာ ဗီယက္နမ္ရဲ႕ အထည္အလိပ္နဲ႔ အ၀တ္အစားက႑တုိ႔မွာ အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳေနၾကတာကုိ ေတြ႕ၾကရပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ အထည္ခ်ဳပ္ ျပည္ပတင္ပုိ႔မႈမွာ ဒုတိယေနရာမွာ ရွိေနပါတယ္။ FDI စီး၀င္မႈဟာ ၂၀၁၆ ခုႏွစ္ဘ႑ာေရးႏွစ္မွာ စုစုေပါင္း ကန္ေဒၚလာ ၃၉၆ သန္း ရွိခဲ့တယ္။  ၂၁၀၅ ခုႏွစ္မွာ ကန္ေဒၚလာ ၃၅၁.၆ သန္း ရွိတာမုိ႔ ၁၁ ရာခုိင္ႏႈန္း တုိးခဲ့တာ ျဖစ္တယ္။ ၂၀၁၆ ခုႏွစ္ဘ႑ာေရးႏွစ္မွာ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံတဲ့ႏိုင္ငံက ေတာင္ကုိရီးယား ျဖစ္ပါတယ္။ ေတာင္ကုိရီးယား ကုမၸဏီေတြက ကန္ေဒၚလာ ၁၁၆ သန္းကုိ ဘဂၤလားေဒ့ရွ္ အထည္အလိပ္နဲ႔ အထည္ခ်ဳပ္လုပ္ငန္းေတြမွာ ရင္းႏွီးျမႇုဳပ္ႏွံခဲ့ပါတယ္။ အဲဒါဟာ အဲဒီက႑မွာ စုစုေပါင္း FDI ရဲ႕ ၃၂ ရာခုိင္ႏႈန္း ေ၀စု ရွိပါတယ္။ ဒုတိယေနရာမွာ ေဟာင္ေကာင္ ရွိေနၿပီး ကန္ေဒၚလာ ၈၉ သန္းေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။

Read 1373 times
Rate this item
(0 votes)