What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိမိအစီအစဉ်ဖြင့် COVID-19 ရောဂါစစ်ဆေးခြင်းများ ထပ်မံပြုလုပ်နေသဖြင့် အထည်ချုပ်လုပ်ငန်းရှင်အသင်းသို့ တိုင်ကြားထား

ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 အတည်ပြုလူနာအရေအတွက် တိုးလာပေမယ့် စက်မှုဇုန်လုပ်သားတွေကို ကျန်းမာရေး နှင့် အားစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း အောက်တိုဘာ ၁၂ ရက်မှာ အလုပ်ပြန်လည်လုပ်ကိုင်ရန်ခွင့်ပြုလိုက်ပါတယ်။

 

ယင်းကဲ့သို့ ခွင့်ပြုချက်ထုတ်ပြီးနောက်မှာ ရန်ကုန်တိုင်းဒေသကြီးက အ ထည်ချုပ် စက်ရုံ အနည်းဆုံး ၇ ရုံခန့်မှ အလုပ်လာဆင်းသည့် အလုပ်သမားများကို သွေးဖောက်ကာ ကိုဗစ်စစ်ဆေးခြင်းများကို မိမိအစီအစဉ်ဖြင့် ပြုလုပ်လာကြပါတယ်။

 

အောက်တိုဘာ ၁၃ ရက်က လှိုင်သာယာမြို့နယ်ရှိ စိုက်ဖုံအထည်ချုပ်စက်ရုံမှာ အလုပ်လာဆင်းသည့် အလုပ်သမားများကို သွေးဖောက်ကိုဗစ်စစ်မှုကြောင့် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခေါ်ယူကာ ခံဝန်ကတိ ရေးထိုးစေခဲ့ပါတယ်။

 

လက်ရှိမှာ စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ ယင်းကဲ့သို့ ရောဂါ စစ်ဆေးမှုများကို မိမိအစီအစဉ်ဖြင့် မလုပ်ဆောင်ရန်တားမြစ်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန် ၁ ပဒဲဝန်ဦးရွှေဘင်းလမ်းရှိ Myanamr Libao(မြန်မာလီဖောက်) ကျောပိုးအိတ်ချုပ်အိတ် စက်ရုံရှိ အလုပ်သမား ၅၀၀ ကျော်ရှိပြီး ယနေ့အောက်တိုဘာ ၁၆ ရက်မှာ အလားတူ စစ်ဆေးမှုများပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ထပ်မံတိုင်ကြားမှုတွေရှိလာပါတယ်။

 

“စက်ရုံက အခု ၁၆ ရက်နေ့ကစပြီး အလုပ်သမားတွေကိုပြန်ခေါ်တယ် ပြန်ခေါ်ပြီးတော့ ဒီမနက်ပိုင်းမှာ အလုပ်သမားတွေကို တစ်ယောက်ချင်းစီကို သွေးဖောက်ပြီးတော့ စစ်ဆေးတဲ့ အလုပ်တွေလုပ်တယ်၊ ပထမပိတ်ရက်တွေမှာ စက်ရုံထဲမှာ ညသိပ် သဘောမျိုးနဲ့ ခေါ်ထားတာ ရှိသေးတယ်လို့ သတင်း ကြားရပါသေးတယ်။ ဒီမနက်မှာ သွေးဖောက်စစ်ဆေးတာတွေ လုပ် ပြီးတော့ စက်ရုံထဲမှာ ဝင်ခိုင်းထားတယ်။ Mask နဲ့ face shield တွေကိုတော့ ပေးထားတယ်။တစ်ယောက်ချင်းစီကို ဆေးပေး နပ်(စ်)မတစ်ယောက်ရယ် အောဆူပါတွေရယ် စာရေးမတွေရယ် စစ်ဆေးတာပါ။ အလုပ်သမားတွေက အခုမှစဖွင့်တော့ လုပ်ငန်းခွင်ထဲဝင်နေတဲ့ အချိန်စစ်တာဆိုတော့ ပြောလို့ မရလိုက်ဖူး ဖောက်မစစ်ဖို့ပြောတော့ အားလုံးက စစ်တော့ စစ်တဲ့အတိုင်းဖြစ်နေတယ်တိုင်ဖို့ကို အလုပ်တွေက အဆင်မပြေတော့ ငြိမ်ခံနေကြရတယ်” အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးက Myanmar Labour News ကို ပြောပါတယ်။

 

စက်ရုံများတွင် မိမိအစီအစဉ်ဖြင့် COVID - 19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန်နှင့် ယင်းကဲ့သို့ လုပ်ဆောင်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း က အောက်တိုဘာလ ၁၃ ရက်နေက ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

 

“အထည်ချုပ်အသင်းကို ဖုန်းဆက်ပြီးတိုင်လိုက်တော့ သွေးစစ်တာ ရပ်သွားတယ်လို့ ပြောပါတယ် ၊အလုပ်သမားတွေကို သွေးဖောက်ပြီး စစ်နေတာဖြစ်ပါတယ်၊ အလုပ်သမားတွေကကြောက်နေကြတာ သူတို့ကိုတော့ MGMA က ထုတ်တဲ့စာကိုပေးထားပြီးဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၊ လူမှုဖူလုံရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်ဒေါ်သဉ္ဇာထက်က ပြောပါတယ်။

 

#MyanmarLabourNews

Read 747 times
Rate this item
(0 votes)