What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်ကျင်းပခဲ့

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management)ကို အွန်လိုင်းမှ တစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ သင်တန်းကို ဝင်ငွေနှင့် အသုံးစရိတ်များကို စနစ်တကျ စီမံခန့်ခွဲတတ်စေရန်၊ အသုံးစရိတ်များ၏ သဘာဝကို သိရှိနားလည်ပြီး ချွေတာစုဆောင်းတတ်စေရန်နှင့် လိုအပ်သော ဦးစားပေး အသုံးစရိတ်များကို ခွဲခြားသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါ သည်။

 

သင်တန်းအဖွင့်အမှာစကားကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ Managing Director နှင့် Mr. Julian Stodt (Senior Project Manager, AVE) တို့မှ ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ‌ဒေါ်အင်ကြင်းမှ သင်တန်းကို ဆက်လက် သင်ကြားပေးခဲ့ပါသည်။ သင်တန်းသို့ Textile Palace Garment Factory မှ Supervisor များနှင့် ဝန်ထမ်း စုစုပေါင်း (၁၀) ယောက် တက်ရောက်ခဲ့ကြပါသည်။

Image may contain: one or more people

Image may contain: 1 person, screen and indoor

Image may contain: 11 people, text that says 'REC Zoom Mam eave MGMA Office Saint Saint Thant air Mute Stop ideo Inkyinn Share Participants'

 

#Myanmar Garment Manufacturers Association

Read 897 times
Rate this item
(0 votes)

Related items