What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗြိတိန်အဖွဲ့အစည်းက ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်မှ ရိုးရာအထည်အလိပ်များ ဈေးကွက်ဝင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးမည်

ကချင်၊ ချင်းနှင့် ရှမ်း ပြည်နယ်ရှိ ရိုးရာအထည်အလိပ် များကို အဆင့်မြင့်အထည်များ ရက်လုပ်ရန်နှင့် ဈေးကွက်ဝင်ရန် ဗြိတိန် အကူအညီဖြင့် ဒေါ်လာခုနစ်သိန်းခွဲတန် စီမံကိန်းစတင် မည်ဟု Dana Facility က သတင်းထုတ်ပြန်သည်။ ထိုစီမံကိန်းကို မြန်မာ့ရိုးရာ လက်မှုပညာများ ထိန်းသိမ်းစောင့်ရှောက်ရေး လူမှုအကျိုးစီးပွားလုပ်ငန်းဖြစ်သည့် မြန်မာ Artisans နှင့် Dana Facility တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျွမ်းကျင် ရက်ကန်းပညာရှင်များ ရက်လုပ် သော ရိုးရာအထည်အလိပ်ဒီဇိုင်း စုံရှိပြီး ကျွမ်းကျင်မှုနှင့် ရိုးရာဓလေ့ ထုံးတမ်းများကို အခြေခံ၍ အမျိုး သမီးများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အလုပ်အကိုင်များ ဖန်တီး မည်ဖြစ်ပြီး အထည်အလိပ်ထုတ် လုပ်မှု၊ ပိုမိုကောင်းမွန်သည့် ဈေး ကွက်အချိတ်အဆက်များခိုင်မာ ရန် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်သည်။ အဆိုပါစီမံကိန်းကို ၂ နှစ်အ တွင်း ကချင်၊ ချင်းနှင့် ရှမ်းပြည် နယ်၌ စတင်ဆောင်ရွက်မည် ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။ ပထမဆုံး ရက်ကန်းရုံကို ကချင်ပြည်နယ် မြစ်ကြီးနားတွင် စတင်ခဲ့သည်။ Dana Facility သည် ဗြိတိန် နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) က ကူညီထောက်ပံ့မှုဖြင့် ၂၀၁၆ မေလတွင် ထူထောင်ခြင်းဖြစ်သည်။ မြန်မာ Artisans သည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Turquoise Mountain ၏ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။
‘‘မြန်မာနိုင်ငံတစ်ဝန်းမှာရှိ တဲ့ မတူကွဲပြားခြားနားတဲ့ လက် ရက်ကန်းအနုပညာတွေဟာ အံ့မခန်းလောက်အောင် လက်ရာ မြောက်ပါတယ်။ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်များနဲ့ ပူးပေါင်းပြီးထုတ်ကုန်တွေကို တန်ဖိုးမြင့်ဈေး ကွက်ကိုရောက်အောင် ဆောင် ရွက်ခွင့်ရမှာ ဂုဏ်ယူပါတယ်’’ဟု Turquoise Mountain ဌာနေ ကိုယ်စားလှယ် Harry Wardill က ပြောသည်။ Turquoise Mountain သည် ရန်ကုန်မြို့၏ အထင်ကရ မြို့ပြအမွေအနှစ်များကို ထိန်း သိမ်းရန်နှင့် ရိုးရာလက်မှုပညာ လုပ်ငန်းကို ပြန်လည်ဆန်းစစ်ရန် ၂၀၁၄ က စတင်လုပ်ကိုင်နေသည်။

 

Source:seven day daily

Read 1240 times
Rate this item
(1 Vote)